• Business Banking
  • arrow
  • Treasury Services

Corporate Customer

FX SPOT ( နိုင်ငံခြားငွေဝယ်ယူခြင်း၊ရောင်းချခြင်း )

နိုင်ငံခြားငွေရောင်းချမှုများကို ဈေးကွက်ပေါက်ဈေး အတိုင်း အရောင်းအ၀ယ် ပြုလုပ်ပေးခြင်း၊ Import Payment နှင့် Export Earning များအတွက် နိုင်ငံခြားငွေများ ရောင်းခြင်းဝယ်ခြင်း ၊ CB Bank ၌ဖွင့်လှစ်ထားသော customer များ၏မည်သည့် currency account မဆို အကောင်းဆုံးဈေးနှုန်းဖြင့် အရောင်းအ၀ယ်ပြုလုပ်ပေးပါသည်။

  • ရရှိနိုင်သောနိုင်ငံခြားငွေများ : USD, EUR, SGD, THB

  • မြန်ဆန်သောဝန်ဆောင်မှု ၊ ကောင်းမွန်သောဈေးနှုန်းထား ၊ charges and fees မရှိခြင်း။

  • အချိန်ကုန်မခံချင်သောသူများအတွက် အထူးသင့်လျော်ပါသည်။

Term

T+O : The same day Cut off time is 3pm.
T+1 : The next day Letter of indemnity can be used instead of cheque
T+2 : Two days Later

FX Forward ( နိုင်ငံခြားငွေကြိုတင်ဝယ်ယူခြင်း၊ရောင်းချခြင်း )

ယနေ့ခေတ်၏ အပြောင်းအလဲမြန်ဆန်၍ ခန့်မှန်းမရသော နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားများကို CB FX team နှင့် တိုင်ပင်ကာ ကြိုတင်ရက် တစ်ခုအတွက် နှုန်းထားများသတ်မှတ်၍ အရောင်းအ၀ယ် ပြုလုပ်နိုင်ပါသည်။

  • USD, EUR, SGD, THB
  • နေ့ရက်နှင့် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထားများ ကြိုတင်သတ်မှတ်ထားခြင်းဖြင့် ဈေးကွက် မတည်ငြိမ်သော ငွေလဲလှယ်မှု နှုန်းထားများအတွက် မိမိတို့၏၀င်ငွေမှ မခန့်မှန်းနိုင်သောအရှုံးများကို ကာကွယ်နိုင်ပါသည်။

Term : 1 week, 2 weeks, 3weeks,
           1 month, 2 months, 3 months


Financial Institution

Financial Institution(အခြားဘဏ်လုပ်ငန်းများအတွက်)

CB Bank သည်အခြားသော ဘဏ်လုပ်ငန်းများ၏ ငွေကြေးလိုအပ်မှုများအတွက် မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေကြေးများကို ကာလတို၊ ကာလရှည် ချေးငှားများ နှင့် နိုင်ငံခြားငွေလဲလှယ်မှုများအတွက် FX Spot, FX forward နှင့် FX swap ဟူ၍အကောင်းဆုံးဝန်ဆောင်မှုပေးပါသည်။

Foreign Exchange Services

1.   FX Spot

FX spot ဖြင့် နိုင်ငံခြားငွေအရောင်းအ၀ယ်ပြုလုပ်ရာတွင် ဈေးကွက်ပေါက်ဈေးဖြင့် အကောင်းဆုံးငွေလဲနှုန်းထားများကို ဆောင်ရွက်ပေးပါသည်။
Term : T+0, T+1, and T+2



2.   FX Forward

ပြည်တွင်းငွေလဲနှုန်းဈေးကွက်မငြိမ်မသက်မှုများကို ငွေလဲနှုန်းကြိုတင်သတ်မှတ်ပြီး မမျှော်လင့်ထားသော ဆုံးရှုံးခြင်းကိုကာကွယ်ရန် CB Bank FX team မှ FX Forwardဖြင့် အကောင်းဆုံးဆောင်ရွက်ပေးပါသည်။
Term : 1 week, 2 weeks, 3weeks,
           1 month, 2 months, 3 months



Money Market Services

1.   Foreign Currency Placement

ဘဏ်လုပ်ငန်းများ၏ နိုင်ငံခြားငွေကြေးလိုအပ်မှုများဖြည့်တင်းရန်အတွက် ကာလတို၊ ကာလရှည် ငွေချေးငှားမှုများကို သင့်တင့်သောနှုန်းထားများဖြင့် ဆောင်ရွက်ပေးပါသည်။
Term : Overnight, 1 week, 2 week, 1 month, 2 months, 3 months, 6 months and 12 months.



2.   Local Currency Placement (Myanmar Kyats)

ဘဏ်လုပ်ငန်းများ၏ မြန်မာကျပ်ငွေလိုအပ်မှုများဖြည့်တင်းရန် ကာလတို၊ ကာလရှည် ငွေချေးငှားမှုများကို Cash ဖြင့်သော်လည်းကောင်း၊ CBM Net ဖြင့်သော်လည်းကောင်း သင့်တင့်သောနှုန်းထားများဖြင့် ဆောင်ရွက်ပေးပါသည်။
Term : Overnight, 1 week, 2 week, 1 month, 2 months, 3 months, 6 months and 12 months.



3.   Local Currency Placement (Myanmar Kyats) with Other Bank’s Collateral

မြန်မာကျပ်ငွေ ချေးငှားမှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Treasury Bonds အာမခံထား၍ မူလထက်သက်သာသော ချေးငွေနှုန်းထားဖြင့် လက်ခံဆောင်ရွက်ပေးပါသည်။
Term : 1 month, 3months, 6months and 12 months.



4.   Repurchase Agreement

မြန်မာကျပ်ငွေ ကာလတို ချေးငှားမှုအတွက် repo transaction ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသတ်မှတ်ထားသော လမ်းညွန်မှုများနှင့်အညီ ငွေချေးငှားမှုများကို ဆေင်ရွက်ပေးပါသည်။



5.   Dual Currency Deposit

ကာလတိုရင်းနှီးမြှုပ်နှံမှုအနေဖြင့် မိမိ၏အခြေခံငွေကြေးနှင့် အခြားငွေကြေး (နိုင်ငံခြားငွေကြေးနှစ်မျိုး) တို့၏ ငွေဈေးအတက်အကျပေါ် မူတည်၍ မိမိပြန်လည်ရရှိသော ငွေကြေးပြောင်းလဲခြင်း၊ မပြောင်းလဲခြင်း ဖြစ်ပေါ်သည်။ ၄င်းကာလတိုရင်းနှီးမြှုပ်နှံမှုအတွက် ကာလတိုနိုင်ငံခြားချေးငွေ ကဲ့သို့ အတိုးနှုန်းရရှိမည်ဖြစ်ပါသည်။
Term : 1 week and 2 weeks.