Corporate Social Responsibility

CSR

လူမှုရေးဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်း

CB Bank သည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်စိတ်တစ်ပိုင်းအနေဖြင့် အထောက်အကူပြုရန် Corporate Social Responsibility (CSR) ရည်ရွယ်ချက်ဖြင့်ဘဏ်ပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိပါသည်။ စီးပွားရေး၊ လူမှုရေး၊ လူ့ကျင့်ဝတ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့် ကဏ္ဍများတွင်သာမက အမျိုးဘာသာနှင့်ယဉ်ကျေးမှု အခန်းကဏ္ဍများတွင် အထောက်အပံ့ဖြစ်စေရန် အစဉ်တစိုက် ပါဝင်ကူညီလျက်ရှိပါသည်။ ဘဏ်၏တိုးတက်အောင်မြင်မှုနှင့်အတူ အရေးကြီးတာဝန်တစ်ခုအနေဖြင့် မှတ်ယူပြီး ပြည်သူများ၏လူနေမှုဘဝ တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။ CB Bankမှ ဝန်ထမ်းများအား လူမှုရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်တိုးတက်ရေး ဆောက်ရွက်ချက်များတွင် ပိုမိုပါဝင်လာစေရန် အခွင့်အလမ်းများပေးလျက်ရှိပြီး လူမှုလုပ်ငန်းများတွင် စိတ်အားထက်သန်သော ဝန်ထမ်းများကို မွေးထုတ်ပေးလျက်ရှိပါသည်။ CSR လုပ်ငန်းများကို လက်ဆင့်ကမ်းဆောင်ရွက်နိုင်စေရန် ဝန်ထမ်းများကိုလည်း အထောက်အပံ့ပြုဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။

လူသားခြင်းစာနာပံ့ပိုးမှုများ
Yangon Innovation Center CB Bank၊ Thura Swiss၊ Seedstars Myanmar န...