Post-Shipment Financing (Export Bill Purchase under Letter of Credit – Sight and Usance)

Post-Shipment Financing (Export Bill Purchase under Letter of Credit – Sight and Usance)

ဆိုင်းငံ့ကာလဖြင့်အသုံးပြုထားသော ထုတ်ကုန်ငွေလွှဲစာတမ်းပေါ်တွင် သင်္ဘောတင်စာရွက်စာတမ်း အထောက်အထားများဝယ်ယူခြင်း

ကုန်ရောင်းသူအတွက် အချိန်တိုကာလချေးငွေ ရရှိနိုင်ခြင်းဖြစ်သည်။ ကုန်ရောင်းသူမှ ရောင်းချထားသော ကုန်တင်ပို့သောစာရွက်စာတမ်း အထောက်အထားပေါ်တွင် CB Bank မှ ငွေကြိုတင်ထုတ်ပေးနိုင်သည်။

သင့်လုပ်ငန်းအတွက် အကျိုးအမြတ်
CB Bank ၏ လုပ်ငန်းစဉ် : ငွေရရှိခြင်း/ သတ်မှတ်ရက်တွင် ငွေရရန်အကြောင်း ကြားစာလက်ခံခြင်း/ ငွေထုတ်ချေးခြင်း/ ဆိုင်းငံ့ကာလဖြင့် ငွေရရှိခြင်း/ သင်္ဘောတင်စာရွက် စာတမ်းများတင်ပြရမည့်ဘဏ်
ချေးငွေခွင့်ပြုကာလ : ရက်ပေါင်း (၁၈၀) ထိ
ကုန်ပို့သူအတွက် အကျိုးကျေးဇူးများ
  • ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေခြင်း
  • ချေးငွေခွင့်ပြုချက်ပေါ်တွင် ငွေသားလျင်မြန်စွာ ရရှိနိုင်ခြင်း
  • ကုန်ရောင်းပြေစာ၏ ၅၀% မှ ၈၀% အတွင်း ချေးငွေထုတ်ပေးခြင်း
  • ထိုငွေဖြင့် ပြန်လည်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်၍ အကျိုးအမြတ်ရနိုင်ခြင်း
  • ကုန်ဝယ်သူများအားလည်း ပြန်လည်ပေးဆပ်ရမည့်ကာလ ပိုမိုထားရှိနိုင်ခြင်း
လုပ်ငန်းလမ်းညွှန်
  • ကုန်ဝယ်သူမှ ကုန်ရောင်းသူအား ၎င်း၏ဘဏ်မှတစ်ဆင့် ငွေလွှဲစာတမ်းပို့ပေးခြင်း
  • ငွေလွှဲစာတမ်းရောက်ရှိကြောင်း CB Bank မှ အကြောင်းကြားပေးခြင်း
  • ငွေလွှဲစာတမ်းပါ စည်းမျဉ်းစည်းကမ်းနှင့်အညီ ကုန်ရောင်းသူမှ ကုန်ဝယ်သူထံသို့ ပစ္စည်းများ ပေးပို့ခြင်း
  • ကုန်ရောင်းသူမှ ငွေလွှဲစာတမ်းပါ အချက်အလက်များနှင့် ကိုက်ညီသော ကုန်တင်ပို့ထားသော စာရွက်စာတမ်းနှင့်အတူCB Bank သို့  ကြိုတင်ငွေပေးရန် လျှောက်ထားခြင်း။
  • CB Bank မှ with recourse basis ဖြင့်ကြိုတင်ငွေထုတ်ပေးခြင်း
  • ငွေလွှဲစာတမ်းထုတ်ပေးသည့်(ကုန်ဝယ်သူ)ဘဏ်မှ CB Bank သို့ သတ်မှတ်ရက်အတွင်း ငွေပြန်လည်ပေးချေခြင်း
နှုန်းထား နှင့် အဖိုးအခများ

ဝန်ဆောင်မှုနှုန်းထားများကို သီးခြား အကြာင်းကြားပေးပါမည်။

လိုအပ်ချက်များ
  • Export Documents လျှောက်လွှာ
  • ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
  • အရောင်းအဝယ် သဘောတူစာချုပ်
  • ကုန်ရောင်းပြေစာ
  • သင်္ဘောတင်စာရွက်စာတမ်းများ
  • ထုတ်ကုန်ကြေငြာလွှာ