ATM PIN reset in CB Card+ Application

ATM PIN reset in CB Card+ Application

FAQs
၁။ ATM PIN နံပါတ်ပြောင်းချင်ရင် ATM စက်အပြင် ဘယ်မှာရော PIN နံပါတ်ပြောင်းလဲလို့ရပါသလဲ။

CB Card+ Application ထဲမှာလည်း ATM PIN Reset လုပ်လို့ရပါတယ်။

၂။ CB Card+ Application ထဲမှာ ATM PIN Reset ဘယ်လိုလုပ်ရမလဲ။

CB Card+ Application ထဲမှာ ATM PIN Reset လုပ်လို့ရတဲ့ Option (2) မျိုးရှိပါတယ်။
Option (1)
Step1: CB Card+ Application ထဲသို့ ဝင်ပါ။
Step2: “ATM PIN” ပြောင်းလိုသော ကတ်ကို ရွေးပါ။
Step3: “Reset ATM PIN” ကိုနှိပ်ပါ။
Step4: မိမိထားလိုသော PIN နံပါတ် ၆ လုံး ကိုသတ်မှတ်ပါ။
Step5: မိမိထားလိုသော PIN နံပါတ် ၆လုံး ကိုပြန်လည် ထည့်သွင်းပြီး အတည်ပြုပါ။
Step6: “Confirm” ကိုနှိပ်ပါ။
Step7: အတည်ပြုရန် စာရင်းပေးသွင်းခဲ့သော ဖုန်းနံပါတ်နှင့် email လိပ်စာသို့ ပေးပို့ထားသော ဂဏန်း ၈လုံးပါ OTP အား ဖြည့်သွင်းပါ။
Step8: ATM PIN အသစ်ပြုလုပ်ခြင်း အောင်မြင်ပါပြီ။

Option (2)
Step1: CB Card+ Application ထဲသို့ ဝင်ပါ။
Step2: “More” ကိုနှိပ်ပါ။
Step3: “Card Management” ကိုနှိပ်ပါ။
Step4: “Reset ATM PIN” ကိုရွေးပါ။
Step5: “ATM PIN” ပြောင်းလိုသော ကတ်ကို ရွေးပါ။
Step6: မိမိထားလိုသော PIN နံပါတ် ၆ လုံး ကိုသတ်မှတ်ပါ။
Step7: မိမိထားလိုသော PIN နံပါတ် ၆လုံး ကိုပြန်လည် ထည့်သွင်းပြီး အတည်ပြုပါ။
Step8: “Confirm” ကိုနှိပ်ပါ။
Step9: အတည်ပြုရန် စာရင်းပေးသွင်းခဲ့သော ဖုန်းနံပါတ်နှင့် email လိပ်စာသို့ ပေးပို့ထားသော ဂဏန်း ၈လုံးပါ OTP အား ဖြည့်သွင်းပါ။
Step10: ATM PIN အသစ်ပြုလုပ်ခြင်း အောင်မြင်ပါပြီ။

၃။ CB Card+ Application ထဲမှာ CB Bank Card အားလုံးကို ATM PIN Reset လုပ်လို့ရပါသလား။

CB Card+ Application ထဲမှာဆိုရင် Credit နဲ့ Prepaid ကတ်များကိုပဲ ATM PIN Reset ပြုလုပ်လို့ရပါတယ်။

၄။ ATM PIN ပြောင်းပြီးလျှင် ချက်ချင်းအသုံးပြု၍ ရပါသလား။

ATM PIN နံပါတ် ပြောင်းလဲချင်းအောင်မြင်သွားပြီးသည်နှင့် ချက်ချင်းအသုံးပြု၍ ရပါတယ်။

၅။ ATM PIN ကို မည်သည့်နေရာများတွင် အသုံးပြုရန် လိုအပ်ပါသနည်း။

ATM တွင် ငွေထုတ်သည့်အခါနှင့် အချို့POS စက်အသုံးပြုသည့်အခါ များတွင် ATM PIN ရိုက်ထည့်ပေးဖို့ လိုအပ်ပါတယ်။