• Business Banking
  • arrow
  • Trade Services
  • arrow
  • International Trade Services

International Trade Services

  • CB Bank သည် ပြည်ပနိုင်ငံများသို့ ပြည်တွင်း သွင်း/ ထုတ်ကုန်ပစ္စည်းများ တင်ပို့ရောင်းချသော Exporter / Importer များအတွက် အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။



Download Flyer

File Type: PDF




ပုံစံ-အေ


ရည်ရွယ်ချက်။ ယခုပုံစံတွင် စာမျက်နှာ (၂) ခုပါရှိပါသည်။ ၄င်းပုံစံကို ကုန်သွယ်မှု
မဟုတ်သည့်ကိစ္စ အတွက် အသုံးပြုပါသည်။ ဘဏ်သို့တင်ပြရမည့် အချက်မှာ
မူရင်းတစ်ခုကို တင်ပြရန်ဖြစ်ပါသည်။



Irrevocable Documentary ချေးငွေအတွက်
လျှောက်လွှာပုံစံ


ရည်ရွယ်ချက်။ ယခုပုံစံကို ချေးငွေခွင့်ပြုရန် ခွင့်ပြုမိန့်စာရရှိရန်အတွက်
လိုအပ်ပါသည်။

ဘဏ်သို့တင်ပြရမည့် အချက်မှာ မူရင်းတစ်ခုကိုတင်ပြရန်ဖြစ်ပါသည်။
( တံဆိပ်ခေါင်း ၂၀၀ ကပ်ထားရမည်။) တာဝန်ခံမှ လက်မှတ်ရေးထိုးပြီးသား
ဖြစ်ရမည်။ မိတ္တူတစ်စုံကိုပေးရမည်။












ပုံစံ-သက


ရည်ရွယ်ချက်။ ယခုပုံစံတွင် စာမျက်နှာ (၂) ခုပါရှိပါသည်။ ၄င်းပုံစံကို သွင်းကုန်
ကိစ္စအတွက် ကုန်သွယ်မှုတွင် ငွေပေးချေရာတွင် အသုံးပြုပါသည်။

ဘဏ်သို့တင်ပြရမည့် အချက်မှာ မူရင်းတစ်ခုကိုတင်ပြရန်ဖြစ်ပါသည်။


ပုံစံ-အီး


ရည်ရွယ်ချက်။ ယခုပုံစံတွင် စာမျက်နှာ (၄) ခုပါရှိပါသည်။ ၄င်းပုံစံကို ပို့ကုန်
ကိစ္စအတွက် လျှောက်လွှာတင်ရာ အသုံးပြုပါသည်။


ဘဏ်သို့တင်ပြရမည့် အချက်မှာ မူရင်းတစ်ခုကိုတင်ပြရန်ဖြစ်ပါသည်။


Service Level Agreement


ရည်ရွယ်ချက်။ ယခုပုံစံတွင် စာမျက်နှာ (၇) ခုပါရှိပါသည်။

File Type: PDF



We are your direct trade gateway to Europe together with Commerz Bank.

CB Bank မှ ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင် များအတွက် သင်္ဘော မတင်မှီ နှင့် သင်္ဘောတင်ပြီး ကာလများတွင် ဘဏ်မှ လိုအပ်သောထောက်ပံ့မှုများအား အောက်ပါကုန်သွယ်မှု လုပ်ငန်းများပေါ်တွင် လျင်မြန်စွာ ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။

  • ငွေလွှဲစာတမ်းဖြင့် ပြုလုပ်ထားသော ကုန်တင်ပို့သည့် စာရွက်စာတမ်း အထောက်အထားပေါ်တွင် ငွေကြိုတင် ထုတ်ပေးခြင်း။
  • ကောက်ခံရေးစနစ် (DA/DP) ဖြင့် ကုန်ပစ္စည်းတင်ပို့သော စာရွက်စာတမ်း များအားဝယ်ယူခြင်း။
  • သင်္ဘောမတင်မီ ကုန်ပစ္စည်း ၀ယ်ယူထုတ်လုပ်ရန် ကြိုတင်ငွေ ထုတ်ချေးခြင်း။
  • ကုန်တန်ဘိုး ငွေတောင်းခံလွှာပေါ်တွင် (ကုန်ရောင်းခြင်း/ကုန်ဝယ်ခြင်း) များအတွက် ချေးငွေထုတ်ပေးခြင်း။
  • ကုန်ရောင်းသူမှ လက်ခံရရှိသော ငွေလွှဲစာတမ်း ပေါ်တွင် အခြေခံ၍ အမျိုးအစားတူ ကုန်ဝယ် ငွေလွှဲစာတမ်း အား ပြန်လည် ဖွင့်လှစ်ပေးခြင်း။
  • လွဲပြောင်းနိုင်သော ငွေလွှဲစာတမ်း ဖွင့်လှစ်ခြင်း။
  • ပြည်တွင်း ငွေလွှဲစာတမ်း ဖွင့်လှစ်ခြင်း / ယုံကြည်မှုဖြင့် ၀ယ်ယူထားသောကုန်ပစ္စည်းအား ထုတ်ပေး၍ ယာယီ ချေးငွေဖြင့် ငွေပေးချေခြင်း။
  • ကုန်ရောင်းသူ၏ ငွေပေးချေမှု အကြွေး စနစ်ပေါ်တွင် ငွေလက်ငင်း ရရှိရန် ကြားခံဘဏ်များမှ ချေးငွေ ထုတ်ပေးခြင်း။
***ဆက်သွယ်ရန်ဖုန်းနံပါတ်: 01-378644, 01-260891, 09261997208***

Email : ,

Export

CB Bank သည် ပြည်ပနိုင်ငံများသို့ ပြည်တွင်း ထွက်ကုန်/ထုတ်ကုန် ပစ္စည်းများတင်ပို့ရောင်းချသော Exporter များအတွက်အောက်ပါ ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

(က) ပို့ကုန်ကြိုတင်ရငွေများဝန်ဆောင်မှု
      ပို့ကုန်ကြိုတင်ငွေပေးချေ စနစ်အရ ကြိုတင်ရရှိငွေများအား သက်ဆိုင်ရာကုန်ရောင်းသူများ၏ ကုမ္ပဏီစာရင်းသို့ထည့်သွင်းပေးခြင်းကိုဆောင်ရွက်ပေးပါသည်။

    လိုအပ်သောစာရွက်စာတမ်းအထောက်အထားများ
        - ပို့ကုန်ကြိုတင်ရငွေအား ကုမ္ပဏီစာရင်းသို့ထည့်သွင်းပေးရန် လျှောက်လွှာ
        - ပို့ကုန်လိုင်စင် (လိုင်စင်လိုအပ်သောပစ္စည်းဖြစ်ပါက)
        - ပို့ကုန်အရောင်း/အ၀ယ်သဘောတူညီချက် အထောက်အထား
        - ပို့ကုန်ကြေညာလွှာ
FAQ

(၁) မေး : မည်သည့်ငွေကြေးအမျိုးအစားဖြင့် နိုင်ငံခြားငွေလွှဲအား ပြုလုပ်နိုင်ပါသနည်း။
ဖြေ : ပို့ကုန်ငွေလွှဲအတွက် ပြုလုပ်နိုင်သော ငွေကြေးအမျိုးအစားမှာ အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်းနှင့် စကာင်္ပူဒေါ်လာတို့  ဖြစ်ပါသည်။

(၂) မေး : Exporter မှဝင်ရောက်လာသော ပို့ကုန်ငွေကြေးအား ၄င်း၏ A/C ထဲသို့ ထည့်ရန် မည်သည့်အချိန်တွင် ညွှန်ကြားနိုင်ပါသနည်း။
ဖြေ : ယေဘူယျအားဖြင့် ဘဏ်မှငွေလွှဲကြောင်း အကြောင်းကြားသည့် အချိန်မှစ၍နေ့ချင်း A/C ထဲသို့ ငွေထည့်ရန် ညွှန်ကြားချက် ပေးပို့နိုင်ပါသည်။

(၃) မေး : မည်သည့်အချိန်တွင် Export ငွေအား လက်ခံရရှိမည်နည်း။
ဖြေ : ဘဏ်လုပ်ငန်းချိန် မပြီးဆုံးမှီ Exporter ၏ ညွှန်ကြားစာလက်ခံရရှိလျှင် ဘဏ်မှနေ့ချင်း ငွေထည့်ပေး ပါသည်။ ပို့ကုန်ငွေ ရရှိမှု အခြေအနေမှာ ငွေလွှဲသူနှင့် ငွေလွှဲသူ၏ဘဏ်ပေါ်တွင် မူတည်ပါသည်။

(ခ) ပို့ကုန်ငွေလွဲစာတမ်းဝန်ဆောင်မှု
    - ကုန်ဝယ်သူထံမှပေးပို့သော ပို့ကုန်ငွေလွှဲစာတမ်းအား Customer ထံသို့အကြောင်းကြားပေးခြင်း။
    - ပို့ကုန်ငွေလွှဲစာတမ်းအတည်ပြုပေးခြင်း။
    - ပို့ကုန်ငွေလွှဲစာတမ်းပြင်ဆင်ခြင်း။
    - ပို့ကုန်ငွေလွှဲစာတမ်းဖျက်သိမ်းခြင်း။
    - ပို့ကုန်ငွေလွှဲစာတမ်းအတွက် တင်ပြလာသော သဘောင်္တင် စာရွက်စာတမ်းများအား စစ်ဆေး၍ ပို့ကုန်ရငွေအား တောင်းခံပေးခြင်း။

    လိုအပ်သောစာရွက်စာတမ်းအထောက်အထားများ
    - ပို့ကုန်လိုင်စင် (လိုင်စင်လိုအပ်သောပစ္စည်းဖြစ်ပါက)
    - ပို့ကုန်ကြေညာလွှာ
    - သင်္ဘောတင် စာရွက်စာတမ်းများ
    - ပို့ကုန်ရငွေအား ကုမ္ပဏီစာရင်းသို့ထည့်သွင်းပေးရန် လျှောက်လွှာ

(ဂ) ပို့ကုန်ရငွေအားကောက်ခံပေးခြင်း

    LC Term နှင့်မညီသော Export Bill များအား ကောက်ခံပေးရေးစနစ်ဖြင့် ရောင်းသူ၏ ကုန်ပစ္စည်းတန်ဖိုးရရှိငွေအား ၀န်ဆောင်ပေးခြင်း။


(ဃ) ပို့ကုန်ရငွေအားကောက်ခံပေးခြင်း

    သင်္ဘောတင် စာရွက်စာတမ်းဖြင့် ကုန်ရောင်းသူမှ ဘဏ်သို့ တင်ပြပြီး ကုန်ပစ္စည်းတန်ဖိုး ကောက်ခံပေးရန် တောင်းခံချက်အား ဘဏ်မှကောက်ခံပေးခြင်း။
    လိုအပ်သောစာရွက်စာတမ်းအထောက်အထားများ
    - ပို့ကုန်လိုင်စင် (လိုင်စင်လိုအပ်သောပစ္စည်းဖြစ်ပါက)
    - ပို့ကုန်ကြေညာလွှာ
    - သင်္ဘောတင် စာရွက်စာတမ်းများ
    - ပို့ကုန်အတွက် ကောက်ခံရငွေအား ကုမ္ပဏီစာရင်းသို့ထည့်သွင်းပေးရန် လျှောက်လွှာ

FAQ
(၁) မေး : ပို့ကုန်ကောက်ခံရေးစနစ်ကို ဘယ်လိုဆောင်ရွက်နိုင်ပါသလဲ?
ဖြေ : ပို့ကုန်ကောက်ခံရေးစနစ်ဖြင့် Document Against Payment နှင့် Document Against Acceptance (၂) မျိုးအတွက် ကုမ္ပဏီ၏ လျှောက်လွှာပေါ်တွင် ကုမ္ပဏီ၏ လက်မှတ်ရေးထိုးခွင့်ရှိသူမှ တံဆိပ်တုံးဖြင့် လက်မှတ်ရေးထိုးပြီး သင်္ဘောတင်စာရွက်စာတမ်းအထောက်အထားများဖြင့် ပူးတွဲတင်ပြရပါမည်။

Payment of Export Proceed

ပို့ကုန်ရငွေအား သက်ဆိုင်ရာ ကုန်ရောင်းသူများ၏ ကုမ္ပဏီစာရင်းဆိုင်ရာ ကုန်ရောင်းသူများ၏ ကုမ္ပဏီစာရင်းသို့ထည့်သွင်းပေးခြင်းကိုဆောင်ရွက်ပေးပါသည်။

Export Financing

သဘောင်္မတင်မီချေးငွေထုတ်ယူခြင်း

၁။ သဘောင်္မတင်မီ ကုန်ပစ္စည်းဝယ်ယူထုတ်လုပ်ရန် ကြိုတင်ငွေထုတ်ယူခြင်း

သဘောင်္မတင်မီ ကုန်ပစ္စည်းဝယ်ယူထုတ်လုပ်ရန် ကြိုတင်ငွေထုတ်ယူခြင်း၊ ပို့ကုန်ထုတ်လုပ်မှုအဆင့်နှင့် သင်္ဘောတင်ရန်အတွက် ကုန်တန်ဘိုးငွေအား ကြိုတင်ချေးငွေထုတ်ပေးခြင်းဖြစ်သည်။

  လုပ်ငန်းလမ်းညွှန်

    (၁) ကုန်ဝယ်သူများ၏ ဘဏ်မှငွေလွှဲစာတမ်းပေးပို့ခြင်း။
    (၂) CB Bank မှရရှိလာသော ငွေလွှဲစာတမ်းအား ကုန်ရောင်းသူထံသို့  အကြောင်းကြားခြင်း။
    (၃) ကုန်ရောင်းသူမှ ချေးငွေ လျှောက်ထားခြင်း။
    (၄) CB Bank မှ ကုန်ရောင်းသူအား ချေးငွေထုတ်ပေးခြင်း။
    (၅) ကုန်ရောင်းသူမှ ပစ္စည်းထုတ်ယူခြင်း နှင့် ကုန်ပစ္စည်းပေးပို့ခြင်း။
    (၆) ကုန်ရောင်းသူမှ CB Bank သို့ ကုန်တင်ပို့သော စာရွက်စာတမ်း အထောက်အထားများအား တင်ပြခြင်း။
    (၇) ကုန်ဝယ်သူ၏ ဘဏ်သို့ စာရွက်စာတမ်းအထောက်အထားများကို CB Bank မှ ပေးပို့ခြင်း။
    (၈) ကုန်ဝယ်သူမှ ငွေပြန်လည်ပေးချေခြင်း။


  သင့်လုပ်ငန်းအတွက် အကျိုးအမြတ်

    (၁) ပို့ကုန်ထုတ်လုပ်မှုအဆင့် နှင့် သင်္ဘောတင်ရန်အတွက် ကုန်တန်ဘိုးငွေအား အထောက်အပံ့ပေးခြင်း။
    (၂) ချေးငွေဖြင့် လုပ်ငန်းပိုမိုလည်ပတ်နိုင်ရန်အတွက် အခွင့်အလမ်းပိုမို ရရှိခြင်း။
    (၃) ကုန်ဝယ်သူများအားလည်း ပြန်လည်ပေးဆပ်ရမည့်ကာလ ပိုမိုထားရှိနိုင်ခြင်း။


  ဝန်ဆောင်မှုနှုန်းထား
  • ဝန်ဆောင်ခနှုန်းထားများကို သီးခြားအကြောင်းကြားပေးပါမည်။

  လျှောက်လွှာလက်ခံချိန်
  • လျှောက်လွှာကို တနင်္လာနေ့ မှ သောကြာနေ့အတွင်း ညနေ (၄) နာရီနောက်ဆုံးထား တင်သွင်းရမည်။ CB Bank သို့တင်ပြလာသော စာရွက်စာတမ်း မှန်ကန်၍ ကြိုတင်ရရှိထားသော ချေးငွေပေါ်တွင် ဘဏ်မှ နောက်၃ရက်အတွင်း ငွေထုတ်ပေးမည်ဖြစ်သည်။

FAQ

(၁) မေး : မည်ကဲ့သို့သော Customer မျိုးကို Trade Facility ပေးနိုင်မှာမည်နည်း။
ဖြေ : CB Bank ၏ Credit rating ကောင်းသော Customer များကိုသာ Trade Facility ပေးပါမည်။

(၂) မေး : Pre Shipment Financing (Pre Export Packing Loan) ကို မည်သည့်လုပ်ငန်းမျိုးဆောင်ရွက် သည့်လုပ်ငန်းရှင်မျိုးကို ပေးမည်နည်း။
ဖြေ : Corporate Banking & Enterprise banking မှ Credit rating ကောင်းသော Customer များကို Trade Facility ပေးပါမည်။

(၃) မေး : မည်သည့် အာမခံပစ္စည်းအမျိုးအစားကို လက်ခံပါမည်နည်း။
ဖြေ : Colletral အနေဖြင့် Land and Building (သို့မဟုတ်) Original LC ကိုယူပါမည်။

(၄) မေး : လျှောက်ထားသည့်ကာလသည် မည်မျှကြာမြင့်ပါမည်နည်း။
ဖြေ : Expoter မှ တင်ပြသည့် အချက်အလက်များပြည့်စုံပါက လျှောက်လွှာတင်ပြီး (၅)ရက်အတွင်း Packing Loan ကိုရရှိအောင် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်ပါသည်။

သင်္ဘောတင်ပြီးချေးငွေထုတ်ယူခြင်း

(၁) ကုန်တန်ဘိုးငွေတောင်းခံလွှာပေါ်တွင် ချေးငွေထုတ်ပေးခြင်း
  • ချက်ချင်းငွေပေးချေသောစနစ် ငွေလွှဲစာတမ်း အသုံးပြုထားသော ကုန်ရောင်းသူမှ ကုန်တင်ပို့သောစာရွက်စာတမ်း အထောက်အထားများမှ ကုန်တန်ဘိုးငွေတောင်းခံလွှာပေါ်တွင် ဘဏ်မှ ချေးငွေထုတ်ပေးနိုင်သည်။
  လုပ်ငန်းလမ်းညွှန်

    (၁) ကုန်ရောင်းသူမှ ကုန်ပစ္စည်းတင်ပို့ခြင်း။
    (၂) CB Bank သို့ ကုန်တင်ပို့သော စာရွက်စာတမ်းများမှ ငွေတောင်းခံလွှာပေါ်တွင် ချေးငွေထုတ်ပေးရန် တင်ပြခြင်း။
    (၃) ကုန်တင်ပို့ထားသော စာရွက်စာတမ်းများ လက်ခံရရှိမှု အပေါ်တွင် CB Bank မှ with recourse basis ဖြင့် ငွေကြိုတင်ထုတ်ပေးခြင်း။
    (၄) ကုန်ဝယ်သူထံမှ ငွေပေးချေပြီးနောက် CB Bank သို့ ငွေပြန်လည်ပေးဆပ်ခြင်း။


(၂) ကုန်တင်ပို့သော စာရွက်စာတမ်း အထောက်အထားများ ဝယ်ယူခြင်း
  • ကုန်ရောင်းသူအတွက် အချိန်တို ကာလချေးငွေ ရရှိနိုင်ခြင်းဖြစ်သည်။ ကုန်ရောင်းသူမှ ရောင်းချထားသော ကုန်တင်ပို့သောစာရွက်စာတမ်း အထောက်အထားပေါ်တွင် CB Bank မှ ငွေကြိုတင်ထုတ်ပေးနိုင်သည်။
  လုပ်ငန်းလမ်းညွှန်

    (၁) ကုန်ဝယ်သူသည် သူ၏ ဘဏ်မှတဆင့် သင့်ထံသို့ LC ပေးပို့ခြင်း။
    (၂) CB Bank မှ ငွေလွှဲစာတမ်းလက်ခံရရှိခြင်း။
    (၃) ကုန်ရောင်းသူမှ ကုန်ဝယ်သူထံသို့ LC ပါ အချက်အလက်များအရ ပစ္စည်းများပေးပို့ခြင်း။
    (၄) ကုန်ရောင်းသူမှ ငွေလွှဲစာတမ်းပါ အချက်အလက်များနှင့် ကိုက်ညီသော ကုန်တင်ပို့ထားသော စာရွက်စာတမ်းနှင့် အတူ CB Bank သို့ ကြိုတင်ငွေပေးရန် လျှောက်ထားခြင်း။
    (၅) CB Bank မှ with recourse basis ဖြင့် ကြိုတင်ငွေထုတ်ပေးခြင်း။
    (၆) ကုန်ဝယ်သူ၏ ဘဏ်မှ CB Bank သို့ပေးချေရမည့် အချိန်တွင် ငွေပြန်လည်ပေးပို့ခြင်း။


(၃) DP ( Document against Payment ) စနစ်ဖြင့် ကုန်ပစ္စည်းတင်ပို့သော စာရွက်စာတမ်းများဝယ်ယူခြင်း

  လုပ်ငန်းလမ်းညွှန်

    (၁) ကုန်ရောင်းသူမှ ကုန်ဝယ်သူထံသို့ ပစ္စည်းများ ပေးပို့ခြင်း။
    (၂) ကုန်ရောင်းသူမှ ကုန်တင်ပို့ထားသော စာရွက်စာတမ်း နှင့်အတူ CB Bank သို့ ငွေကောက်ခံပေးရန် လျှောက်ထားခြင်း။
    (၃) CB Bank မှ ကုန်ရောင်းသူမှကုန်တင်ပို့ထားသော စာရွက်စာတမ်းအား ဝယ်ယူခြင်း။
    (၄) ကုန်ဝယ်သူ၏ ဘဏ်သို့ CB Bank မှ ကုန်တင်ပို့ထားသောစာရွက်စာတမ်းအား ပေးပို့ခြင်း။
    (၅) ကုန်ဝယ်သူမှ CB Bank သို့ ငွေပြန်လည်ပေးခြင်း။
    (၆) ကုန်ဝယ်သူထံသို့ သူ၏ဘဏ်မှ စာရွက်စာတမ်းအား ထုတ်ပေးခြင်း။


  သင့်လုပ်ငန်းအတွက် အကျိုးအမြတ်

    (၁) ကုန်ဝယ်သူမှ ငွေမရမှီအချိန်တွင် ဘဏ်မှကြိုတင်ငွေထုတ်ပေးခြင်းဖြင့် လုပ်ငန်းပိုမို တိုးချဲ့နိုင်ခြင်း။
    (၂) ကုန်ဝယ်သူထံ ငွေကောက်ခံမည့် အချိန်တိုးချဲ့နိုင်ခြင်း။
    (၃) ငွေပြန်လည်လက်ခံရရှိချိန်တွင်ရှိသော နိုင်ငံခြားငွေကြေးဈေးနှုန်း အတက်အကျ ဆုံးရှုံးမှုကို လျော့ချနိုင်ခြင်း။
    (၄) ကုန်ရောင်းသူ၏ လုပ်ငန်းအား ပိုမိုရင်းနှီးနိုင်ခြင်း။


  ဝန်ဆောင်မှုနှုန်းထား
  • ဝန်ဆောင်ခနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

FAQ
(၁) မေး : မည်ကဲ့သို့သော Customer မျိုးကို Trade Facility ပေးနိုင်မှာမည်နည်း။
ဖြေ : CB Bank ၏ Credit rating ကောင်းသော Customer များကိုသာ Trade Facility ပေးပါမည်။

(၂) မေး : မည်သည့် အာမခံပစ္စည်းအမျိုးအစားကို လက်ခံပါမည်နည်း။
ဖြေ : Colletral အနေဖြင့် Land and Building ကိုယူပါမည်။

DOWNLOAD FORM & PAMPHLET

Import

CB Bank သည်ပြည်ပမှ ကုန်ပစ္စည်းများ ပြည်တွင်းသို့ မှာယူတင်သွင်းသော Impoter များအတွက် အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
    (က) သွင်းကုန်ငွေလွှဲစာတမ်း
    (ခ) သွင်းကုန်ပစ္စည်းကြိုတင်ရရှိမှုစနစ်။
    (ဂ) ကောက်ခံရေးစနစ်ဖြင့်ပေးချေခြင်း။

(က) သွင်းကုန်ငွေလွှဲစာတမ်း
      - သွင်းကုန်ငွေလွှဲစာတမ်းဖွင့်လှစ်ခြင်း။
      - သွင်းကုန်ငွေလွှဲစာတမ်း ပြင်ဆင်ခြင်း။
      - သွင်းကုန်ငွေလွှဲစာတမ်းအတွက် ငွေပေးချေပေးခြင်း။
      - ကောက်ခံရေးစနစ်ဖြင့်ရောက်ရှိလာသောသွင်းကုန်ပစ္စည်းဖိုးအားပေးချေပေးခြင်း။
      - သင်္ဘောတင် စာရွက်စာတမ်းအာမခံထုတ်ပေးသော ၀န်ဆောင်မှု။

လိုအပ်သောစာရွက်စာတမ်းအထောက်အထားများ
သွင်းကုန်ငွေလွှဲစာတမ်းဖွင့်လှစ်ခွင့်ပြုရန်လျှောက်လွှာ (ဘဏ်မှထုတ်ပေးသောပုံစံ)
    - သွင်းကုန်လိုင်စင် (လိုင်စင်လိုအပ်သောပစ္စည်းဖြစ်ပါက)
    - သွင်းကုန်အရောင်းအ၀ယ်သဘောတူညီချက် အထောက်အထား/ကုန်ဝယ်အမှာစာ
    - သွင်းကုန်အတွက် ပေးချေငွေအား ကုမ္ပဏီစာရင်းမှ ထုတ်ယူခွင့်ပြုကြောင်းလျှောက်လွှာ
FAQ

(၁) မေး : သွင်းကုန်ငွေလွဲစာတမ်းတစ်စောင်အား CB Bank တွင် ဘယ်လိုဆောင်ရွက်နိုင်ပါသလဲ?
ဖြေ : သွင်းကုန်ငွေလွဲစာတမ်းသည် Customer အား Credit ပေးထားခြင်းဖြစ်ပါ၍ဘဏ်မှ Credit အား ခွင့်ပြုနိုင်ရန် ဆုံးဖြတ်ချက် ရှိရမည်ဖြစ်သည်။ အကယ်၍ Customer အနေဖြင့် ငွေလွဲစာတမ်း ဖွင့်လှစ်ရန် ဘဏ်၏ Facilities မရှိခဲ့လျှင် Facilities ဆောင်ရွက်နိုင်ရန် အောက်ပါ Email address ဖြင့်လည်းကောင်း ၊ ဖုန်းဖြင့်လည်းကောင်း ဆက်သွယ်နိုင်ပါသည်။

(၂) မေး : ငွေလွဲစာတမ်းဖွင့်လှစ်နိုင်ရန်ဘယ်လိုလျှောက်ထားရမလဲ?
ဖြေ : ငွေလွဲစာတမ်းလျှောက်လွှာအားအောက်ပါ Link တွင် Download ပြုလုပ်၍ Print out ထုတ်ယူနိုင် ပါသည်။
Download
CB Bank ရုံးချူပ် (Trade Centre) နှင့် Branch များတွင် လည်းရယူနိုင်ပါသည်။ ငွေလွဲစာတမ်း လျှောက်လွှာပေါ်တွင် လိုအပ်ချက်များဖြည့်စွက်ပြီးလျှင် Company ၏ တံဆိပ်တုံးနှင့် လက်မှတ်ထိုးခွင့် အာဏာ ရှိသူမှလက်မှတ်ရေးထိုး၍ တင်ပြရပါမည်။ ငွေလွဲစာတမ်းဖွင့်လှစ်ရန်အတွက် Trade Facility အား ကြိုတင်ပြင်ဆင်ထားရပါမည်။အကယ်၍ Trade Facilities မရှိခဲ့လျှင် တင်ပြလာသော ငွေလွဲစာတမ်း လျောက်လွှာတွင်ပါဝင်နေသော ငွေပမာဏအား Margin Deposit တင်ထားရပါမည်။

(၃) မေး : အကယ်၍ Trade Facilities မရှိခဲ့လျှင် ငွေလွဲစာတမ်းအားဘယ်လိုဆောင်ရွက်နိုင်သလဲ?
ဖြေ : ကုန်ဝယ်သူအနေဖြင့် ကုန်သွယ်မှုတွင်ပါဝင်နေသော Incoterm ပေါ်တွင်မူတည်၍ Margin Deposit အားဘဏ်တွင် ထည့်သွင်းပေးရမည်ဖြစ်ပါသည်။

(၄) မေး : သွင်းကုန်လုပ်ငန်းရှင်သည် ငွေလွှဲစာတမ်းလျောက်လွှာအား Online မှ ရရှိနိုင်ပါသလား?
ဖြေ : CB Bank ၏ Website ဖြစ်သော http://www.cbbank.com.mm မှ လျောက်လွှာကို Download ရယူနိုင်ပါသည်။

(၅) မေး : သွင်းကုန်လုပ်ငန်းရှင်သည် ငွေလွှဲစာတမ်း SWIFT မိတ္တူတစ်စုံအား ပြန်လည်ရနိုင်ပါသလား?
ဖြေ : ငွေလွဲစာတမ်း လျောက်ထားမှုမှန်ကန်လျှင် တဘက်ကုန်ရောင်းသူ၏ ဘက်သို့ အကြောင်းကြားထားသော Swift မိတ္တူ တစ်စုံအားပြန်လည်၍ လျှောက်ထားသူ၏ Email သို့ဖြစ်စေ၊ ဘဏ်၏ကောင်တာတွင်ဖြစ်စေထုတ်ယူနိုင်ပါသည်။

(၆) မေး : CB Bank မှ ဆောင်ရွက်ထားသောငွေလွှဲစာတမ်းပေါ်တွင် ဘယ်လိုပယ်ဖျက်နိုင်ပါသလဲ?
ဖြေ : CB Bank သို့ ငွေလွှဲစာတမ်းပယ်ဖျက်နိုင်ပါရန် လျောက်လွှာတစ်စောင်ရေးပေးရပါမည်။ ဘဏ်မှ တဘက်ကုန်ရောင်းသူ၏ ဘဏ်သို့ ကုန်ရောင်းသူ၏ သဘောတူညီချက်ရယူပြီးမှ ပယ်ဖျက်နိုင်ပါသည်။

(၇) မေး : ဘယ်အချိန်တွင် ငွေလွှဲစာတမ်း၏ လက်ကျန်ငွေပမာဏကို ပြန်လည်ရယူနိုင်ပါသလဲ?
ဖြေ : ငွေလွှဲစာတမ်းကုန်ဆုံးပြီး ၁ လ ကြာချိန်တွင် Customer ၏ A/C ထဲသို့ငွေလွှဲပမာဏအား ပြန်လည်ထည့်သွင်းပေးပါသည်။ အကယ်၍ဆိုင်းငံ့ငွေလွှဲစာတမ်း ဖြစ်ခဲ့လျှင် နောက်ဆုံးသက်တမ်းပြည့်ချိန်တွင် ကျန်ရှိသောငွေပမာဏကိုပြန်လည် ထည့်သွင်းပေးပါသည်။

(၈) မေး : သဘောင်္တင်စာရွက်စာတမ်းများရောက်ရှိလာလျှင် ဘယ်လိုဆောင်ရွက်နိုင်ပါသလဲ?
ဖြေ : CB Bank မှ စာရွက်စာတမ်းလာရောက်ထုတ်ယူနိုင်ရန် Mail ဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေအကြောင်းကြားပေးပါသည်။ ငွေပေးချေမှုအနေဖြင့် အောက်ပါအတိုင်းဆောင်ရွက်နိုင်ပါသည်။
- Importer Account မှ ကုန်ပမာဏကို နုတ်ယူခြင်း
- Trust Receipt Financing ရယူနိုင်ခြင်း (Trade Facility ကြိုတင်ခွင့်ပြုချက် ရယူထားရမည်)
ထို့နောက် Company မှ ကုမ္ပဏီစည်းတံဆိပ်ဖြင့် လက်မှတ်ရေးထိုးခွင့်ရှိသူမှ သဘောင်္တင် စာရွက်စာတမ်းများ ထုတ်ယူခွင့် ပြုရန်လျှောက်ထားရပါမည်။ ဘဏ်မှ ကွဲလွဲချက်များအားအကြောင်းကြားမည်ဖြစ်ပြီး ကုမ္ပဏီမှကွဲလွဲချက်အားလက်ခံလျှင်ဘဏ်မှငွေပေးချေမှု ပြုလုပ်မည်ဖြစ်ပါသည်။

(ခ) သွင်းကုန်ပစ္စည်းကြိုတင်ရရှိမှုစနစ်။

    ကုန်ဝယ်သူမှ သွင်းကုန်ပစ္စည်းများရရှိပြီးဖြစ်၍ သက်ဆိုင်ရာဘဏ်မှ ငွေလွှဲပေးပို့ခြင်းဖြစ်သည်။

လိုအပ်သောစာရွက်စာတမ်းအထောက်အထားများ
   - သွင်းကုန်ကြေငြာလွှာ
   - သွင်းကုန်လိုင်စင် (လိုင်စင်လိုအပ်သောပစ္စည်းဖြစ်ပါက)
   - သေဘာၤတင္တန္စာ
   - ကုန်ဝယ်အမှာစာ
   - ကုန်ပစ္စည်းထုတ်ပိုးမှုစာရင်း


(ဂ) ကောက်ခံရေးစနစ်ဖြင့်ပေးချေခြင်း

    ကုန်ရောင်းသူဘဏ်မှ သင်္ဘောတင်စာရွက်စာတမ်းများအားဘဏ်သို့ တင်ပြပြီး ကုန်ပစ္စည်းတန်ဖိုး ကောက်ခံပေးရန် တောင်းခံချက်အား ဘဏ်မှကောက်ခံပေးခြင်း။



FAQ
(၁) မေး : ကောက်ခံရေးစနစ်ဆိုတာဘာလဲ?
ဖြေ : ကောက်ခံရေးစနစ်ဆိုသည်မှာ အရောင်းအ၀ယ်ပဋိညာဉ် ချုပ်ဆိုသောအခါ ညှိုနှိုင်းနိုင်သော ၀န်ဆောင် မှုတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ပါသည်။ ကောက်ခံရေးစနစ်တွင် လက်ငင်းငွေပေးချေခြင်းဖြင့် ဖြစ်စေ၊ ဆိုင်းငံ့ကာလဖြင့်ဖြစ်စေ ဆောင်ရွက် နိုင်ပါသည်။

(၂) မေး : သွင်းကုန်ကောက်ခံရေးစနစ်ဖြင့် ရောက်ရှိလာသော စာရွက်စာတမ်းများကို ဘယ်လိုအကြောင်းကြား ပေးပါသလဲ? ဘယ်လို ဆောင်ရွက်နိုင်ပါသလဲ?
ဖြေ : (၁) Documents against Payment

CB Bank မှ စာရွက်စာတမ်းလာရောက်ထုတ်ယူနိုင်ရန် Mail ဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေအကြောင်းကြားပေးပါသည်။ ငွေပေးချေမှုအနေဖြင့် အောက်ပါအတိုင်းဆောင်ရွက်နိုင်ပါသည်။ သက်ဆိုင်ရာ ကုမ္ပဏီ Account မှ ကုန်ပမာဏကိုနုတ်ယူပြီး သင်္ဘောတင်စာရွက်စာတမ်းများအား ထုတ်ပေးပါသည်။

ဖြေ : (၂) Documents against Acceptance

CB Bank မှ စာရွက်စာတမ်းလာရောက်ထုတ်ယူနိုင်ရန် Mail ဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေအကြောင်းကြားပေးပါသည်။ ငွေပေးချေမှုအနေဖြင့် အောက်ပါအတိုင်းဆောင်ရွက်နိုင်ပါသည်။ သက်ဆိုင်ရာကုမ္ပဏီ မှ bill of exchange တွင် လက်မှတ်ရေး ထိုးခွင့်ရှိသူမှ လက်မှတ်ရေးထိုးပြီး သင်္ဘောတင်စာရွက်စာတမ်းများအား ထုတ်ပေးပါသည်။

Shipping Guarantee

Shipping Guarantee Issuance

CB Bank မှ ပေးပို့လိုက်သော သွင်းကုန်ငွေလွှဲစာတမ်းပေါ်တွင် ကုန်ပစ္စည်းများ ဆိပ်ကမ်းသို့ရောက်ရှိလာသည့်တိုင်အောင် သင်္ဘောတင် စာရွက်စာတမ်းများ အချိန်မှီမရောက်လာပါက Shipping Guarantee ၀န်ဆောင်မှုအား ဆောင်ရွက်ပေးပါသည်။

လိုအပ်သောစာရွက်စာတမ်းအထောက်အထားများ
   - ကုမ္ပဏီLetter Head ဖြင့်လျှောက်လွှာ
   - သဘောင်္တင်လက်မှတ် (Bill of Lading) မိတ္တူ
   - ကုန်ရောင်းပြေစာ/ကုန်ထုပ်ပိုးမှုစာရင်းမိတ္တူ
   - ဘဏ်မှ သတ်မှတ်ထားသော Indemnity Bond စာချုပ်
   - Shipping Guarantee ပုံစံ (မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလိုင်း(သို့) နိုင်ငံခြားသင်္ဘောလိုင်းများမှ သတ်မှတ်ပုံစံ)
   - သွင်းကုန်လိုင်စင်မူရင်း (လိုအပ်ပါက)

FAQ

(၁) မေး : CB Bank မှဖွင့်လှစ်ထားသော ငွေလွှဲစာတမ်းအပေါ်တွင် သင်္ဘောတင်စာရွက်စာတမ်းများ မရရှိသေးလျှင် ပစ္စည်းများရောက်လာ သောအခါ ဘယ်လိုဆောင်ရွက်နိုင်ပါသလဲ?
ဖြေ : CB Bank မှ သင်္ဘောကုမ္ပဏီသို့ သင်္ဘောတင်အာမခံစာရွက် ထုတ်ပေးနိုင်ပါသည်။ ကုန်ပစ္စည်း တင်သင်္ဘောအရင်ရောက်ရှိနေ၍ ဆိပ်ကမ်းမှကုန်ပစ္စည်းများ ရွေးယူနိုင်ရန်နှင့် ထိန်းသိမ်းခများ ရှောင်ရှားနိုင်ရန် ဖြစ်ပါသည်။

(၂) မေး : သင်္ဘောတင်အာမခံထုတ်ပေးနိုင်ရန် ဘယ်လိုဆောင်ရွက်နိုင်ပါသလဲ?
ဖြေ : မိမိ၏ ကုမ္ပဏီ Letter Head ဖြင့် လျှောက်ထားနိုင်ပါသည်။ Shipping Guarantee Form အား သင်္ဘောလိုင်းတွင်သွားရောက်ထုတ်ယူ၍ ကုမ္ပဏီစည်းတံဆိပ်ဖြင့် လက်မှတ်ရေးထိုးခွင့်ရှိသူမှလက်မှတ်ရေးထိုးပြီး တွဲတင်ရပါမည်။

(၃) မေး : သင်္ဘောတင်စာရွက် မူရင်းပြန်လည်ရောက်ရှိလာလျှင် မည်ကဲ့သို့ဆက်လက်ဆောင်ရွက်နိုင်ပါသလဲ?
ဖြေ : မူရင်းသင်္ဘောတင်စာရွက်စာတမ်းများ ပြန်လည်ရရှိလျှင် သင်္ဘောလိုင်းသို့ သွား၍ Original Bill of Lading နှင့် Shipping Company ၏ LOI အားသွားရောက်၍လဲလှယ်ကာဘဏ်သို့ပြန်လည်ပေးပို့ရပါမည်။

Remittance

CB bank မှ ၄င်းနှင့်ဆက်သွယ်သော customer များအားပြည်ပမှ ၀င်ရောက်လာသော လွှဲပို့ငွေများနှင့် ပတ်သက်ပြီး ၀န်ဆောင်မှုပေးလျှက်ရှိပါသည်။ CB Bank ၏ SWIFT Code CPOBMMMY ကိုအသုံးပြုခြင်းအားဖြင့် ပြည်ပနိုင်ငံမှ လွှဲပို့ငွေများအား ၀န်ဆောင်မှုပေးပါသည်။

** CB Bank ၏ e-Statement နှင့် e-Alert service များကို အသုံးပြုခြင်းအားဖြင့် ငွေလွှဲဝင်ရောက်မှုကို လျှင်မြန်စွာ စစ်ဆေးနိုင်ပါသည်။ **

လိုအပ်သောအချက်အလက်များ

  • ငွေလက်ခံမည့်သူ(စာရင်းပိုင်ရှင်၏ဘဏ်)
  • ငွေလက်ခံမည့်ဘဏ်၏ SWIFT Code (CPOBMMMY)
  • ငွေလက်ခံမည့်သူ(စာရင်းပိုင်ရှင်)၏အမည်
  • ငွေလက်ခံမည့်သူ(စာရင်းပိုင်ရှင်)၏စာရင်းအမှတ်
  • ငွေလွှဲပေးပို့ရသည့်အကြောင်းရင်း
ဝန်ဆောင်ခ

ငွလွှဲခ တစ်ကြောင်းလျှင် USD10.00 (Flat fee)

ငွေလွှဲပယ်ဖျက်ခြင်း

Amendment, Cancellation, Enquery (USD.10.00) (Inward/ Outward)

လိုအပ်သောစာရွက်စာတမ်းများ

ပြည်ပမှငွေလွှဲဝင်ရောက်လာခြင်းများ

*ရင်းနှီးမြှပ်နှံမှုအတွက်ဝင်ရောက်ခြင်း

Capital brought in/ Capital injection/ Working capital - ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
- Form 1 (Form of permit) (issued by MIC/DICA)
- Form VI/XXVI
*နိုင်ငံခြားချေးငွေ - မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ခွင့်ပြုမိန့်

အသေးစိတ်အချက်အလက်များကိုထပ်မံသိရှိလိုပါက:
CB bank (ရုံးချုပ်)နှင့် ဘဏ်ခွဲများ
Corporate banking
Hot line ph: 01-378643, 373560 (ဘဏ်လုပ်ငန်းချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။)


သမ၀ါယမဘဏ်လီမိတက် International Trade and Payment Services Division (Payment Services Department) မှ CB Bank နှင့် ဆက်သွယ်သော Customer များအား ကုန်သွယ်မှု /၀န်ဆောင်မှုများနှင့် ပတ်သက်ပြီး ပြည်ပသို့ ငွေလွှဲပေးပို့ခြင်းလုပ်ငန်းများကို ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

CB Bank ရုံးချုပ် (သို့) ဘဏ်ခွဲများမှတဆင့် CB Bank နှင့် တိုက်ရိုက်ချိတ်ဆက်ထားသော ဘဏ် (၃၂) ခုနှင့် ၄င်းတို့မှတဆင့် တိုက်ရိုက်ချိတ်ဆက်မှုမရှိသော ဘဏ်များသို့လည်း ငွေလွှဲပေးပို့နိုင်ပါသည်။

** နိုင်ငံတကာ၏ Sanction List တွင်ပါဝင်သော နိုင်ငံများသို့ ငွေလွှဲခြင်းကို လက်ခံဆောင်ရွက်ပေးခြင်း မပြုပါ။ **


CB Bank ၏ Internet Banking ကို အသုံပြုခြင်းအားဖြင့် Non-Trade Payment များအတွက် Customer များမှ ဘဏ်သို့ လာရောက်ရန်မလိုပဲ ငွေလွှဲကိစ္စများကို ဆောင်ရွက်နိုင်ပါသည်။

လုပ်ငန်းစဉ်များ
  • ငွေလွှဲပေးပို့လိုသူသည် CB Bank ရုံးချုပ် (သို့) ဘဏ်ခွဲ တွင် FCY Account ရှိရန်လိုအပ်ပါသည်။
  • ငွေလွှဲပေးပို့လိုသူမှ လျှောက်လွှာ၊ Form-A (or) Form Tha-ka တို့နှင့်အတူ အထောက်အထား စာရွက်စာ တမ်း (မူရင်း နှင့် မိတ္တူ) ကို ဘဏ်သို့တင်ပြရမည်။
  • ** လျှောက်လွှာ၊ Form-A နှင့် Form Tha-ka တို့ကို ကိုယ်တိုင်ဖြစ်စေ CB Bank Website မှဖြစ်စေ ရယူနိုင်ပါသည်။ **
  • ကုန်သွယ်မှုအတွက် ငွေလွှဲပေးပို့ခြင်းဖြစ်ပါက ငွေပမာဏအား ကန့်သတ်ထားခြင်းမရှိပါ။
  • ၀န်ဆောင်မှုအတွက် ငွေလွှဲပေးပို့ရာတွင် လစာ၊ အလှူငွေ၊ လက်ဆောင်၊ မြေယာအိမ်လွှဲပြောင်းမှုမှ ရရှိငွေ၊ ညီလာခံစရိတ်၊ ပညာသင်စရိတ်၊ ဆေးကုသစရိတ်အတွက် USD-10,000.00 သို့မဟုတ် ၄င်း နှင့်ညီမျှသော နိုင်ငံခြားငွေကိုသာလွှဲပို့ရန် လျောက်ထားနိုင်ပါသည်။
  • ** ၄င်းထက်ကျော်လွန်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ခွင့်ပြုမိန့်တောင်းခံရန် လိုအပ်ပါသည်။ **
  • ငွေလွှဲခြင်းကိစ္စဆောင်ရွက်ပြီးပါက SWIFT, Debit Advice နှင့် စာရွက်စာတမ်းမူရင်းတို့ကို Customer မှ ပြန်လည်ထုတ်ယူနိုင်ပါသည်။

ဝန်ဆောင်ခ

-   ၀န်ဆောင်ခအနေဖြင့် လွှဲပို့ငွေပမာဏပေါ်တွင် 0.125% (Min USD-25.00)နှင့် မြန်မာကျပ်ငွေ- ၃၀၀၀ အား ကောက်ခံပါမည်။
-   ငွေလွှဲပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ စုံစမ်းခြင်းတို့အတွက် USD.10.00 နိုင်ငံခြားငွေကိုကောက်ခံပါမည်။

Service Level Agreement

-   ၀န်ဆောင်မှုအနေဖြင့် လွှဲပို့မည့်အကြောင်းအရာနှင့် ပတ်သက်သည့်စာရွက်စာတမ်းနှင့် ငွေပမာဏလုံလောက် မှုရှိပါက T+1 ဖြစ်ပါသည်။

ငွေလွှဲအမျိုးအစား လွှဲပို့သည့်အကြောင်းရင်း လိုအပ်သောစာရွက်စာတမ်း အထောက်အထားများ
သွင်းကုန်အတွက်ငွေလွှဲပေးပို့ခြင်း ကုန်ပစ္စည်းထုတ်လုပ်ရန်အတွက် တင်သွင်းလာခြင်း (သို့) ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းလာခြင်း - သွင်းကုန်လိုင်စင် (လိုအပ်ပါက) သွင်းကုန်ကြေငြာလွှာ
- သယ်ယူပို့ဆောင်မှု အထောက်အထား
- စာရွက်စာတမ်း/ ကုန်အမှာစာ
- ထုတ်ပိုးမှုစာရင်း
ဝန်ဆောင်မှုအတွက် ငွေလွှဲခြင်း   စီမံခန့်ခွဲမှုစရိတ် - နှစ်ဖက်သဘောတူ စာချုပ်
- ငွေတောင်းခံလွှာ
ကုန်ပစ္စည်းသယ်ဆောင်ခ - ကုန်ပစ္စည်းသယ်ယူလာမှု အထောက်အထား
- ငွေတောင်းခံလွှာ
အာမခံမရီမီယံကြေး - မြန်မာ့အာမခံလုပ်ငန်း၏ ကန့်ကွက်ရန်မရှိကြောင်းစာ
- မြန်မာ့အာမခံလုပ်ငန်းသို့ 15% အာမခံ ပရီမီယံကြေးပေးသွင်းခြင်း အထောက် အထား (အာမခံကြေး လွှဲပို့ရာတွင် မြန်မာ့ အာမခံလုပ်ငန်းသို့ ၁၅%ပေးသွင်းရပြီး ၈၅% အားလွှဲပို့သည်။)
လေယာဉ်လိုင်းမှ လက်မှတ်ရောင်းရငွေနှင့် ပစ္စည်းသယ်ဆောင်ခ - ကုမ္ပဏီ Letter Head ဖြင့်လျှောက်လွှာ
- စာရင်းစစ် အစီရင်ခံစာ
- Passenger and cargo revenue statement
ကျန်းမာရေးနှင့် သက်ဆိုင်သော အသုံးစရိတ်အတွက် လွှဲပို့ခြင်း ဆေးကုသစရိတ် - နိုင်ငံကူးလက်မှတ်
- ဆေးဝါးအတွက် ၀န်ဆောင်မှုပေးသော အဖွဲ့အစည်း၏ ငွေတောင်းခံလွှာ
ရင်းနှီးမြှပ်နှံမှုမှ ရရှိငွေအား ပြန်လည်လွှဲပို့ခြင်း   ချေးငွေအတိုးနှင့် အရင်း - ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
- ချေးငွေပြန်လည်ပေးဆပ်မှု ဇယား
- ချေးငွေဝင်ရောက်ခဲ့စဉ်က မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ ခွင့်ပြုမိန့် (ချေးငွေဝင် ရောက်ခဲ့စဉ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုမိန့်ဖြင့် ၀င်ရောက်ခဲ့ သော ချေးငွေများသာလျှင် ပြည်ပသို့ပြန် လည်လွှဲပို့ခွင့် ရှိပါသည်။)
အမြတ်ဝေစု - ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
- နှစ်ချုပ်အစီရင်ခံစာ
- အသိအမှတ်ပြု စာရင်းစစ်အဖွဲ့၏ ထောက်ခံစာ၊
- အခွန်ပေးဆောင်ပြီးကြောင်း အထောက် အထား၊
- အစည်းဝေးမှတ်တမ်း
- ရင်းနှီးမြှပ်နှံမှုကော်မရှင်ခွင့်ပြုချက်၊
- ကုမ္ပဏီမှတ်ပုံတင်
- Form VI/XXVI
စာရင်းရှင်းလင်းဖျက်သိမ်းခြင်း - ကုမ္ပဏီ Letter Head ဖြင့်လျှောက်လွှာ
- အစည်းဝေးမှတ်တမ်း
- ကုမ္ပဏီ ဖျက်သိမ်းကြောင်း သတင်းစာ ကြော်ငြာဖြတ်ပိုင်း၊
- မြန်မာနိုင်ငံတော်ပြန်တမ်း
- CRD မိတ္ကူ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ရယူရန် လိုအပ်ပါသည်။)
လေယာဉ်ဝယ်ယူခြင်း လေယာဉ်ငှားရမ်းခ - ကုမ္ပဏီ Letter Head ဖြင့်လျှောက်လွှာ
- ၀ယ်ယူခြင်း၊ ငှားရမ်းခြင်း (စာချူပ်)
- AOC (Air craft operation certificate)
- Form 5
- ငွေပြန်လည်ပေးဆပ်မှုဇယား
အထွေထွေ လစာ - နိုင်ငံကူးလက်မှတ်၊
- အလုပ်ခန့်စာ
- စာချုပ် ( စာချုပ်သက်တမ်း အတွင်း ၁ကြိမ်သာဘဏ်မှ ရယူထားပါမည်။)
ပညာသင်စရိတ် - နိုင်ငံကူးလက်မှတ်၊
- ကျောင်းမှပေးပို့သော တရားဝင်စာရွက်စာတမ်းများနှင့် ငွေတောင်းခံလွှာ {ကျောင်းအနေဖြင့် ၄င်း၏ ကျောင်းသားများအတွက် လွှဲပို့လိုပါက လုပ်ငန်းလိုင်စင် (သက်တမ်းရှိ) တင်ပြရပါမည်။}
ခရီးသွားလုပ်ငန်း - Passport Copy
- လေယာဉ်လက်မှတ်မိတ္တူ/schedule
- ငွေတောင်းခံလွှာ
- ကုမ္ပဏီမှတ်ပုံတင်
လျော်ကြေးငွေ - လျော်ကြေးငွေရရှိကြောင်း တရားဝင် အထောက်အထား (တရားရုံးအမိန့်စာ)
အလှူငွေ - လှူဒါန်းရသည့် အကြောင်းအရင်း၊
- သာသနာရေးဦးစီးဌာန ထောက်ခံချက်၊
ပို့ကုန်ပြန်အမ်းငွေ - ကုမ္ပဏီ Letter Head ဖြင့်လျှောက်လွှာ
- Form E
- အရောင်းအ၀ယ်စာချုပ်
  • ငွေလွှဲပေးပို့ခြင်းအတွက် ငွေလွှဲခွင့်လျှောက်လွှာ (TT application Form) နှင့် Form THA-KA (သို့) Form A ကို ပူးတွဲတင်ပြရမည်။
  • ကုန်သွယ်မှုအတွက် ငွေလွှဲပေးပို့ခြင်း (Trade payment)တွင် ငွေလွှဲခွင့်လျှောက်လွှာ (TT application Form) နှင့် Form THA-KA ကိုပူးတွဲတင်ပြရမည်ဖြစ်ပါသည်။
  • ကုန်သွယ်မှုနှင့်မသက်ဆိုင်သော ၀န်ဆောင်မှုများအတွက်လွှဲပို့ခြင်း (Non-Trade payment)တွင် ငွေလွှဲခွင့်လျှောက်လွှာ (TT application Form) နှင့် Form A ကို ပူးတွဲတင်ပြရပါမည်။
(၁) မေး : ပြည်ပမှ CB Bank သို့ မည်သည့်ကိစ္စရပ်များအတွက် ငွေလွှဲပေးပို့နိုင်ပါသနည်း ?
ဖြေ : ပြည်ပမှ CB Bank သို့ အောက်ပါကိစ္စရပ်များအတွက် ငွေလွှဲပေးပို့နိုင်ပါသည်။
၁။ ကုမ္ပဏီမှတ်ပုံတင်ကြေး ပေးဆောင်ရန်လွှဲပို့ခြင်း (Registration Fees)၊
၂။ သတ်မှတ်ထားသည့် ကုမ္ပဏီမတည်ရင်းနှီးငွေ (Capital Brought-In) ထည့်ဝင်ရန်လွှဲပို့ခြင်း၊
၃။ လုပ်ငန်းလည်ပတ်ရန်ရင်းနှီးငွေ (Working Capital) အတွက် လွှဲပို့ခြင်း၊
၎။ ကုမ္ပဏီမတည်ရင်းနှီးငွေ ထပ်မံတိုးမြှင့်ထည့်ဝင်ရန် (Capital Injection) အတွက်လွှဲပို့ခြင်း၊
၅။ ကုမ္ပဏီအသုံးစရိတ် (Company Expenses) အတွက်လွှဲပို့ခြင်း၊
၆။ လုပ်ငန်းဆောင်ရွက်ခ (Services Charges) အတွက်လွှဲပို့ခြင်း၊
၇။ ကော်မရှင်ခ (Commission Fees) အတွက်လွှဲပို့ခြင်း၊
၈။ ခရီးသွားလုပ်ငန်း (Tourism) အတွက်လွှဲပို့ခြင်း၊
၉။ လစာငွေ (Salary) အတွက်လွှဲပို့ခြင်း၊
၁၀။ အလှူငွေထည့်ဝင်ခြင်း (Donation) အတွက်လွှဲပို့ခြင်း၊
၁၁။ ထောက်ပံ့ကြေး (Aids) အတွက်လွှဲပို့ခြင်း၊
၁၂။ လျော်ကြေးငွေ (Compensation) လွှဲပို့ခြင်း၊
၁၃။ ချေးငွေ (Loans) အတွက်လွှဲပို့ခြင်း၊

(၂) မေး : ပြည်ပမှ CB Bank သို့ ငွေလွှဲပေးပို့လျှင် စာရင်းပိုင်ရှင် Account သို့ငွေဝင်ရောက်ရန် အချိန်မည်မျှ ကြာသနည်း ?
ဖြေ : CB Bank နှင့် တိုက်ရိုက် Correspondent ရှိသောဘဏ်မှ ငွေလွှဲပါက ငွေလွှဲပေးပို့ကြောင်း စာ(MT 103) ရရှိပြီး နောက်တစ်နေ့တွင် Customer စာရင်းသို့ ထည့်သွင်းပေးနိုင်ပါသည်။ CB Bank နှင့် တိုက်ရိုက် Correspondent မရှိသော ဘဏ်မှ လွှဲပို့ပါက တစ်ပတ်ခန့် ကြာမြင့်နိုင်ပါသည်။

(၃) မေး : ငွေလက်ခံမည့်စာရင်းပိုင်ရှင် A/C မှာ မြန်မာကျပ်ငွေစာရင်းဖြစ်ပါက ပြည်ပမှလွှဲပို့ငွေကို ထည့်သွင်းပေးနိုင်ပါသလား ?
ဖြေ : ပေးနိုင်ပါသည်။ သို့သော် USD နှင့် MMK ၏ Buying/Selling Rate ကို Customer မှ လက်ခံရ ပါမည်။ Buying/Selling Rate မှာ T 24 system မှ တိုက်ရိုက် Convert လုပ်ခြင်းဖြစ်ပါသည်။

(၄) မေး : Customer ၏ စာရင်းမှာ Cyber Tech Bank တွင်ရှိပါက ၀န်ဆောင်မှုပေးနိုင်ပါသလား ?
ဖြေ : ပေးနိုင်ပါသည်။ ပြည်တွင်းငွေလွှဲမှတဆင့် ငွေလွှဲခကောက်ခံပြီး ထပ်မံလွှဲပို့ပေးပါမည်။

(၅) မေး : လွှဲပို့ငွေပမာဏများပါက Customer စာရင်းသို့ ထည့်သွင်းပေးနိုင်ပါသလား ?
ဖြေ : လွှဲပို့ငွေပမာဏများပြားသော အ၀င်စာရင်းများဖြစ်သည့် ရင်းနှီးမြှပ်နှံမှုအတွက် လွှဲပို့ငွေများဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်၊ Form A တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီး ခွင့်ပြုနိုင်ပါသည်။ ချေးငွေဖြစ်ပါက မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်နှင့် တိုက်ဆိုင်စစ်ဆေးပြီး ခွင့်ပြုနိုင်ပါသည်။ လှူဒါန်းငွေဖြစ်ပါက ပြည်ထဲရေးမှ ထုတ်ပေးထားသော အသင်းအဖွဲ့ခွင့်ပြုမိန့် MOU တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီး ခွင့်ပြုနိုင်ပါသည်။ အမွေရရှိခြင်းအတွက်လွှဲပို့ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုမိန့်လိုအပ်ပါသည်။

(၆) မေး : ပြည်ပမှငွေလွှဲပေးပို့လိုပါက မည်သည့်အချက်အလက်များ လိုအပ်ပါသနည်း ?
ဖြေ : ပြည်ပမှ ငွေလွှဲပေးပို့ပါက
ငွေလွှဲဝင်ရောက်မည့်နိုင်ငံ - မြန်မာ
ငွေလွှဲဝင်ရောက်မည့် ဘဏ် - CB Bank
CB Bank ၏ SWIFT Code – CPOB MMMY
CB Bank တွင် FCA စာရင်းဖွင့်လှစ်ထားသော စာရင်းပိုင်ရှင်အမည်နှင့် စာရင်းနံပါတ်
ငွေလွှဲပေးပို့သည့် အကြောင်းရင်း တို့ပြည့်စုံစွာ ပါဝင်ရပါမည်။

(၇) မေး : ချေးငွေအတွက် ငွေလွှဲပေးပို့ခြင်းဖြစ်ပါက မည်သည့်စာရွက်စာတမ်းများ လိုအပ်ပါသနည်း ?
ဖြေ : ချေးငွေအတွက် ငွေလွှဲပေးပို့ပါက ချေးငွေရသော အဖွဲ့အစည်းအနေဖြင့်
Loan Agreement
Loan Repayment Plan
Repayment Schedule.
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ခွင့်ပြုမိန့်တို့ဖြင့် တင်ပြရပါမည်။

(၈) မေး : ပြည်ပချေးငွေရယူရန် Customerမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ မည်သို့လျှောက်ထားရမည်နည်း ?
ဖြေ : ပြည်ပချေးငွေရယူရန်အတွက် Customer မှ
Loan Agreement
Repayment Plan
Repayment Schedule
တို့ဖြင့် ရုံးအမှတ် ၅၅၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်သို့ Customer ကိုယ်တိုင် လျှောက်ထားရပါမည်။

(၉) မေး : ပြည်ပမှ CB Bank သို့ ငွေလွှဲပေးပို့ခြင်းအတွက် ၀န်ဆောင်ခ ကောက်ခံပါလား ?
ဖြေ : ကောက်ခံပါသည်။ ပေးပို့ငွေ SWIFT Message တစ်စောင်ပေါ်တွင် မြန်မာကျပ်ငွေ USD10.00 (Flat fee) ကောက်ခံပါသည်။

(၁) မေး : AML / CFT အရ ငွေလွှဲပေးပို့ရန် ကန့်သတ်ထားသောနိုင်ငံများ ရှိပါသလား ?
ဖြေ : ရှိပါသည်။ AML / CFT အရ ငွေလွှဲပေးပို့ရန် ကန့်သတ်ထားသောနိုင်ငံများမှာ-
Targeted
     1) Iraq
     2) Western Balkans
     3) Zimbabwe
     4) Liberia (former regime of Charles Taylor)
     5) Ivory Coast
     6) Belarus
     7) Democratic Republic of Congo
     8) North Korea
     9) Somalia
     10) Libya
     11) Yemen
     12) Russia
     13) South Sudan
     14) Central African
     15) Republic
     16) Venezuela
Comprehensive
     1) Iran
     2) Sudan
     3) Syria

(၂) မေး : ပြည်ပသို့ငွေလွှဲပေးပို့ရာတွင် ငွေပမာဏကန့်သတ်ထားခြင်းရှိပါသလား ?
ဖြေ : ကုန်သွယ်မှုအတွက် ငွေပေးချေရာတွင် စာရွက်စာတမ်းပြည့်စုံပါက ငွေပမာဏ ကန့်သတ်ထားခြင်း မရှိပါ။ ကုန်သွယ်မှုနှင့် မသက်ဆိုင်သော ပြည်ပသို့ငွေလွှဲပေးပို့မှုများ (ဥပမာ-လက်ဆောင်၊ အလှူငွေ၊ အမွေနှင့်ထောက်ပံ့ကြေး) အတွက်တစ်နှစ်လျှင် USD-10,000.00 အထိသာ လွှဲပို့ပေးနိုင်ပါသည်။ USD-10,000.00 နှင့်အထက် လွှဲပို့မည်ဆိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက် ရယူရန် လိုအပ်ပါသည်။

(၃) မေး : CB Bank မှ ပြည်ပသို့ ငွေလွှဲပို့မည်ဆိုလျှင် အချိန်မည်မျှ ကြာသနည်း ?
ဖြေ : CB Bank မှ ပြည်ပသို့ ငွေလွှဲပို့မည်ဆိုလျှင် တိုက်ရိုက် Correspondent ရှိသောဘဏ်သို့ လွှဲပို့ပါက တစ်ရက်ခန့်ကြာမြင့်ပါသည်။
CB Bank နှင့် တိုက်ရိုက် Correspondent မရှိသောဘဏ်သို့ လွှဲပို့ပါက ခန့်မှန်းအားဖြင့် တစ်ပတ်ခန့်ကြာမြင့်နိုင်ပါသည်။

(၄) မေး : ပြည်ပသို့ငွေလွှဲပေးပို့ရာတွင် ကြိုတင်ငွေပေးချေမှုကို မည်မျှပေးချေနိုင်ပါသနည်း ?
ဖြေ : ပြည်ပသို့ငွေလွှဲပေးပို့ရာတွင် ကြိုတင်ငွေပေးချေမှုကို စာရွက်စာတမ်းပြည့်စုံမှန်ကန်ပါက ၃၀% (သို့) ၃၅% နှင့် အများဆုံး ၅၀% အထိ ပေးချေနိုင်ပါသည်။

(၅) မေး : ပြည်ပသို့ငွေလွှဲပေးပို့ရန် စာရင်းပိုင်ရှင်မှ KYC နှင့် သက်ဆိုင်သော စာရွက်စာတမ်းများဘဏ်သို့ တင်ပြရန် လိုပါသလား ?
ဖြေ : မလိုအပ်ပါ။ ငွေလွှဲနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို သာတင်ပြရပါမည်။ အဘယ်ကြောင့် ဆိုသော် ငွေလွှဲပို့သည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး Central Compliance ဌာနမှ စစ်ဆေးပြီးမှသာ ငွေလွှဲပို့ခြင်း ကိစ္စကို ဆောင်ရွက်သောကြောင့် ဖြစ်ပါသည်။

(၆) မေး : ပြည်ပသို့ငွေလွှဲပို့ရာတွင် လွှဲခနှုန်းထားများကို သိရှိလိုပါသည်။
ဖြေ : ပြည်ပသို့ငွေလွှဲပို့ရာတွင် လွှဲပို့ငွေ၏ 0.125% of remitting amount (Min USD25.00) + MMK3,000/- ကောက်ခံပါသည်။

(၇) မေး : ပြည်ပသို့ငွေလွှဲပေးပို့ခြင်းအား ပယ်ဖျက်၍ ရပါသလား ?
ဖြေ : ရပါသည်။ စာရင်းပိုင်ရှင်၏ ပြင်ဆင်ချက်လျှောက်လွှာဖြင့် ပယ်ဖျက်နိုင်ပါသည်။ ၀န်ဆောင်ခအနေဖြင့် USD.10.00 နိုင်ငံခြားငွေကိုကောက်ခံပါမည်။

(၈) မေး : ပြည်ပသို့လွှဲပို့ပြီးသောငွေအား အချက်အလက်များ ပြင်ဆင်၍ရပါသလား ? (ဥပမာ ငွေလက်ခံမည့်သူ ၏ အမည်၊ စာရင်းအမှတ်၊ လိပ်စာ)
ဖြေ : ရပါသည်။ စာရင်းပိုင်ရှင်၏ ပြင်ဆင်ချက်လျှောက်လွှာဖြင့် ပြင်ဆင်နိုင်ပါသည်။

(၉) မေး : ပြည်ပသို့ CB Bank မှ မည်သည့် ကိစ္စရပ်များအတွက် ငွေလွှဲပို့နိုင်ပါသနည်း ?
ဖြေ : ပြည်ပသို့ CB Bank မှ အောက်ဖော်ပြ ကိစ္စရပ်များအတွက် ငွေလွှဲပို့နိုင်ပါသည်။

နိုင်ငံခြားသို့ ငွေလွှဲပို့နိုင်သည့်ဝန်ဆောင်မှုများ

၁။ မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာကုမ္ပဏီ အသီးသီးတွင် တာဝန်ထမ်းဆောင်ကြသည့် နိုင်ငံခြား သားများ၏ လစာ(Salary) များအား ၄င်းတို့၏မိသားစုသို့ ပြန်လည်လွှဲပို့ခြင်း။
၂။ နိုင်ငံခြားသားများ၏စီမံခန့်ခွဲမှုစရိတ် (Management Fees) အားငွေလွှဲပို့ခြင်း
၃။ လေကြောင်းလိုင်းများမှ လေယာဉ်ခရငွေများအား ၄င်းတို့၏ရုံးချုပ်(သို့) မိခင်နိုင်ငံသို့ ငွေလွှဲပို့ခြင်း။
၎။ နိုင်ငံခြားကုမ္ပဏီများက ပြည်ပဘဏ်များမှ ချေးယူငွေများအတွက် ချေးငွေအရင်း (Loan Principle)နှင့် ချေးငွေအတိုး (Interest on Loans) အားငွေလွှဲပို့ခြင်း။
၅။ ပြည်ပမှ ၀ယ်ယူသည့် ပစ္စည်းများအတွက် တန်ဖိုးငွေလွှဲပြောင်းပေးခြင်း။
၆။ ခရီးသွားလုပ်ငန်း (Tourism) အတွက် ငွေလွှဲပို့ခြင်း။
၇။ အလှူငွေထည့်ဝင်ခြင်း (Donation) အတွက် ငွေလွှဲပို့ခြင်း။
၈။ ကုန်ပစ္စည်းသယ်ယူဆောင်ခ (Freight Charges) အတွက် ငွေလွှဲပို့ခြင်း။
၉။ နိုင်ငံခြားပညာသင်စရိတ် (Education Fees) အတွက် ငွေလွှဲပို့ခြင်း။
၁၀။ ပို့ကုန်ပြန်အမ်းငွေ (Export Refunds) အတွက် ငွေလွှဲပို့ခြင်း။
၁၁။ လေယာဉ်ငှားရမ်းပျံသန်းခ (Air Rental) နှင့် လေယာဉ်ဝယ်ယူခြင်း (Aircraft Purchase) အတွက် ငွေလွှဲပို့ခြင်း။
၁၂။ ကုမ္ပဏီအမြတ်ဝေစု (Dividend) အတွက် ငွေလွှဲပို့ခြင်း။
၁၃။ လျော်ကြေးငွေ (Compensation) အတွက် ငွေလွှဲပို့ခြင်း။
၁၄။ ဆေးကုသစရိတ် (Medical Expense) အတွက် ငွေလွှဲပို့ခြင်း။
၁၅။ အာမခံကြေး (Insurance Premium) အတွက် ငွေလွှဲပို့ခြင်း။
၁၆။ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း (Liquidation) အတွက် ငွေလွှဲပို့ခြင်း။

(၁၀) မေး : Outward Remittance Application များကို မည်သို့ ရရှိနိုင်မည်နည်း ?
ဖြေ : Outward Remittance Application များကို အောက်ပါ Link တွင် Download ပြုလုပ်၍ Print out ထုတ်ယူနိုင်ပါသည်။
http://www.cbbank.com.mm/business_banking/business_funds.aspx