
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှ ဦးစီးကျင်းပသည့် FX Matching Platform တွင် CB Bank အနေဖြင့် Exporter ၆ ဦးထံမှ စုစုပေါင်း USD (၈၀၆,၆၀၅.၆၅) ကို တစ်ဒေါ်လာလျှင် ၂,၉၂၀ ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး Importer ၇ ဦးအား တစ်ဒေါ်လာလျှင် ၂,၉၂၂ ကျပ်ဖြင့် (၉၅၁,၀၂၀) USD ရောင်းချပေးခဲ့ပါသည်။ စားသုံးဆီ လုပ်ငန်းတစ်ခုအား (၃၅၆,၅၂၆) USD SwapFinancing ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ ထုတ်ချေးပေးခဲ့ပါကြောင်း အသိပေးပြောကြားပါသည်။
နောင်ရက်များတွင်လည်း Exporter များအနေဖြင့် ရောင်းချလိုသည့် ဒေါ်လာပမာဏကို အဆိုပြုပေးနိုင်ပြီး Importer များအနေဖြင့် ဝယ်ယူလိုသည့် ဒေါ်လာပမာဏကို CB Bank ၏ Corporate Banking RM များ (သို့မဟုတ်) Treasury Dealer များကို ဆက်သွယ်ပြီး FX Matching Platform အတွက် စာရင်းပေးသွင်းနိုင်ပါသည်။ CB Bank FX Matching Platform Hotline - 01-2317707
#cbbank #fxmatchingplatform