အတိုးနှုန်းမြင့်မားသည့် CB Bank ၏ 100 Days Fixed Deposit စတင်အပ်နှံနိုင်ပါပြီ!

အတိုးနှုန်းမြင့်မားသည့် CB Bank ၏ 100 Days Fixed Deposit စတင်အပ်နှံနိုင်ပါပြီ!

CB Bank အနေဖြင့် Customer များအတွက် မြင့်မားသည့်အတိုးနှုန်းရရှိနိုင်မည့် 100 Days Fixed Deposit (ရက် ၁၀၀ စာရင်းသေအပ်ငွေ) ဝန်ဆောင်မှုကို စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်၍ CB Bank ၏ ဘဏ်ခွဲများတွင် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

100 Days Fixed Deposit အပ်နှံရာတွင် Old Account ဖြင့် ချိတ်ဆက်၍သော်လည်းကောင်း၊ Special Account ဖြင့် ချိတ်ဆက်၍သော်လည်းကောင်း အပ်နှံဆောင်ရွက်နိုင်ပြီး အတိုးနှုန်းအနေဖြင့် ၉.၁ ရာခိုင်နှုန်း (9.1 % p.a) ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

အထူးအစီအစဉ်အနေဖြင့် ပရိုမိုးရှင်းကာလကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလကုန်အထိ သတ်မှတ်ထားသည့်အတွက် ဤကာလအတွင်း အတိုးနှုန်းမြင့်မားစွာရရှိနိုင်မည့် 100 Days Fixed Deposit ကို တစ်စောင်လျှင် အနိမ့်ဆုံးအပ်နှံငွေ ကျပ်သိန်း ၁၀၀ ဖြင့် အပ်နှံနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။