Fixed Deposits Account (စာရင်းသေအပ်ငွေစာရင်း)
ယခု ငွေစုစာရင်း သည် ငွေအပ်နှံထားသည့် သက်တမ်း အပေါ်မူတည်၍ အခြားဘဏ်စာရင်းများထက် အတိုးနှုန်း ကို ပိုမို တွက်ပေးသော ငွေစု ဘဏ်စာရင်းဖြစ်ပါသည်။
-
များများစုပြီး များများတိုးပွားမည် - သာမန်ငွေစုစာရင်း ထက် ပိုမိုများပြားသော အတိုးနှုန်းများကို ခံစားနိုင်ဖို့ အခွင့်ကောင်းယူလိုက်ပါ။ နှစ်စဉ်တိုး ၉.၅% မှ ၁၀.၅% အထိ အတိုးနှုန်းများကို သေချာပေါက်ပြန်လည် ရရှိမှာ ဖြစ်ပြီး လွယ်ကူ လျှင်မြန်စွာ နဲ့ မိမိတို့ ၏ အပိုငွေများကို လုံခြုံစိတ်ချစွာ နဲ့ တိုးပွားနိုင်မည့် အခွင့်အရေးပါ။ ငွေစုစာရင်း ပိုင်ရှင် သင်သည် သင်အပ်နှံ့ မည့် ငွေ အား အချိန်ကာလ သတ်မှတ်မှုတစ်ခု ရွေးချယ်ပြီး ထိုကာလ နှင့် အလိုက် အတိုးနှုန်း ကို ခံစားနိုင်ပါသည်။
-
သင်၏ လိုအပ်ချက်အတိုင်း ရွေးချယ်နိုင်မှုများ - သင့်အတွက် အဆင်ပြေဆုံး ရင်နှီးမှု ကာလ ကို ၁လ မှ ၁နှစ်ထိ ရွေးချယ်နိုင်ပါသည်။ သက်တမ်းပြည့်သွားသည့် ရင်းနှီးမြုပ်နှံ့မှုများအတွက် အတိူးအရင်းပေါင်း ပမာဏ အသစ်ဖြင့် ဆက်လက် ရင်းနှီးနိုင်ရန် ရွေးချယ်မှုများ ရှိပါသည်။
ငွေသွင်းကာလ |
အတိုးနှုန်း |
၁ လ |
၉.၅% နှစ်စဉ် မှ ၁၀.၅% နှစ်စဉ် |
၃ လ |
၉.၇၅ % နှစ်စဉ် မှ ၁၀.၇၅%နှစ်စဉ် |
၆ လ |
၁၀ % နှစ်စဉ် မှ ၁၁%နှစ်စဉ် |
၉ လ |
၁၀.၂၅ % နှစ်စဉ် မှ ၁၁.၁၅%နှစ်စဉ် |
၁၂ လ |
၁၀.၅ % နှစ်စဉ် မှ ၁၁.၂၅%နှစ်စဉ် |
အနည်းဆုံး ကနဦး စာရင်းဖွင့်ငွေ | : | 10,000 ကျပ် |
အကျုံးဝင်မှု | : |
လုပ်ငန်း သည် မြန်မာပြည်တွင် မှတ်ပုံတင်ထားခြင်းရှိရမည်။ |
- သင်းဖွဲ့စည်းမျဉ်း
- ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
- လုပ်ငန်း လိုင်စင်
- ဒါရိုက်တာ ဘုတ်အဖွဲ့ အမည် စာရင်း
- ဒါရိုက်တာ ဘုတ်အဖွဲ့ အစည်းအဝေး မှတ်တမ်းနှင့် ဘဏ်စာရင်းဖွင့်ရန်ဆုံးဖြတ်မှု
- အဖွဲ့အစည်း ကိုယ်စား ငွေသွင်းထုတ် များပြုလုပ်မည့် တာဝန်ကျသူများနှင့် ၎င်းတို့၏ ထိုးမြဲလက်မှတ်နမူနာများ
- ကုမ္ပဏီ တံဆိပ်တုံး
နီးစပ်ရာ CB Bank ဘဏ်ခွဲ သို့ ရုံးချုပ်သို့ သွား၍ လိုအပ်သည့်စာရွက်စာတမ်းများအကြောင်း မေးမြန်းဆွေးနွေး နိုင်ပါသည်။
Fixed deposit အချိန်ပိုင်းအပ်ငွေစာရင်း ဆိုသည်မှာ ငွေသွင်း ရင်းနှီးမြှုပ်နှံမှု ကာလ တစ်ခု ကို ရွေး၍ သာမန်ငွေစုစာရင်း ထက် ပိုမိုများပြားသော အတိုးနှုန်းများကို ခံစားနိုင်သည့် အမျိုးအစားဖြစ်ပါသည်။ ထောက်ခံချက်လက်မှတ် တစ်ခု ဘဏ်မှ ထုတ် ပေးပြီး သဘောတူညီ ရွေးချယ်ထားသည့် ပမာဏနှင့် သက်တမ်းပြည့်မည့် ရက်စွဲပါဝင်ပါသည်။
ဖွင့်နိုင်ပါသည်။ လုပ်ငန်း၊ အဖွဲ့အစည်း နှင့် ကိုယ်ရေးကိုယ်တာများ အားလုံးအတွက် ဖွင့်နိုင်ပါသည်။
ဘဏ်စာရင်း ပိုင်ရှင်ကိုယ်တိုင် သာ သဘောတူ ထားသော ငွေသွင်း ကာလ ပြည့်လျှင် ပြန်လည်ထုတ်ယူနိုင်ပါသည်။
သက်တမ်းပြည့် သည့် ရက်တွင် အပ်နှံထားသည့် ငွေပမာဏ ကို ဘဏ်စာရင်း ပိုင်ရှင် ညွှန်ကြားမှုအတိုင်း ၎င်းတို့ ပြောင်းရွေ့ စေချင်သည့် စာရင်းသို့ ရွေ့ပြောင်းပေးပါမည်။ ထိုစာရင်းထဲမှ ပြန်လည် ထုတ်ယူရရှိနိုင်ပါသည်။
ထက်မံထိုးနိုင်ပါသည်။ စာရင်းပိုင်ရှင်မှ ဘဏ်သို့ ညွှန်ကြားကြားချက်များ ပေးပို့၍ အလိုအလျောက် သက်တမ်းတိုးရန်များ ပြုလုပ်နိုင်ပါသည်။
ဘဏ်စာရင်း ပိုင်ရှင်သည် CB Bank ရုံးချုပ်သို့ နီးစပ်ရာဘဏ်ခွဲများသို့ သွားရောက်၍ သက်တမ်းတိုးရန် ညွှန်ကြားချက်များပေးနိုင်ပါသည်။ သက်တမ်းတိုးသည့်အခါတွင် တိုးထားသည့် ထောက်ခံချက်လက်မှတ်အား ထုတ်ပေးမည် ဖြစ်ပါသည်။
ငွေသွင်း ထောက်ခံချက်လက်မှတ်ပျောက်ဆုံးသွားပါက ဘဏ်စာရင်း ကောင်ဆောင်ထားသူသည် CB Bank ရုံးချုပ် (သို့မဟုတ်) မိမိ ဘဏ်စာရင်းစတင်ဖွင့်ထားသော ဘဏ်ခွဲတွင် သွားရောက်၍ ငွေသွင်းထောက်ခံချက် လက်မှတ် အသစ်ကို ပြန်လည်ထုတ်ယူနိုင်ပါသည်။ ထို အသစ်ထုတ် ခြင်းအတွက် ငွေသား (၁,၀၀၀) ကျပ် ကောက်ခံမည် ဖြစ်ပါသည်။
အတိုးနှုန်းကို စတင် ပေးသွင်းသောငွေပမဏ နှင့် ရွေးချယ်ထားသော အချိန် (၂) ခု အပေါ်မူတည်၍ တွက်ပါမည်။ သက်မှတ်ထားသောကုန်ဆုံးရက်ရောက်လျှင် အတိုးနှုန်း ပမာဏ ကို ထည့်သွင်း ပေါင်းပေးပါသည်။ အကယ်၍ ငွေကို အချိန်မပြည့်သေးပဲ ကြိုထုတ်မည် ဆိုပါက ဘဏ်၏ ပေါ်လစီအရ ထိုအတိုးနှုန်းအားပေးခြင်းကို ဆိုင်းငံ့ပါမည်။
ငွေသွင်းကာလ ပြည့်သွားလျှင် အတိုးအရင်းပေါင်း ငွေပမဏကို ငွေးသွင်းထားသူ၏ နှစ်သက်ရာ ဘဏ်စာရင်းတစ်ခုသို့ ပြောင်းရွေ့ပေးမည် ဖြစ်ပါသည်။ ထိုအခါ ၎င်းပမာဏကို ကြိုက်နှစ်သက်သလို ပြုမူဆောင်ရွက်နိုင်ပါသည်။
ငွေသွင်း ထောက်ခံချက်လက်မှတ်အား လွဲပြောင်းခြင်း မလုပ်နိုင်ပါ။