CB Bank
English
 page   :      1 2    
  
အမှတ်စဉ်(၄၃) အခြေခံဘဏ်လုပ်ငန်း သင်တန်းဆင

သမဝါယမဘဏ် လီမိတက် (အများပိုင်) CB Bank ၏ အခြေခံ ဘဏ်လုပ်ငန်း သင်တန်း အမှတ်စဉ်(၄၃)သင်တန်း ဆင်းပွဲ အခမ်းအနား ကို ယနေ့(၂၄-၁၂-၂၀၀၉)ရက်နေ့ နေ့လည်(၃)နာရီအချိန်တွင် CB Bank ၏ ဘဏ်လုပ်ငန်း သင်တန်းကျောင်း သင်တန်း ခန်းမ တွင် ကျင်းပခဲ့ ပါသည်။ သင်တန်းဆင်းပွဲ တွင် CB Bank ဥက္ကဌ ဦးခင်မောင်အေးမှ သင်တန်းဆင်း အမှာ စကား ပြောကြားပါသည်။ ဆက်လက်၍ ဆုရရှိကြသော သင်တန်းသား(၃)ဦးအား ဥက္ကဌ၊ ဒု ဥက္ကဌ(၃)၊ ဦးဆောင် ညွှန်ကြားရေးမှူး တို့မှ ဆု အသီးသီး ချီးမြှင့်ပြီး သင်တန်းသား/သူများ အားလုံး ကိုယ်စား သင်တန်းသား တစ်ဦးမှ ကျေးဇူးတင် စကားပြော ကြားပါသည်။ ညနေ (၄)နာရီခန့်တွင် အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။ ဤသင်တန်းတွင် သင်တန်းသား(၂၂)ဦး တက်ရောက်ခဲ့ပြီး (၂၆-၁၀-၂၀၀၉)ရက်နေ့ မှ (၂၄-၁၂-၂၀၀၉) ရက်နေ့ အထိ (၂)လကြာ သင်တန်း ပို့ချခဲ့ခြင်း ဖြစ်ပါသည်။ အခြေခံ ဘဏ်လုပ်ငန်းသင်တန်း အမှတ်(၄၄)ကို ဖွင့်လှစ် နိုင်ရန် စီစဉ်လျက် ရှိပါသည်။

အစုရှယ်ယာရှင်များ အစည်းအဝေး၂၀၀၈-၂၀၀၉ကျ&

သမဝါယမဘဏ်လီမိတက် (အများပိုင်)၏ အစု ရှယ်ယာရှင်များ နှစ်ပတ်လည် အထွေထွေ အစည်းအဝေး ကို (၇-၁၂-၂၀၀၉)ရက်နေ့ နံနက်တွင် ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်း ရှိ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပခဲ့ရာ ရှေးဦးစွာ သမဝါယမဘဏ်လီမိတက် နာယက သမဝါယမ ဝန်ကြီး ဌာန၊ ဝန်ကြီး ဗိုလ်ချုပ် တင်ထွဋ် တက်ရောက်၍ အမှာ စကား ပြောကြား ပါသည်။ ဆက်လက်၍ သမဝါယမဘဏ် လီမိတက် ဥက္ကဌ ဦးခင်မောင်အေးက အမှာစကား ပြောကြားပြီး တာဝန် ရှိသူများက ဒါရိုက်တာ အဖွဲ့၏ အစီရင်ခံစာ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေး ရှင်းတမ်းများ ၊ စာရင်းစစ် အစီရင်ခံစာ နှင့် အစုရှယ်ယာ များအပေါ် အမြတ် ခွဲဝေမှု တို့ကို ဖတ်ကြား တင်ပြ၍ အတည် ပြုချက် ရယူကာ ဥက္ကဌ ဦးခင်မောင်အေး ဦးဆောင်သည့် ဒါရိုက်တာ အဖွဲ့သစ်ကို အစုရှယ်ယာရှင်များက ရွေးချယ်တင်မြှောက်ပြီး ဥက္ကဌ ဦးခင်မောင်အေးက နိဂုံးချုပ် အမှာ စကား ပြောကြား ပါသည်။

C B BANK မိသားစု မဟာဘုံကထိန် အလှူတော်

သမဝါယမဘဏ်လီမိတက် CB Bank ()ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ဃန်း ကပ်လှူ ပူဇော်ပွဲ အခမ်းအနားကို CB Bank ဒုတိယဥက္ကဌ()()()၊ ဒါရိုက်တာများ၊ CB Bank ဝန်ထမ်း အကြီးအကဲ များနှင့်ဝန်ထမ်းမိသားစုများက မဟာသုခရာမ စာသင် တိုက်၊ အမှတ်()ရပ်ကွက်၊ ကျောက်ရေတွင်း၊ မရမ်းကုန်းမြို့နယ်တွင် ၂၀၀၉-ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့ နံနက်(၉း၃၀)နာရီ ၌ ကျင်းပခဲ့သည်။

အမှတ်စဉ်(၄၁) သင်တန်းဆင်းပွဲ ကျင်းပခြင်း

သမ၀ါယမဘဏ် လီမိတက် (အများပိုင်) CB Bank ၏ အခြေခံ ဘဏ်လုပ်ငန်း သင်တန်း အမှတ်စဉ် (၄၁)သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ (၂၂-၁၂-၂၀၀၈) ရက်နေ့ နေ့လည် (၃)နာရီအချိန်တွင် CB Bank ၏ ဘဏ်လုပ်ငန်း သင်တန်းကျောင်း သင်တန်းခမ်းမတွင် ကျင်းပခဲ့ပါသည်။ သင်တန်းဆင်း ပွဲတွင် CB Bank  ဒုတိယဥက္ကဌ(၂)မှ အဖွင့် အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ ဆုရရှိကြသော သင်တန်းသား (၄)ဦးအား ဒုတိယဥက္ကဌ(၂)၊ ဒုတိယဥက္ကဌ(၃)နှင့်  ဦးဆောင်ညွှန်ကြားမှူး တို့က ဆုများ အသီးသီး ချီးမြှင့်ပြီး ကျောင်းသားများ အားလုံးကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင် စကားပြောကြား ပါသည်။ ညနေ (၄)နာရီခန့်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

   အခြေခံ ဘဏ်လုပ်ငန်း သင်တန်း အမှတ်စဉ်(၄၁)တွင် သင်တန်းသာ:(၄၉)ဦး တက်ရောက်ခဲ့ပြီး (၂၁-၉-၂၀၀၈) ရက်နေ့မှ (၂၂-၁၂-၂၀၀၈)ရက်နေ့အထိ (၃)လကြာ သင်တန်း ပို့ချခဲ့ခြင်း ဖြစ်ပါသည်။

   အခြေခံဘဏ် လုပ်ငန်း သင်တန်း အမှတ်စဉ်(၄၂)ကို ၅-၁-၂၀၀၉ ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ် လျက်ရှိပါသည်။   အခြေခံဘဏ် လုပ်ငန်း သင်တန်း အမှတ်စဉ်(၄၂)ကို ၅-၁-၂၀၀၉ ရက်နေ့တွင် ဖွင့်လှစ် နိုင်ရန် စီစဉ် လျက်ရှိပါသည်။

အစုရှယ်ယာရှင်များ အစည်းအဝေးကျင်းပခြင်&#

သမ၀ါယမဘဏ် လီမိတက် (အများပိုင်ဘဏ်)၏ အစုရှယ်ယာရှင်မျာ: နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို် (၁၇-၁၂-၂၀၀၈) နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းရှိ ကုန်သည်ကြီး များ ဟိုတယ်တွင် ကျင်းပခဲ့ရာ ရှေးဦးစွာ သမ၀ါယမဘဏ် လီမိတက် နာယက သမ၀ါယမ ၀န်ကြီး ဌာ န ၀န်ကြီး ဗိုလ်ချုပ်တင်ထွတ် တက်ရောက်၍ အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ သဘာပတိ သမ၀ါယမဘဏ် လီမိတက် ဥက္ကဌ ဦးခင်မောင်အေးက အမှာစကား ပြောကြားပြီး တာဝန် ရှိသူများက ဒါရိုက်တာ အဖွဲ့၏ အစီရင်ခံစာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေး ရှင်းတမ်းများ စာရင်းစစ် အစီရင်ခံစာနှင့် အစုရှယ်ယာ များအပေါ် အမြတ် ခွဲဝေမှုတို့ကို ဖတ်ကြားတင်ပြ၍ အတည်ပြုချုက် ရယူကာ ဥက္ကဌ ဦးခင်မောင်အေး ဦးဆောင်သည့် ဒါရိုက်တာ အဖွဲ့သစ်ကို အစုရှယ်ယာရှင်များက ရွေးချယ် တင်မြောက် ကြပြီး ဥက္ကဌ ဦးခင်မောင်အေးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။

Copyright © 2010 CB Bank. All rights reserved.