
မန္တလေးမြို့ပေါ်ရှိ CB Bank မှထားရှိသည့် ATM/CRM စက်များသည် နေ့စဉ်အသုံးပြုမှု လွန်စွာများပြားသဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်လာသောကြောင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ATM စက်များ၌ အလှည့်ကျငွေဖြည့်တင်း ထားရှိပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
၂၀၂၁ ခုနှစ် မေလ ၂၀ ရက်နေ့အတွင်း မန္တလေးမြို့ပေါ်ရှိ ငွေသားထုတ်ယူနိုင်သော CB Bank ATM/CRM စက်များထားရှိသည့် နေရာများကို အောက်တွင်ဖော်ပြထားသည့် လင့်ခ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ငွေသားဖြည့်တင်းမည့် ATM စက်များကြည့်ရှုရန် : https://www.cbbank.com.mm/files/media/available_atm_list_mdy.pdf
ထို့ပြင် ပြည်တွင်းငွေလွှဲထုတ်ယူမည့်သူများအနေဖြင့် CB Bank ၏ ATM/ CRM စက်များတွင်သာမက CB Pay မှတစ်ဆင့် OK Dollar သို့ ငွေလွှဲပြီး OK Dollar Agent များထံတွင် ငွေသားထုတ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။