• Business Banking
  • Loans

SME

CB ဘဏ် မှ အသေးစား နှင့် အလတ်စား လုပ်ငန်းရှင်များ လုပ်ငန်းပိုမို
ဖွံ့ဖြိုးတိုးတက်ရန် နှင့် မြန်မာနိုင်ငံ SME လုပ်ငန်းတိုးတက်စေရန် ရည်
ရွယ်၍ ချေးငွေအမျိုးအစား အမျိုးမျိုးဖြင့် ချေးငွေထုတ် ပေးလျက်ရှိပါသည်။

စာရင်းပိုထုတ်ချေးငွေ (Overdrafts)

ဘဏ်ကခွင့်ပြုထားသည့် ချေးငွေပမာဏကို ဖောက်သည်၏ စာရင်းရှင်အပ်ငွေစာရင်းရှိ ငွေပမာဏထက် စာရင်းပိုထုတ်ယူနိုင်ရန် ခွင့်ပြုထားသည့် ချေးငွေအမျိုးအစား ဖြစ်ပါသည်။


ချိုသာချေးငွေ (Economy Financing)

စီးပွားရေးလုပ်ငန်းရှင်များ၏ ငွေကြေးလည်ပတ်မှု ကောင်းမွန် သွက်လက်စေရေးအတွက် ဖြည့်ဆည်းပေးသည့်ချေးငွေ အမျိုးအစားဖြစ်ပါသည်။

ရွှေနှင့်ရွှေထည်ပစ္စည်း အာမခံချေးငွေ (Gold Financing)

ဘဏ်၏ ဖောက်သည်က ပိုင်ဆိုင်သော ရွှေထည်ပစ္စည်းများကို အာမခံထားရှိပြီး လိုအပ်သောငွေကြေး အရင်းအနှီးအတွက် ချေးငွေရယူနိုင်ပါသည်။


ကုန်စည်အာမခံချေးငွေ(Pledge)

ပြည်ပပို့ကုန်လုပ်ငန်းရှင်များအတွက် လယ်ယာထွက်ကုန် သီးနှံများအား ဘဏ်သို့လက်ရောက် အပေါင်အဖြစ် ပေးအပ်၍ ချေးငွေရယူနိုင်ပါသည်။

ကုန်သွယ်မှု ငွေကြေးအထောက်အပံ့(Trade Facility)

ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်နေသော သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းရှင်ဖောက်သည်များအတွက် ငွေကြေး အထောက်အပံ့ပေးခြင်းဖြစ်ပါသည်။


သာမာန်ချေးငွေ (Loans)

ကာလသတ်မှတ်ချက်ဖြင့် အကျိုးအမြတ်ရရှိနိုင်သော စီမံကိန်း / စီမံချက်လုပ်ငန်းများအတွက် ဆောင်ရွက်သင့်သည့် ချေးငွေ အမျိုးအစားဖြစ်ပါသည်။



Find Us