• Business Banking
  • Accounts
  • Fixed Deposit Account

အချိန်ပိုင်းအပ်ငွေစာရင်း ( Fixed Deposit Account )

  • ၁လ၊ ၃လ၊ ၆လ၊ ၉လ၊ ၁နှစ်၊ ၁နှစ်နှင့် အထက်အပ်နှံနိုင်ပါသည်။
  • အတိုးနှုန်း - ၁ လ - ၈.၅% ၊ ၃ လ - ၉.၂၅% ၊ ၆ လ - ၉.၅၀% ၊ ၉ လ - ၉.၇၅% ၁ နှစ် နှင့်အထက် - ၁၀%
  • ဘဏ်ဝန်ဆောင်ခ မကောက်ခံပါ။

Download Flyer

File Type: PDF


၁။ စာရင်းဖွင့်ခြင်း

၁-၁ တစ်ဦးတည်းဖြစ်စေ၊ တစ်ဦးထက်ပိုသော တွဲဖက်စာရင်းဖြစ်စေ၊ အဖွဲ့အစည်းအမျိုးမျိုးဖြစ်စေ စာရင်းဖွင့်နိုင်ပါသည်။

  • (က) လူပုဂ္ဂိုလ်တစ်ဦးချင်းစာရင်းဖွင့်ခြင်း
  • (ခ) နှစ်ဦးတွဲဖက်စာရင်း
  • (ဂ) နှစ်ဦးထက်ပိုသောတွဲဖက်စာရင်း
  • (ဃ) အလုပ်တိုက်၊ အစုစပ်လုပ်ငန်း၊ ကုမ္ပဏီလီမိတက်၊ သမ၀ါယမအသင်း၊ ငွေစုငွေချေးနှင့်ငွေကြေးအဖွဲ့အစည်း၊ ဌာနဆိုင်ရာဝန်ထမ်းရန်ပုံငွေအဖွဲ့၊ သာရေးနာရေးအသင်းအဖွဲ့၊ ယုံမှတ်အပ်နှံငွေ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းစာရင်း။

၁-၂ လူပုဂ္ဂိုလ်အမည်စာရင်းအတွက် စာရင်းဖွင့်လိုသူကိုယ်တိုင် ဘဏ်သို့လာရောက်ရပါမည်။ နိုင်ငံသားစီစစ်ရေးကဒ်ပြား ယူဆောင်လာရပါမည်။

၁-၃ ကုမ္ပဏီအဖွဲ့အစည်းများအတွက် သင်းဖွဲ့စည်းမျဉ်း၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ လုပ်ငန်းအမျိုးအစားလိုင်စင်များနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့အမည်စာရင်း၊ စာရင်းဖွင့်ရန် ဒါရိုက်တာအဖွဲ့အစည်းဝေးမှတ်တမ်းနှင့် ဆုံးဖြတ်ချက်များ၊ ကုမ္ပဏီအဖွဲ့အစည်း၏ ကိုယ်စားငွေသွင်း၊ငွေထုတ်ပြုလုပ်မည့် ပုဂ္ဂိုလ်များအမည်စာရင်းနှင့် လက်မှတ်နမူနာများ၊ ရုံးတံဆိပ်တုံးများကို ယူဆောင်လာရပါမည်။

၁-၄ စာရင်းပိုင်ရှင်၏လိပ်စာ၊ ဖုန်းနံပါတ် စသည်တို့ပြောင်းလဲမှုရှိတိုင်း ဘဏ်သို့အကြောင်းကြားရပါမည်။

၁-၅ အချိန်ပိုင်းအပ်ငွေစာရင်းသို့ ငွေကျပ်သိန်းဂဏန်းအလီလီဖြင့် ပမာဏနှင့်အကြိမ် အကန့်အသတ်မရှိ အပ်နှံနိုင်ပါသည်။

၂။ အချိန်ပိုင်းအပ်ငွေအမျိုးအစား

  • ၂-၁ အချိန်ပိုင်းအပ်ငွေလက်မှတ်များကို (၁)လ၊ (၃)လ၊ (၆)လ၊ (၉)လ၊ (၁)နှစ် နှင့်အထက်ဟူ၍ အမျိုးအစားခွဲခြားထားပါသည်။
  • ၂-၂ နှစ်သက်ရာအမျိုးအစားကို ရွေးချယ်အပ်နှံနိုင်ပါသည်။
  • ၂-၃ အပ်နှံသူ(များ)၏အမည်ဖြင့် အချိန်ပိုင်းအပ်ငွေလက်မှတ်ကို ထုတ်ပေးပါမည်။
  • ၂-၄ အချိန်ပိုင်းအပ်ငွေလက်မှတ်ကို လွှဲပြောင်းခွင့်မရှိပါ။ ကိုယ်စားထုတ်ယူခွင့်မရှိပါ။
  • ၂-၅ ငွေပြန်လည်ထုတ်ယူလျှင် လက်မှတ်နောက်ကျောဖက်တွင် လက်မှတ်ရေးထိုး၍ ဘဏ်သို့တင်ပြရပါမည်။
  • ၂-၆ လက်မှတ်ပျောက်ဆုံး / ပျက်စီးပါက ဘဏ်သို့စာဖြင့်အကြောင်းကြားပြီး (Indemnity Bond) ၀န်ခံစာချုပ် ချုပ်ဆို၍ မိတ္တူထုတ်ယူနိုင်ပါသည်။
  • ၂-၇ မိတ္တူထုတ်ပေးခြင်းအတွက် ဘဏ်က၀န်ဆောင်ခ ကျပ်(၁၀၀၀)ကောက်ခံပါမည်။

၃။ အတိုးခံစားခွင့်

  • ၃-၁ အပ်နှံသောအချိန်ကာလစေ့ရောက်တိုင်း အတိုးတွက်ပေးပါသည်။
  • ၃-၂ မူလအပ်နှံသော အချိန်ကာလအပိုင်းအခြားနှင့် အကျူံးဝင်သည့်အတိုးနှုန်း (အသီးသီး)ဖြင့် တွက်ပေးပါမည်။
  • ၃-၃ လက်ရှိအတိုးနှုန်းမှာ ၁ လ - ၈.၅% ၊ ၃ လ - ၉.၂၅% ၊ ၆ လ - ၉.၅၀% ၊ ၉ လ - ၉.၇၅%၊ တစ်နှစ်နှင့်အထက် ၁၀% ဖြစ်ပါသည်။
  • ၃-၄ မူလသက်တမ်းကျော်လွန်သော အပ်ငွေများအတွက် ကျော်လွန်သောကာလကို အတိုးငွေပေးမည်မဟုတ်ပါ။
  • ၃-၅ သက်တမ်းမပြည့်မှီ အပ်ငွေပြန်လည်ထုတ်ယူပါက အတိုးခံစားခွင့်မရှိပါ။
  • ၃-၆ အတိုးနှုန်းကို ဘဏ်ကအခါအားလျှော်စွာ ပြင်ဆင်သတ်မှတ်နိုင်ခွင့်ရှိပါသည်။

၎။ အထူးလျှို့ဝှက်ခြင်း

အချိန်ပိုင်းအပ်ငွေအပ်နှံခြင်းအတွက် အပ်နှံသူနှင့်သက်ဆိုင်သော အချက် အလက်အားလုံးကို ဘဏ်ကအထူးလျှို့ဝှက်ထားပါသည်။ ဘဏ်အမှုထမ်း တိုင်းကလည်း အလုပ်ခန့်ထားစဉ်ကပင် လျှို့ဝှက်ချက်များ ထိန်းသိမ်းရေး ဆိုင်ရာသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ၀န်ခံချက်လက်မှတ် ရေးထိုးထားပြီးဖြစ်ပါသည်။

၅။ စာရင်းထိန်းသိမ်းခ

အချိန်ပိုင်းအပ်ငွေစာရင်းများအတွက် စာရင်းထိန်းထိမ်းခ လုံးဝမယူပါ။

၆။ စာရင်းပိုင်ရှင်ကွယ်လွန်ခြင်း

  • (က) စာရင်းပိုင်ရှင်ကွယ်လွန်လျှင် အမွေစားအမွေခံများ၊ (သို့မဟုတ်) တရားဝင်အမွေဆက်ခံခွင့်ရသူကို ငွေထုတ်ပေးပါမည်။ အမည်လွှဲပြောင်းအပ်နှံလိုပါက အပ်နှံနိုင်ပါသည်။
  • (ခ) တစ်ဦးထက်ပိုသော တွဲဖက်စာရင်းများမှ တစ်ဦးဦးကွယ်လွန်လျှင် ကျန်အမည်ပါသူများသို့ ငွေထုတ်ပေးပါမည်။ ဆက်လက်အပ်နှံထားလိုပါက အမည်ဖြည့်စွက်ပြင်ဆင်ပြီး အပ်ငွေလက်မှတ်အသစ် ထုတ်ပေးပါမည်။
  • (ဂ) အဖွဲ့အစည်း / အသင်း / ကုမ္ပဏီစာရင်းအတွက် ငွေသွင်းငွေထုတ်လုပ်ခွင့်ရှိသူ တစ်ဦးဦးကွယ်လွန်ပါက ၄င်း၏ရာထူးကို ဆက်ခံသူကဆက်လက်တာဝန်ယူ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက် / အမိန့်စာတို့ကို ဘဏ်သို့ပေးပို့၍ လက်မှတ်နမူနာပေးထားရပါမည်။

၇။ စည်းမျဉ်းကိုပြင်ဆင်ခြင်း

သမ၀ါယမဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့သည် ဤအချိန်ပိုင်းအပ်ငွေစာရင်း စည်းမျဉ်းများကို အခါအားလျော်စွာ ဖြည့်စွက် / နှုတ်ပယ် / ပြင်ဆင်ခွင့်ရှိသည်။ ပြင်ဆင်ချက်ကို တစ်ဦးချင်းသို့ သီးခြားအသိပေးအကြောင်းကြားမည်မဟုတ်ဘဲ သတင်းစာတွင်ဖြစ်စေ၊ ဘဏ်ကြေငြာသင်ပုန်းတွင် ကပ်ထား၍ဖြစ်စေ အသိပေးမည်ဖြစ်ပါသည်။