အချိန်ပိုင်းရက်တို အပ်ငွေ (15 Days Bonus Plus Fixed Deposit)

အချိန်ပိုင်းရက်တို အပ်ငွေ (15 Days Bonus Plus Fixed Deposit)

အပ်နှံကာလ (၁၅) ရက်ထားရုံဖြင့် အတိုးနှုန်း (၈.၅%) ရရှိနိုင်မည့် အချိန်ပိုင်းရက်တို အပ်ငွေအမျိုးအစားအား CB Bank တွင် ၃၁.၇.၂၀၂၄ မှစတင်၍ ဖွင့်လှစ်ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။

ရက်တိုအပ်နှံငွေဖြစ်သည့်အတွက် ငွေကြေးလည်ပတ်မှု (cash flow) နှောင့်နှေးခြင်းမရှိဘဲ သတ်မှတ်အတိုးနှုန်းအပြင် Rollover (သက်တမ်းတိုး) တစ်ကြိမ်ပြုလုပ်တိုင်း (၀.၁%) အား Bonus အဖြစ် ထပ်ပေါင်းတွက်ချက်ပေးမည်ဖြစ်ပြီး သက်တမ်းတိုး (၇) ကြိမ်အထိ ၎င်း Bonus အားရရှိနိုင်မည်ဖြစ်ပါသည်။

အနည်းဆုံးအပ်နှံငွေပမာဏ ကျပ်သိန်း (၁၀၀) မှစတင်၍ နီးစပ်ရာ CB Bank ဘဏ်ခွဲများတွင် လာရောက်အပ်နှံနိုင်သကဲ့သို့ CB Pay App နှင့် iBanking တို့ကိုအသုံးပြု၍လည်း အပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။