Announcement to CB Bank Customers

Announcement to CB Bank Customers

CB Bank အနေဖြင့် Customer ကြီးများ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုးစားဆောင်ရွက်လျက်ရှိရာ ယခုသီတင်းပတ်အတွင်း ဖွင့်လှစ်ဝန်ဆောင်မှုပေးသွားမည့် ဘဏ်ခွဲများအသီးသီးနှင့် အဆိုပါဘဏ်များတွင် ရရှိနိုင်မည့် ဝန်ဆောင်မှုများကို လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ထို့ပြင် Special Account ဝန်ဆောင်မှုသီးသန့်ပေးမည့် ဘဏ်ခွဲများ၊ Digital Token ရယူထားသူများ ငွေသားထုတ်ယူနိုင်မည့် ဘဏ်ခွဲများနှင့် ပုံမှန်ဝန်ဆောင်မှုပေးမည့် ဘဏ်ခွဲများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ ယခုသီတင်းပတ်အတွင်း ဝန်ဆောင်မှုပေးမည့် ဘဏ်ခွဲများစာရင်းကိုလည်း အောက်ဖော်ပြပါပုံများတွင် အသေးစိတ်လေ့လာကြည့်ရှုနိုင်ပါသည်။

COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် Digital Banking Channel များဖြစ်သည့် CRM (ငွေသွင်းစက်), CB Pay, iBanking, Mobile Banking နှင့် CB Bank Card များကို အသုံးပြု၍ ငွေလွှဲခြင်း၊ e-Commerce များ၊ POS များမှ ဈေးဝယ်ခြင်းနှင့် ငွေပေးချေခြင်း၊ Mobile Top Up နှင့် Bill Payment များကို ၂၄ နာရီ ပိတ်ရက်မရှိ ပြုလုပ်နိုင်ရန် စီစဉ်ထားရှိပါသည်။

Customer များအနေဖြင့် ဘဏ်ခွဲများ ၊ ATM များတွင် ဝန်ဆောင်မှုများရယူရာ၌ COVID-19 ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း အထူးလိုက်နာပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။

Download Branch Opening List

Download Available Digital Token List

Download Special Account Opening Branch List