MMQR Digital Payment Switch System

MMQR Digital Payment Switch System

အချိန်ကုန်သက်သာပြီး လုံခြုံမှုမြင့်မားတဲ့ MMQR Digital Payment Switch System

MMQR ဆိုတာ ဘာလဲ?
တိုးတက်လာသောနည်းပညာများနှင့်အညီ ယခုခေတ်တွင် ငွေသားအစား ဒစ်ဂျစ်တယ် ငွေပေးချေမှုများကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ တွင်ကျယ်စွာ အသုံးပြုလာကြပါသည်။ ဘဏ်ကတ်များ၊ Credit Card များ ကို အသုံးပြုမှုများသာမက အွန်လိုင်းဘဏ်စနစ်၊ မိုဘိုင်းလ်ဘဏ်စနစ် စသည့် ဒစ်ဂျစ်တယ်ငွေပေးချေစနစ်များကို သုံးစွဲကြရာမှ နောက်ဆုံးပေါ် နည်းလမ်းတစ်ခုဖြစ်သည့် OA ဖြင့် ပေးချေခြင်းသည် ပိုမိုတွင်ကျယ် ခေတ်စားလာပါသည်။

MMQR ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (Central Bank of Myanmar - CBM) ၏ ဦးဆောင်ကြီးကြပ်မှုနဲ့အတူ မြန်မာနိုင်ငံရှိဘဏ်များအားလုံး ပူး‌ပေါင်းပါဝင်ထားသော Digital Payment Switch QR System ဖြစ်ပါသည်။
MMQR Digital Payment Switch System သည် QR Payment System ကိုသာသုံးပြီး Centralize လုပ်ထားသည့်အတွက် လက်ရှိပြည်တွင်းဈေးကွက်ရှိ Digital payment switch နှင့်ချိတ်ဆက်ထားသော Mobile Wallet များမှ MMQR ကို Scan ဖတ်ရုံဖြင့် ငွေပေးချေမှုလုပ်ငန်းစဉ်ကို လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်မှာဖြစ်ပါသည်။

MMQR အသုံးပြုမည့် Merchant များအနေနဲ့ မတူညီတဲ့ Bank, Mobile Wallet, Digital Payment များရဲ့ QR Code များစွာ အသုံးပြုရန် မလိုအပ်တော့ဘဲ MMQR Scan တစ်ခုတည်းနဲ့ Mobile Wallet များမှတစ်ဆင့် ဘယ်လိုငွေပေး ချေမှုမျိုးကိုမဆို လွယ်ကူလျင်မြန်စွာ ငွေလက်ခံနိုင်မှာ ဖြစ်ပါသည်။ ငွေလက်ခံမည့် နှစ်သက်ရာ Mobile Wallet တစ်ခုရှိထားဖို့သာ လိုအပ်ပါသည်။
Customer ၏ မိုဘိုင်းလ်ဖုန်းဖြင့် ရောင်းချသူဆိုင်ပိုင်ရှင်ရဲ့ ငွေလက်ခံ MMQR Code ကို Scan ဖတ် ပေးချေရုံသာဖြစ်သည့်အတွက် ငွေသားကိုင်တွယ်အသုံးပြုရန်မလိုဘဲ ငွေပေးချေမှုကို ပိုမိုမြန်ဆန်လွယ်ကူစေပါသည်။

CB Bank MMQR စနစ်၏ အားသာချက်များ

  • ငွေပေးချေမှုများကို ပိုမိုချောမွေ့လွယ်ကူစေခြင်း
  • ငွေရှင်းရာတွင် အချိန်ကုန်သက်သာပြီး မြန်ဆန် လွယ်ကူခြင်း
  • ငွေသားကိုင်တွယ် အသုံးပြုမှုကို လျှော့ချနိုင်ခြင်း
  • အရောင်းစာရင်းများကို အချက်အလက်နှင့် တိတိကျကျ စိစစ်ခွဲခြမ်းနိုင်ခြင်း
  • Transaction များကို CB Merchant Portal (သို့မဟုတ်) CB Merchant+ App တွင် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ခြင်း
  • ကုန်ပစ္စည်းရောင်းချငွေများကို Real Time လက်ခံရရှိခြင်း
  • သင်၏ဆိုင်တွင် CB MMQR အသုံးပြုနိုင်ရန် အမြန်တပ်ဆင်ပေးခြင်းနှင့် After-Sale Service စီစဉ်ဆောင်ရွက်ပေးခြင်း
  • ငွေသားစီမံခန့်ခွဲမှုအတွက် Manpower လျှော့ချပြီးသားဖြစ်ခြင်း

မတူညီသော Mobile Wallet များမှ ငွေပေးချေမှုအားလုံးကို MMQR Scan တစ်ခုတည်းဖြင့် လက်ခံနိုင်ဖို့ CB Bank နှင့် ချိတ်ဆက်ဆောင်ရွက်လိုက်ပါ။
CB Bank MMQR အကြောင်း အသေးစိတ်သိရှိလိုပါက -
Email လိပ်စာ : cbmmqr@cbbank.com.mm
ဖုန်းနံပါတ် : 09 - 262108714 နှင့် CB Bank Contact Center (09- 2 5555 7777) သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်