CB Bank is providing a special service, Cashier’s Cheque to the customers for making payment easily and securely.
၁။ Cashier’s Cheque ဆိုတာဘာလဲ? Cashier Cheque သည် PO နှင့် Certified Cheque များကဲ့သို့ ဘဏ်တွင် ငွေသားပေး၍ ၀ယ်ယူနိုင်သော ချက်လက်မှတ် အမျိုးအစားဖြစ်ပါသည်။ မိမိစာရင်းမှ ခုနှိမ်၍လည်းကောင်း၊ ငွေသားပေးသွင်း၍ လည်းကောင်း ၀ယ်ယူနိုင် ပါသည်။ Cashier Cheque ကို တစ်ဦးချင်းသုံးစွဲရန်အတွက် သော်လည်းကောင်း၊ Corporate Customer များ၏ ငွေပေး ချေမှုများအတွက်သော်လည်းကောင်း သုံးစွဲနိုင်သော ချက်လက်မှတ် အမျိုးအစား ဖြစ်ပါသည်။ Cashier’s Cheque သည် ငွေထုတ်ရန် ငွေလုံလောက်စွာရှိပြီး Cheque Return မဖြစ်နိုင်သည့် အာမခံပြီး ချက်လက်မှတ် ဖြစ်သည်။ ချက်လက်မှတ်တွင်ဖော်ပြထားသော ငွေပမာဏအတိုင်း အတိအကျငွေသား ထုတ်ယူနိုင်သော ချက်လက်မှတ်ဖြစ်သည်။ - Cash Cheque နှင့် Account Payee Cheque ဟူ၍ (၂)မျိုးရှိပါသည်။ ၂။ Bearer cheque နှင့် Cashier’s Cheque ကွာခြားချက်? Bearer Cheque သည် ငွေထုတ်ယူသူအမည်ဖော်ပြထားသော်လည်း ချက်ကိုင်ဆောင်သူမည်သူမဆိုငွေ ထုတ်ယူနိုင်ပြီး စာရင်းပိုင်ရှင်စာရင်းတွင် ငွေလုံလောက်မှုရှိမှသာ ငွေထုတ်ယူနိုင်သော ချက်ဖြစ်သည်။ Cashier’s Cheque သည် ငွေကြိုတင်ထည့်သွင်းဝယ်ယူရသောချက်ဖြစ်ပြီး ဘဏ်မှအာမခံ လက်မှတ် ရေးထိုးထားသောချက်ဖြစ်သောကြောင့် ငွေလုံလောက်စွာရှိကြောင်း အာမခံပြီး ချက်လက်မှတ် ဖြစ်သည်။ Cash Cheque သည် ငွေသားထုတ်ယူနိုင်ခြင်း၊စာရင်းသို့ထည့်သွင်းခြင်း ဆောင်ရွက်နိုင်ပြီး Account Payee Cheque သည် ငွေပေးလိုသောသူ Payee အမည်ကို တိကျစွာ ဖော်ပြရသည် ဖြစ်သောကြောင့် Payee (သို့) ဖော်ပြထားသော Account သို့ ချက်ချင်း စာရင်းပြောင်းနိုင်သော ချက်လက်မှတ်ဖြစ်သည်။ ၃။ Cashier’s Cheque ၀ယ်ယူရန်ဘာတွေလိုအပ်သလဲ? Cashier cheque ၀ယ်ယူသူသည် မိမိ၏ NRC Card ကို ဘဏ်သို့ပြရန်လိုအပ်ပါသည်။ Cashier Cheque ရယူရန်အတွက် မိမိပေးလိုသော ငွေပမာဏ ထည့်သွင်းဖော်ပြရမည်။ Cashier Cheque ၀ယ်ယူရာတွင် မိမိစာရင်းမှ လွှဲပြောင်းနိုင်သကဲ့သို့ စာရင်းမရှိပါက ငွေသားဖြင့် ၀ယ်ယူနိုင်ပါသည်။ Cashier Cheque အတွက် ၀န်ဆောင်ခပေးဆောင်ရမည်။ မိမိဖော်ပြထားသည့်အတိုင်း Cashier Cheque ပေါ်တွင် Bank အရာရှိမှ Payee အမည်နှင့် ငွေပမာဏ ရိုက် နှိပ်ပြီး လက်မှတ်ရေးထိုးပါမည်။ မိမိကိုယ်တိုင် မှန်ကန်မှုရှိ/မရှိ စစ်ဆေးရန် လိုအပ်ပါသည်။ ၄။ Cashier’s Cheque ၀ယ်ယူခြင်းအတွက် ၀ယ်ယူသူအတွက် အထောက်အထားဘယ်လိုရနိုင်မလဲ? ၀ယ်ယူခြင်းအတွက် Cashier cheque နှင့်အတူ ဘဏ်မှ receipt ထုတ်ပေးပါမည်။ Cheque ၀ယ်ယူသူသည် Cheque မှ ငွေသားထုတ်ယူသွားသည်အထိ ထိန်းသိမ်းထားရန်လိုပါသည်။ ၅။ Cashier’s Cheque သက်တမ်းဘယ်လောက်ပါလဲ? သက်တမ်းတိုးနိုင်ပါသလား? Cashier Cheque ၏သက်တမ်းမှာ (၆)လဖြစ်ပါသည်။ သက်တမ်းကျော်လွန်ခြင်းအတွက် အသစ်သက်တမ်းတိုးခြင်း ဆောင်ရွက်ပေးနိုင်ပါသည်။ သက်တမ်းတိုးခြင်း၊ ဆောင်ရွက်သူသည် ကနဦးဝယ်ယူသူ (သို့) စာရင်းပိုင်ရှင် ကိုယ်တိုင်သာ ဆောင်ရွက် နိုင်ပါသည်။ ချက်လက်မှတ်သက်တမ်းတိုးခြင်းအတွက် ၀န်ဆောင်ခကောက်ခံပါမည်။ ၆။ Cashier’s Cheque ၀န်ဆောင်ခ ဘယ်လိုယူပါသလဲ? ချက်လက်မှတ်တစ်စောင်လျှင်ဝန်ဆောင်ခ - (၅၀၀) ကျပ် နယ်မြေတူငွေထုတ်ယူမှုများအတွက် အခမဲ့ထုတ်ယူနိုင်သော်လည်း နယ်ကျော်ငွေထုတ်ယူမှုများအတွက် ပြည်တွင်းငွေလွှဲဝန်ဆောင်ခများအတိုင်းကောက်ခံရပါမည်။ ၇။ ၀ယ်ယူငွေပမာဏ ကန်သတ်ထားပါသလား? အနည်းဆုံးကျပ် (၁၀၀၀၀) မှ အများဆုံး ကျပ်သိန်း(၅၀)ထိ ၀ယ်ယူနိုင်ပါသည်။