
ရန်ကုန်မြို့ပေါ်ရှိ CB Bank ၏ ဘဏ်ခွဲများတွင်ထားရှိသည့် ATM စက်များသည် နေ့စဉ်အသုံးပြုမှု လွန်စွာများပြားသဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်လာသောကြောင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဘဏ်ခွဲများ၏ ATM စက်များ၌ အလှည့်ကျငွေဖြည့်တင်း ထားရှိပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
၂၀၂၁ ခုနှစ် မေလ ၂၀ ရက်နေ့အတွင်း ရန်ကုန်မြို့ပေါ်ရှိ ဘဏ်ခွဲများ၌ ငွေသားထုတ်ယူနိုင်သော ATM စက်များထားရှိသည့် CB Bank ၏ ဘဏ်ခွဲနေရာများကို အောက်တွင်ဖော်ပြထားသည့် လင့်ခ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ငွေသားဖြည့်တင်းမည့် ATM စက်များကြည့်ရှုရန် : https://www.cbbank.com.mm/files/media/atm_available_lists.pdf
ထို့ပြင် ပြည်တွင်းငွေလွှဲထုတ်ယူမည့်သူများအနေဖြင့် CB Bank ၏ ATM/ CRM စက်များတွင်သာမက CB Pay Agent များထံတွင် သတ်မှတ်ပမာဏအတိုင်း ထုတ်ယူနိုင်သကဲ့သို့ CB Pay မှတစ်ဆင့် OK Dollar သို့ ငွေလွှဲပြီး OK Dollar Agent များထံတွင် ငွေသားထုတ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
#CBBank #CBPay #Agent #OKDollar #Cashout