ဘဏ်ခွဲနေရာ ပြောင်းရွှေ့ဖွင့်လှစ်ခြင်း

ဘဏ်ခွဲနေရာ ပြောင်းရွှေ့ဖွင့်လှစ်ခြင်း

CB Bank ၏ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနော်ရထာလမ်း) ဘဏ်ခွဲကို ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့မှစ၍ အင်းစိန် (၁၀ မိုင်ကုန်း) ဘဏ်ခွဲအဖြစ် အမည်နှင့် လိပ်စာပြောင်းလဲ၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ယခင်က အမှတ် ၁၃၀၀-မ၊ အနော်ရထာလမ်း၊ ၂၀ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၌ ဖွင့်လှစ်ထားသော လှိုင်သာယာ (အနော်ရထာလမ်း) ဘဏ်ခွဲကို အမှတ် ၁၂၃/ ၁၂၄၊ ၁၀ မိုင်ကုန်း၊ ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်တွင် အင်းစိန် (၁၀ မိုင်ကုန်း) ဘဏ်ခွဲအဖြစ် အမည်နှင့် လိပ်စာပြောင်းလဲ၍ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။