အခြားအခြားသော လုံခြုံရေးအတိုင်းအတာများနှင့်ယှဉ်ကြည့်ပါက CB Bank ၏ Security Device ကို ရွေးချယ်ရသည့် အကြောင်းအရာများ-

CB Bank မှ ရွေးချယ်အသုံးပြုထားသော Security Device ၏ နည်းပညာသည် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူ၏ လိုအပ်ချက်များဖြစ်သော ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်းနှင့် သယ်ဆောင်ရလွယ်ကူခြင်းစသည်တို့နှင့် ကိုက်ညီသည်။ ထို့အပြင်

  • Security Device မှ Digital Code များကို မည်သည့် တတိယအဖွဲ့အစည်းမှ ပေးပို့ခြင်း မရှိဘဲ မိမိ၏ Security Device ကိုယ်တိုင် ပေးပို့ခြင်းဖြစ်သည့် အတွက် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် Internet Banking ဝန်ဆောင်မှုအသုံးပြုရာတွင် တတိယအဖွဲ့အစည်းအား မှီခိုခြင်းမရှိခြင်း။
  • Security Device မှ Digital Code များကို ပေးပို့ရာတွင် ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများ၏ နေရာဒေသ ပေါ်မူတည်၍ Security Device ၏ စွမ်းရည် မှီခိုခြင်းမရှိခြင်း။
  • Security Device သည် အရွယ်အစားသေးငယ်ပြီး ပေါ့ပါးခြင်း၊ သယ်ဆောင်ရလွယ်ကူခြင်းတို့အပြင် စတင်သုံးစွဲရန်အတွက် Download ရယူခြင်း၊ စနစ်ပြုပြင်ပြောင်းလဲခြင်းများ မလိုအပ်ခြင်း။