Search form

Post-Shipment Financing (Invoice Financing – Sale)

Post-Shipment Financing (Invoice Financing – Sale)

ကုန်တန်ဖိုးငွေတောင်းခံလွှာပေါ်တွင် ချေးငွေထုတ်ပေးခြင်း

ကုန်ရောင်းသူအတွက် အချိန်တိုကာလချေးငွေ ရရှိနိုင်ခြင်းဖြစ်သည်။ ကုန်ရောင်းသူမှ ရောင်းချထားသော ကုန်တင်ပို့သော စာရွက်စာတမ်းအထောက်အထားပေါ်တွင် CB Bank မှ ငွေကြိုတင်ထုတ်ပေးနိုင်သည်။

အကျိုးကျေးဇူးများ
CB Bank ၏ လုပ်ငန်းစဉ် : ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုနှင့် ချေးငွေထုတ်ပေးသောဘဏ်
ချေးငွေခွင့်ပြုကာလ : (၃၀) မှ (၁၈၀) ထိ
ကုန်ပို့သူအတွက် အကျိုးကျေးဇူးများ
  • ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေခြင်း။
  • ဘဏ်မှ ကြိုတင်ခွင့်ပြုထားသော ချေးငွေကာလ အထိ အသုံးပြုနိုင်ခြင်း။
  • ကုန်ရောင်းပြေစာ၏ ၅၀% မှ ၈၀% အတွင်း ချေးငွေထုတ်ပေးခြင်း။
  • ချေးငွေခွင့်ပြုချက်ပေါ်တွင် ငွေသားလျင်မြန်စွာ ရရှိနိုင်ခြင်း။
  • ထိုငွေဖြင့် ပြန်လည်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်၍ အကျိုးအမြတ်ရနိုင်ခြင်း။
လုပ်ငန်းလမ်းညွှန်
  • ကုန်ရောင်းသူမှ ကုန်ပစ္စည်းတင်ပို့ခြင်း
  • CB Bank သို့ ကုန်တင်ပို့သော စာရွက်စာတမ်းများမှ ငွေတောင်းခံလွှာပေါ်တွင် ချေးငွေထုတ်ပေးရန် တင်ပြခြင်း
  • ကုန်တင်ပို့ထားသော စာရွက်စာတမ်းများ လက်ခံရရှိမှုအပေါ်တွင် CB Bank မှ with recourse basis ဖြင့် ငွေကြိုတင်ထုတ်ပေးခြင်း
  • ကုန်ဝယ်သူထံမှ ငွေလက်ခံရရှိခြင်း
  • CB Bank သို့ ငွေပြန်လည်ပေးဆပ်ခြင်း
နှုန်းထား နှင့် အဖိုးအခများ

ဝန်ဆောင်မှုနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

လိုအပ်ချက်များ
  1. Invoice Financing (Sales) လျှောက်လွှာ
  2. ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
  3. အရောင်းအဝယ်သဘောတူညီချက်
  4. ကုန်ရောင်းပြေစာ
  5. ပို့ကုန်လိုင်စင်
  6. သင်္ဘောတင်စာရွက်စာတမ်းများ
  7. ထုတ်ကုန်ကြေငြာလွှာ