Credit Cards

Credit Cards

Credit Cards များသည် အကြွေးဖြင့် ဝယ်ယူပြီး အကြွေးယူထားသည့် ငွေကိုပြန်လည် ပေးသွင်းရသည့် ကဒ်စနစ်ဖြစ်ပါသည်။ 

MasterWorld Elite Credit Card

    အကျိုးကျေးဇူးများ
    • မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော သတ္တုစစ်စစ်ဖြင့် ပြုလုပ်ထားတဲ့ ဘဏ်ကတ်
    • Travel Pass ခံစားခွင့်ဖြင့် နိုင်ငံတကာလေဆိပ်များရှိ Lounges များမှာ အခမဲ့ ဝင်ရောက်နားခိုနိုင်ခြင်း
    • Credit Card ကို Activate လုပ်ပြီးတာနဲ့ တစ်ပြိုင်နက် ချက်ချင်းသုံးစွဲနိုင်ခြင်း
    • နိုင်ငံတကာခရီးစဉ်တွေမှာ ငွေသားအများအပြား သယ်ဆောင်စရာ မလိုအပ်ခြင်း
    • နိုင်ငံတကာမှာ သုံးစွဲဖို့အတွက် အဆင်ပြေလွယ်ကူပြီး လုံခြုံရေးမြင့်မားခြင်း
    • ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း (၁၆၂) နိုင်ငံကျော်တွင် ငွေပေးချေအသုံးပြုနိုင်ခြင်း
    • MasterWorld Elite Application မှတစ်ဆင့် ဟိုတယ်လျှော့စျေးများ၊ Check-in/out အထူးအခွင့်အရေးများ ရယူနိုင်ခြင်း
    နှုန်းထား နှင့် အဖိုးအခ များ
    • အနည်းဆုံးအပ်နှံငွေ မြန်မာကျပ် ၁.၅ ဘီလီယံ
    • Credit Limit - အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀,၀၀၀ (သန်း ၁၀၀)
    • ကတ်အမျိုးအစားအားလုံးအတွက် သက်တမ်းတိုးခ - မြန်မာကျပ် ၁၅၀,၀၀၀
    • POS Transactions များအတွက် ဝန်ဆောင်ခ အခမဲ့
    • E-commerce Transactions များအတွက် ဝန်ဆောင်ခ အခမဲ့
    • ATM များမှ ငွေသားထုတ်ယူမှုအတွက် ဝန်ဆောင်ခမှာ နေရာအလိုက် ကွဲပြားနိုင်ပါတယ်
    လိုအပ်ချက်များ
    • အသက် (21 ) နှစ်ပြည့်ပြီးသူ မည်သည့်မြန်မာနိုင်ငံသားမဆို လျှောက်ထားနိုင်ပါသည်။
    • နိုင်ငံသားစိစစ်ရေးကတ်ပြား
    • CB Bank ရုံးချုပ်နှင့် CB Bank ဘဏ်ခွဲတိုင်းတွင် လျှောက်ထားနိုင်ပါသည်။
    • လူကိုယ်တိုင်လာရောက်လျှောက်ထားရမည်ဖြစ်ပြီး ကိုယ်စားလှယ်ဖြင့်လျှောက်ထား၍မရနိုင်ပါ။