• Personal Banking
  • Accounts
  • Traditional Savings Deposit Account (or) Passbook Savings

သမားရိုးကျ ငွေစုဘဏ်အပ်ငွေစာရင်း( Traditional Savings Deposit Account (or) Passbook Savings )

  • အနည်းဆုံး ကနဦး စာရင်းဖွင့်ငွေ - ၁,၀၀၀/- ကျပ် ဖြင့်စာရင်းဖွင့်နိုင်ပါသည်။
  • အတိုးနှုန်း - ၈.၂၅% (တစ်နှစ်လျှင်)
  • ငွေသား၊ ချက်လက်မှတ် (သို.) ငွေပေးအမိန်. (သို.) စာရင်းပြောင်းဆောင်ရွက်ခြင်းတို့ ဖြင့်လည်း ငွေပေးသွင်းနိုင်ပါသည်။

Download

File Type: PDF
Download Flyer


၁။ စာရင်းဖွင့်ခြင်း

  • ၁-၁ တစ်ဦးတည်းဖြစ်စေ၊ တစ်ဦးထက်ပိုသောတွဲဖက်စာရင်းဖြစ်စေ၊ အဖွဲ့အစည်းအမျိုးမျိုးဖြစ်စေ စာရင်းဖွင့်နိုင်ပါသည်။
           (က) လူပုဂ္ဂိုလ်တစ်ဦးချင်းစာရင်း၊
           (ခ) နှစ်ဦးတွဲဖက်စာရင်း၊
           (ဂ) နှစ်ဦးထက်ပိုသောတွဲဖက်စာရင်း၊
           (ဃ) အလုပ်တိုက်၊ အစုစပ်လုပ်ငန်း၊ ကုမ္ပဏီလီမိတက်၊ သမဝါယမအသင်း၊ ငွေစုငွေချေးနှင့်ငွေကြေးအဖွဲ့အစည်း၊ ဌာနဆိုင်ရာဝန်ထမ်းရန်ပုံငွေအဖွဲ့၊ သာရေးနာရေးအသင်းအဖွဲ့၊ ယုံမှတ်အပ်နှံငွေထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းစာရင်း။

  • ၁-၂ လူပုဂ္ဂိုလ်အမည်စာရင်းအတွက် စာရင်းဖွင့်လိုသူကိုယ်တိုင်ဘဏ်သို့လာရောက်ရပါမည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားယူဆောင်လာရပါမည်။

  • ၁-၃ ကုမ္ပဏီအဖွဲ့အစည်းများအတွက် သင်းဖွဲ့စည်းမျဉ်း၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ လုပ်ငန်းအမျိုးအစားလိုင်စင်များနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့အမည်စာရင်း၊ စာရင်းဖွင့်ရန်ဒါရိုက်တာအဖွဲ့အစည်း မှတ်တမ်းနှင့်ဆုံး ဖြတ်ချက်များ၊ ကုမ္ပဏီအဖွဲ့အစည်း၏ကိုယ်စား ငွေသွင်းငွေထုတ်ပြုလုပ်မည့် ပုဂ္ဂိုလ်များအမည်စာရင်းနှင့် လက်မှတ်နမူနာများ၊ ရုံးတံဆိပ်တုံးများကို ယူဆောင်လာရပါမည်။
  • ၁-၄ အနည်းဆုံး ကျပ်(၁,၀၀၀/-)ဖြင့် စာရင်းဖွင့်နိုင်ပါသည်။ ငွေစုဘဏ်စာအုပ် (Savings Passbook) ကိုဘဏ်ကအခမဲ့ထုတ်ပေးပါသည်။

၂။ ငွေပေးသွင်းခြင်း

  • ၂-၁ ငွေစုဘဏ်စာရင်းသို့ ငွေပမာဏနှင့်အကြိမ်အကန့်အသတ်မရှိ ပေးသွင်းနိုင်ပါသည်။
  • ၂-၂ ငွေသားပေးသွင်းခြင်း၊ ချက်လက်မှတ်၊ ငွေပေးအမိန့်၊ ငွေလွှဲလက်မှတ် စသည်တို့ကို စာရင်းပြောင်းခြင်း (Transfer) ၊ စာရင်းရှင်းခြင်း (Clearing) နှင့် ငွေကောက်ခံခြင်း (Collection) နည်းများဖြင့် ပေးသွင်းနိုင်ပါသည်။
  • ၂-၃ ငွေသားပေးသွင်းခြင်းအတွက် ဘဏ်မှငွေသွင်းလွှာ (Pay–In-Slip) တွင် စာရင်းအမည်၊ စာရင်းအမှတ်နှင့် ပေးသွင်းငွေပမာဏတို့ကို ဖော်ပြအသုံးပြုနိုင်ပါသည်။ ငွေသွင်းလွှာ (Pay-In-Slip) ကိုဘဏ်က အခမဲ့ထုတ်ပေးပါသည်။
  • ၂-၄ ငွေပေးသွင်းသည့်အခါတိုင်း (သာမန်အားဖြင့်) ငွေစုဘဏ်စာအုပ်ကို ယူဆောင်လာရပါမည်။ ကိုယ်စားလှယ်ဖြင့်လည်းငွေပေးသွင်းနိုင်ပါသည်။
  • ၂-၅ ချက်လက်မှတ်များ၊ ငွေလွှဲလက်မှတ်များ၊ ငွေပေးအမိန့်လွှာများကို ဘဏ်စာရင်းသို့ပေးသွင်းသည့်အခါ ယင်းတို့ကိုမျဉ်းသားခြင်း (Crossing) ပြုလုပ်ပြီးမှသာ ပေးသွင်းရပါမည်။(မျဉ်းသားခြင်းဆိုသည်မှာ-ငွေသားထုတ်ယူရန်မဟုတ်သည့် ချက်လက်မှတ်စသည်များ၏ လက်ဝဲဘက်အပေါ်ထောင့်တွင် ½” မျဉ်းပြိုင်နှစ်ကြောင်းကိုကန့်လန့်ဖြတ်၍ ရေးဆွဲရပါသည်။ အထူးမျဉ်းသားချက်ဖြစ်စေရန် မျဉ်းပြိုင်နှစ်ကြောင်းအတွင်း၌ Not Negotiable, A/C Payee Only ဟုရေးသားနိုင်ပါသည်။)
  • ၂-၆ အခြားဘဏ်မှ ချက်လက်မှတ်များကို နံနက် (၁၁:၃၀) နာရီအတွင်းလက်ခံရရှိပါက နေ့ချင်းစာရင်းရှင်းလင်းကောက်ခံပေးပါမည်။ (၁၁:၃၀)နာရီကျော်မှ လက်ခံရရှိပါက နောက်တစ်နေ့ဘဏ်ဖွင့်ချိန်တွင်စာရင်း ရှင်းလင်းကောက်ခံပေးပါမည်။

၃။ ငွေထုတ်ယူခြင်း

  • ၃-၁ ငွေပမာဏနှင့်အကြိမ်အကန့်အသတ်မရှိ ထုတ်ယူနိုင်ပါသည်။ ဘဏ်ကငွေထုတ်လွှာ (Withdrawal Form) ကိုအခမဲ့ထုတ်ပေးပါသည်။
  • ၃-၂ ငွေထုတ်ပေးရန်မှတပါး တခြားစည်းကမ်းသတ်မှတ်ချက်တစုံတရာမပါရှိရပါ။
  • ၃-၃ အနည်းဆုံးလက်ကျန်ငွေ ကျပ်(၁,၀၀၀/-) ချန်လပ်ထားရပါမည်။
  • ၃-၄ ငွေထုတ်ယူရန်ဘဏ်သို့လာရောက်သည့်အခါ ငွေစုဘဏ်စာအုပ်ကိုတပါတည်းယူဆောင်လာခြင်းဖြင့် ဘဏ်စာရင်းများကို ချက်ချင်းရေးသွင်းနိုင်ပါသည်။
  • ၃-၅ စာရင်းရှင်းလင်းကောက်ခံဆဲ ချက်လက်မှတ်စသည်များ၏တန်ဖိုးငွေများကို စာရင်းရှင်းလင်းကောက်ခံရရှိပြီး၍ သက်ဆိုင်ရာစာရင်းသို့ပေးသွင်းပြီးမှသာ ထုတ်ယူခွင့်ရှိပါသည်။ Against Clearing ထုတ်ယူလိုပါက လက်ထောက်အထွေထွေမန်နေဂျာထံ တင်ပြပြီးခွင့်ပြုချက်ရလျှင် ထုတ်ပေးနိုင်သည်။
  • ၃-၆ ငွေထုတ်လွှာပေါ်တွင် ထုတ်ပေးရမည့်ငွေပမာဏကို တိကျပီပြင်စွာဖော်ပြရပါမည်။ စာဖြင့်ရေးသားသည့်ငွေပမာဏနှင့် ဂဏန်းဖြင့်ဖော်ပြသည့် ငွေပမာဏ (၂)ရပ်ကိုက်ညီရပါမည်။ မကိုက်ညီပါကငွေထုတ်ပေးရန် ဘဏ်ကငြင်းပယ်ခွင့်ရှိပါသည်။ (သို့မဟုတ်) နည်းရာငွေပမာဏကိုသာ ထုတ်ပေးနိုင်ပါသည်။ (သို့မဟုတ်) စာဖြင့်ဖော်ပြထားသည့်ငွေပမာဏကိုသာထုတ်ပေးနိုင်ပါသည်။
  • ၃-၇ ငွေထုတ်လွှာပေါ်တွင် ထုတ်ယူမည့်ငွေပမာဏကိုဖော်ပြရာတွင် စာ/ဂဏန်းများရှေ့နှင့်နောက်တွင်ဖြစ်စေ၊ ကြားတွင်ဖြစ်စေ ထပ်မံဖြည့်စွက်ရေးသားခြင်းမပြုနိုင်အောင် ကွက်လပ်မချန်ပဲရေးသားရပါမည်။ ဥပမာ- ကျပ် ၉၁၀၀/- (ကျပ်ကိုးထောင်တစ်ရာတိတိ) ဟူ၍ ဂဏန်း၏ရှေ့တွင် “ကျပ်” စာလုံးခံပြီး ဂဏန်း၏နောက်တွင် (/-) ဟုဖော်ပြရပါမည်။ စာဖြင့်ရေးလျှင် ရှေ့တွင် “ကျပ်” စာလုံးခံပြီး နောက်က “တိတိ” ဖြင့် အဆုံးသတ်ရပါမည်။
  • ၃-၈ ငွေထုတ်လွှာပေါ်တွင် စာရင်းပိုင်ရှင်က လက်မှတ်ရှည်ရေးထိုးပေးရပါမည်။ ဘဏ်တွင်စာရင်းဖွင့်စဉ်ကပေးအပ်ထားသောလက်မှတ်နမူနာများနှင့် ပုံသဏ္ဍာန်ဟန်ပန်များ အားလုံးတူညီရပါမည်။
  • ၃-၉ ကိုယ်စားလှယ်ဖြင့် ငွေထုတ်ယူလိုပါက ငွေစုဘဏ်စာအုပ်နှင့်အတူ ငွေထုတ်လွှာပေါ်တွင် ကိုယ်စားလှယ်၏အမည်၊ မှတ်ပုံတင်အမှတ်၊ လိပ်စာအပြည့်အစုံဖော်ပြလျှက် ကိုယ်စားလှယ်၏လက်မှတ်နမူနာကို ရေးထိုးစေပြီး မှန်ကန်ကြောင်းစာရင်းပိုင်ရှင်ကအတည်ပြုလက်မှတ်ရေးထိုးပေးရပါမည်။ ငွေစုစာအုပ်မပါလျှင် ထုတ်ခွင့်မပြုပါ။
  • ၃-၁၀ ငွေထုတ်ယူမည့်သူ၏ အမည်(စာရင်းအမည်)၊ စာရင်းအမှတ်၊ ငွေပမာဏနှင့် နေ့စွဲတို့ကို ရေးသားထားပြီး တစ်ခုခုကိုပြန်လည်ပြင်ဆင်လိုပါက မူလအရေးအသား ပေါ်တွင် ထပ်ရေးခြင်း၊ ဖိရေးခြင်းမပြုရပါ။ အမှားကိုမျဉ်းကြောင်းဖြင့်ရေးဖျက်ပြီး လက်မှတ်ရှည်ရေးထိုးအတည်ပြုလျှက်အမှန်ကို အသစ်ရေးသားဖော်ပြရပါမည်။ ပြင်ဆင်ချက်များအပေါ်စာရင်းပိုင်ရှင်က လက်မှတ်ရှည်ရေးထိုးထားခြင်းမရှိသော ငွေထုတ် လွှာအတွက် ငွေထုတ်ပေးရန် ဘဏ်ကငြင်းပယ်နိုင်ပါသည်။
  • ၃-၁၁ စာရင်းဖွင့်စဉ် တံဆိပ်တုံးအသုံးပြုရန်ဖော်ပြခဲ့လျှင် ငွေထုတ်ယူသည့်အခါတိုင်း ယင်းတံဆိပ်တုံးကိုအသုံးပြုရပါမည်။
  • ၃-၁၂ စာရင်းပိုင်ရှင်၏လိပ်စာ၊ ဖုန်းနံပါတ်စသည်တို့ပြောင်းလဲမှုရှိတိုင်း ဘဏ်သို့အကြောင်းကြားရပါမည်။

၎။ အခြား CB Bank တွင် ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း

  • ၄-၁ အခြား CB Bank မှငွေထုတ်ယူလျှင် Savings Passbook ပါရမည်။ ကိုယ်တိုင်ထုတ်ယူရမည်။ ကိုယ်စားထုတ်ခွင့်မပြုပါ။
  • ၄-၂ CB Bank ငွေစုဘဏ်စာအုပ် (Savings Passbook) ဖြင့်အခြားCB Bank တွင် ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ပါသည်။ (နယ်မြေကျော်လွန်လျှင် ငွေလွှဲခပေးဆောင်ရပါမည်။)

၅။ ငွေစုဘဏ်စာအုပ်

  • ၅-၁ ငွေစုဘဏ်စာအုပ်တွင် တရားမဝင်ရေးသားခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ အမှတ်အသားပြုခြင်းများ မပြုလုပ်ရပါ။
  • ၅-၂ ငွေစုဘဏ်စာအုပ် ပျက်စီး/စွန်းထင်းလျှင်ဘဏ်သို့ ချက်ချင်းအကြောင်းကြားရပါမည်။ စာအုပ်မိတ္တူထုတ်ပေးပါမည်။ ပျောက်ဆုံးသည့်ငွေစုဘဏ်စာအုပ်အတွက် စာရင်းပိတ်ပြီး စာရင်းပြန်ဖွင့်ပေးမည်။
  • ၅-၃ သုံးစွဲကုန်ဆုံးသွားသော ငွေစုဘဏ်စာအုပ်အတွက် ဘဏ်မှစာအုပ်အသစ်ကို အခမဲ့ထုတ်ပေးပါမည်။
  • ၅-၄ ငွေစုဘဏ်စာအုပ်ကို လုံခြုံစွာသိမ်းဆည်းထားရပါမည်။

၆။ အတိုးခံစားခွင့်

  • ၆-၁ လက်ရှိအတိုးနှုန်းမှာ တစ်နှစ်လျှင် ၈.၂၅% ဖြစ်ပါသည်။
  • ၆-၂ လစဉ်လဆန်း (၆) ရက် နေ့နံနက်မှ လကုန်ရက်အတွင်းရှိ အနည်းဆုံးလက်ကျန်ငွေပေါ်တွင် တစ်လလုံးအတွက် အတိုးတွက်ချက်ပေးမည်။
  • ၆-၃ အနည်းဆုံးလက်ကျန်ငွေကျပ် (၁,၀၀၀/-) နှင့်အထက်ရှိသောစာရင်းများကိုသာ အတိုးတွက်ချက်ပေးပါမည်။
  • ၆-၄ အတိုးငွေများကို မတ်လ၊ ဇွန်လ၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလကုန်ရက်များတွင် တွက်ချက်ပေးပြီး Customer စာရင်းထဲသို့ တိုက်ရိုက်ထည့်ပေးပါမည်။

၇။ အထူးလျှို့ဝှက်ခြင်း

  • စာရင်းပိုင်ရှင်နှင့်ပတ်သတ်သော အချက်အလက်အားလုံးကို ဘဏ်ကအထူးလျှို့ဝှက်ထားပါသည်။
  • ဘဏ်အမှုထမ်းတိုင်းကလည်း အလုပ်ခန့်ထားစဉ်ကပင် လျှို့ဝှက်ချက်များထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ဝန်ခံချက်လက်မှတ်ရေးထိုးထားပြီးဖြစ်ပါသည်။

၈။ ၀န်ဆောင်ခများ

  • ငွေစုဘဏ်စာရင်းများအတွက် စာရင်းထိန်းသိမ်းခလုံးဝမယူပါ။
  • စာရင်းပိုင်ရှင်၏ညွှန်ကြားချက်အရ စာရင်းမှအချိန်မှန်ထုတ်နှုတ်ဆောင်ရွက်ပေးရခြင်းများအတွက် ဘဏ်ကသတ်မှတ်ထားသော နှုန်းထားအတိုင်းကောက်ခံပါမည်။
  • စာအုပ်ပျောက်ဆုံးခ - ၅၀၀/- ကျပ်
  • စာရင်းဖွင့်ပြီး (၃)လ အတွင်း စာရင်းပယ်ဖျက်လျှင် ပေးဆောင်ရမည့်စရိတ် - ၁,၀၀၀/- ကျပ်
  • CB to CB စာရင်းပြောင်းဖွင့်လျှင် - အခမဲ့ ၊ နယ်မြေကျော်လွန်စာရင်းပြောင်းဖွင့်ပါက ပြည်တွင်းငွေလွဲခနှုန်းအတိုင်း ပေးဆောင်ရပါမည်။

၉။ စာရင်းပိုင်ရှင်ကွယ်လွန်ခြင်း

  • ၉-၁ စာရင်းပိုင်ရှင်ကွယ်လွန်လျှင် အမွေစားအမွေခံများ(သို့မဟုတ်) တရားဝင်အမွေဆက်ခံခွင့်ရသူများသို့ စာရင်းလက်ကျန်ငွေကို ထုတ်ပေးပါမည်။ အမည်လွှဲပြောင်းစာရင်းဖွင့်လိုပါက စာရင်းသစ်ဖွင့်ပေးပါမည်။
  • ၉-၂ တစ်ဦးထက်ပိုသောတွဲဖက်စာရင်းမှ တစ်ဦးဦးကွယ်လွန်လျှင် စာရင်းလက်ကျန်ငွေကို ကျန်အမည်ပါသူများသို့ ထုတ်ပေးပါမည်။ စာရင်းအသစ်ဖွင့်လိုပါက ဖွင့်ပေးပါမည်။
  • ၉-၃ အဖွဲ့အစည်း/ အသင်း/ ကုမ္ပဏီစာရင်းအတွက် ငွေသွင်းငွေထုတ်လုပ်ခွင့်ရှိသူ တစ်ဦးဦးကွယ်လွန်ပါက ၄င်း၏ရာထူးကို ဆက်ခံသူက ဆက်လက်တာဝန်ယူ  လက်မှတ်ရေးထိုး    မည်ဖြစ်ကြောင်း အစည်းအဝေး ဆုံးဖြတ်ချက်/အမိန့်စာတို့ကို ဘဏ်သို့ပေးပို့၍ လက်မှတ်နမူနာပေးထားရပါမည်။
  • ၉-၄ မည်သည့်အချိန်အခါမဆို ပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) တစ်ဦးထက်ပို၍ပူးတွဲစာရင်းဖွင့်လှစ်ထားသည့် ဘဏ်စာရင်းမှ စာရင်းပိုထုတ်ငွေထုတ်ယူထားခဲ့လျှင် စာရင်းအမည်ပေါက်သူအားလုံး (သို့မဟုတ်) ၄င်းတို့ကွယ်လွန်လျှင် ၄င်းတို့၏အမွေစားမွေခံများ၊ တရားဝင်ကိုယ်စားလှယ်များက တစ်ဦးချင်းသီးခြားစီသော်လည်းကောင်း၊ ပူးတွဲ၍သော်လည်းကောင်း ပြန်လည်ပေးဆပ်ရန်တာဝန်ရှိပါသည်။ ပူးတွဲစာရင်းထားရှိသူများသည် မိမိတို့အတွက်သော်လည်းကောင်း၊ မိမိတို့တရားဝင် ကိုယ်စားလှယ်အတွက်သော်လည်းကောင်း ပူးတွဲစာရင်းနှင့်သင့်ရောက်သည့် မည်သည့်ပေးရန်တာဝန်ကိုမဆို တစ်ဦးစီသီးခြား၍ဖြစ်စေ၊ အားလုံးပူးတွဲ၍ဖြစ်စေ တာဝန်ယူရာရောက်သည်ဟုမှတ်ယူရပါမည်။

၁၀။ ချက်လက်မှတ်များကောက်ခံခြင်း

အခြားဘဏ်များမှ ချက်လက်မှတ်စသည့် စာချုပ်စာတမ်းများကို ကောက်ခံ၍စာရင်းပေးသွင်းခြင်းကိစ္စများတွင် ငွေကောက်ခံရ၍ စာရင်းပေးသွင်းပြီးကြောင်းပြေစာကို ရယူရန်နှင့် ငွေကောက်ခံမရရှိပဲ ငြင်းပယ်ခံရပါက ပေးသွင်းထားသော ချက်လက်မှတ်စသည်တို့ကို အချိန်မီပြန်လည်ရယူရန် စာရင်းပိုင်ရှင်က သတိပြုရပါမည်။

၁၁။ အထူးညွှန်ကြားချက်များ

  • ၁၁-၁ အောက်ဖော်ပြပါ ကိစ္စရပ်များနှင့်အလားတူကိစ္စများကို စာရင်းပိုင်ရှင်ကိုယ်စား ဘဏ်ကဆောင်ရွက်ပေးရန် အမြဲတမ်းညွှန်ကြားချက်များ (Standing Instructions) ကိုဘဏ်သို့ပေးထားနိုင်ပါသည်။
    • (က) အချိန်မှန်ဆောင်ရွက်ရမည့်ငွေပေးချေခြင်းများ၊ (ဥပမာ - အသက်အာမခံပရီမီယံကြေးများ)
    • (ခ) အခါအားလျော်စွာပေးသွင်းရမည့်ကိစ္စရပ်များ၊ (ဥပမာ - အစုရှယ်ယာငွေပေးသွင်းခြင်း၊ တယ်လီဖုန်းကြေး၊ လျှပ်စစ်မီတာခနှင့် စည်ပင်အခွန်အခများပေးသွင်းခြင်း)
    • (ဂ) စာရင်းတစ်ခုနှင့်တစ်ခု ဆက်နွယ် (Link) ဆောင်ရွက်ရမည့်ကိစ္စများ၊
    • (ဃ) စတော့ရှယ်ယာနှင့် နိုင်ငံခြားငွေစသည်များရောင်းဝယ် / ရင်းနှီးလိုခြင်းများအတွက်ပေးချေရန်ရှိသည့် ကိစ္စရပ်များ။
  • ၁၁-၂ ငွေစုဘဏ်စာရင်းကို စာရင်းရှင်စာရင်းများနှင့်ဆက်နွယ် (Link) ပေးထားရန်ညွှန်ကြားထားနိုင်ပါသည်။ စာရင်းရှင်စာရင်း၌ ငွေမလုံလောက်သည့်အခါ ငွေစုဘဏ်စာရင်းမှငွေကို လွယ်ကူစွာ လွှဲပြောင်းထုတ်ယူနိုင်ပါသည်။
  • ၁၁-၃ အထက်ပါကိစ္စရပ်များဆောင်ရွက်ခြင်းအတွက် ဘဏ်ကသတ်မှတ်ထားသော ဝန်ဆောင်ခကိုသာကောက်ခံယူမည်ဖြစ်ပါသည်။

၁၂။ စာရင်းပိတ်ခြင်း

  • ၁၂-၁ ခိုင်လုံသော အကြောင်းတစ်စုံတစ်ရာရှိပါက ဘဏ်အနေဖြင့် စာရင်းပိုင်ရှင်ထံကြိုတင်အကြောင်းကြား၍ ဘဏ်စာရင်းကိုပိတ်ခွင့်ရှိပါသည်။
  • ၁၂-၂ မိမိဆန္ဒအလျောက်စာရင်းပိတ်လိုပါက လူကိုယ်တိုင်မှတ်ပုံတင်မူရင်းဖြင့် လာရောက်စာရင်းပိတ်နိုင်ပါသည်။ စာရင်းပိတ်ရာတွင် ရသင့်သောအတိုးကို တွက်ချက်ပေါင်းထည့်၍ လက်ကျန်ငွေအားလုံးပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။
  • ၁၂-၃ စာရင်းပိတ်ပြီးသောအခါ ယင်းစာရင်းအတွက်ဘဏ်ကထုတ်ပေးထားသော ငွေစုဘဏ်စာအုပ်ကိုဘဏ်သို့ ပြန်လည်ပေးအပ်ရပါမည်။
  • ၁၂-၄ IBC ဖြင့်စာရင်းပိတ်နိုင်သည်။ နယ်မြေကျော်လွန်လျှင် ငွေလွှဲခပေးဆောင်ရမည်။

၁၃။ စည်းမျဉ်းကိုပြင်ဆင်ခြင်း

  • ၁၃-၁ ခိုင်လုံသော အကြောင်းတစ်စုံတစ်ရာရှိပါက ဘဏ်အနေဖြင့် စာရင်းပိုင်ရှင်ထံကြိုတင်အကြောင်းကြား၍ ဘဏ်စာရင်းကိုပိတ်ခွင့်ရှိပါသည်။
  • ၁၃-၂ သမဝါယမဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့သည် ဤငွေစုဘဏ်စာရင်းစည်းမျဉ်းများကို အခါအားလျော်စွာဖြည့်စွက် / နှုတ်ပယ် / ပြင်ဆင်ခွင့်ရှိသည်။
  • ၁၃-၃ ပြင်ဆင်ချက်ကို တစ်ဦးချင်းသို့သီးခြားအသိပေးအကြောင်းကြားမည်မဟုတ်ပဲ သတင်းစာတွင်ဖြစ်စေ၊ ဘဏ်ကြော်ငြာသင်ပုန်းတွင်ကပ်ထား၍ဖြစ်စေ အသိပေးမည်ဖြစ်ပါသည်။