ငွေကျပ် (၁) သိန်း စတင်စုဆောင်းရုံနဲ့ ငွေကျပ် (၃၃) သိန်းပါ CB Lucky Box ကို ကံစမ်းရယူနိုင်မဲ့ အထူးအစီအစဉ်

ငွေကျပ် (၁) သိန်း စတင်စုဆောင်းရုံနဲ့ ငွေကျပ် (၃၃) သိန်းပါ CB Lucky Box ကို ကံစမ်းရယူနိုင်မဲ့ အထူးအစီအစဉ်

CB Bank ကို (၃၃) နှစ်ကျော်ကာလပတ်လုံး ယုံကြည်စွာ အားပေးခဲ့ကြတဲ့ မိတ်ဟောင်းမိတ်သစ် Customer များကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ "CB Lucky Box" အစီအစဉ် စတင်လိုက်ပါပြီ။ ကြိုက်နှစ်သက်ရာ ငွေစုဘဏ်အပ်ငွေစာရင်း (Savings) အမျိုးအစားထဲမှာ ငွေကျပ် (၁) သိန်း အပ်နှံထားရုံနဲ့ ငွေကျပ် (၃၃) သိန်းပါ CB Lucky Box ကို ကံစမ်းခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

CB Lucky Box အစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၂ ရက်နေ့ကနေ ဒီဇင်ဘာလ၊ ၃၁ ရက်နေ့အထိ (၃) လတိုင်တိုင် ပြုလုပ်ပေးသွားမှာဖြစ်ပြီး ငွေကျပ် (၁) သိန်းနဲ့အထက် အပ်နှံသူတိုင်း ကံစမ်းခွင့် ရရှိမှာ ဖြစ်ပါတယ်။ ကံစမ်းမဲအစီအစဉ်မှာ ပါဝင်သူများအနေနဲ့ အပ်နှံထားတဲ့ ငွေစုဘဏ်အပ်ငွေစာရင်းအမျိုးအစားအလိုက် အကောင်းဆုံး အတိုးနှုန်း 10.00% p.a. အထိ ခံစားနိုင်မှာ ဖြစ်သလို အပ်နှံငွေ ကျပ် (၁) သိန်းတိုင်းအတွက် ကံစမ်းခွင့် (Lucky Ticket) တစ်ကြိမ် ရရှိဦးမှာ ဖြစ်ပါတယ်။

CB Lucky Box အစီအစဉ်မှာ ပါဝင်ဖို့ နီးစပ်ရာ CB Bank ဘဏ်ခွဲတိုင်းမှာ ငွေသား အပ်နှံနိုင်သလို CB Pay ထဲကနေလဲ ငွေလွှဲပြောင်း အပ်နှံနိုင်ပါတယ်။

ပိုမိုသိရှိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

“CB Lucky Box” အစီအစဉ်အတွက် စည်းကမ်းသတ်မှတ်ချက်များ

"CB Lucky Box" အစီအစဉ်တွင် ပါဝင်မည့်သူများသည် အောက်ဖော်ပြပါ အချက်အလက်များ အားလုံးကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။

၁။ သတ်မှတ်ထားသောကာလမှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁ ရက်နေ့မှ ဒီဇင်ဘာလ၊ ၃၁ ရက်နေ့အထိဖြစ်ပြီး ဘဏ်မှပေးအပ်သွားမည့် ငွေသားလက်ဆောင်များကို ကံစမ်းခွင့် ရရှိမည်ဖြစ်သည်။

၂။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁ ရက်နေ့မှ ဒီဇင်ဘာလ၊ ၃၁ ရက်နေ့အတွင်း မည်သည့် Savings Account တွင်မဆို ငွေကျပ်တစ်သိန်း စုဆောင်းတိုင်း ကံစမ်းခွင့် (၁) ကြိမ် ရရှိမည်ဖြစ်သည်။
ပါဝင်ခွင့်ရရှိနိုင်မည့် Savings Account များ
🔹 Savings Account (Personal Account, Minor Account),
🔹 Special Account (Personal Account),
🔹 Digital Account,
🔹 Student Account

၃။ ယခု CB Lucky Box campaign တွင် Personal Savings Account ID များသာ ပါဝင်ခွင့်ရှိပါသည်။

၄။ အများဆုံး ပမာဏ အကန့်အသတ်မရှိ Deposit ထားရှိနိုင်မည်ဖြစ်ပြီး ငွေကျပ် (၁) သိန်း အပ်နှံတိုင်း ကံစမ်းခွင့် (၁) ကြိမ်ရရှိပါမည်။ သို့ဖြစ်ပါ၍ ငွေကျပ်သိန်း (၁,၀၀၀) လျှင် ကံစမ်းခွင့်အကြိမ် (၁,၀၀၀) ရရှိမည်ဖြစ်ပါသည်။

၅။ Customer တစ်ဦးချင်းစီအတွက် ကံစမ်းခွင့် အကြိမ်အရေအတွက်ကို CB Pay App (သို့) SMS မှ အကြောင်းကြားသွားမည်ဖြစ်သည်။

၆။ ကံစမ်းခွင့်ကို အခြားသူထံသို့ လွှဲပြောင်းပေးအပ်ခြင်းမပြုရပါ။

၇။ ကံထူးသူကို ဘဏ်မှ E-mail သို့မဟုတ် ဖုန်းခေါ်ဆို၍ ဆက်သွယ်အကြောင်းကြားသွားမည် ဖြစ်ပါသည်။

၈။ ဆုလာရောက်ထုတ်ယူရာတွင် ဘဏ်ဖွင့်ရက် (၁၀) ရက်အတွင်း လာရောက်ထုတ်ယူရမည်ဖြစ်ပြီး မှတ်ပုံတင်မူရင်းအပါအဝင် ကံထူးရှင်၏ CB Bank Account ကိုပါ ပြသရမည် ဖြစ်ပါသည်။

၉။ ကံစမ်းခွင့်၊ ဆုလက်ဆောင်များနှင့်ပတ်သက်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်ပါက CB Bank ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။

၁၀။ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိသူများကိုသာ ထည့်သွင်းစဉ်းစားပြီး ကံစမ်းခွင့်များပေးအပ်သွားမည်ဖြစ်သည်။

၁၁။ CB Bank ရှိ ဝန်ထမ်းများ ဤ “CB Lucky Box” အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မည် မဟုတ်ပါ။

၁၂။ CB Bank သည် လိုအပ်ချက်ရှိလာပါက ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ စည်းမျဉ်းစည်းကမ်းများကို အလျဉ်းသင့်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများနှင့် အစီအစဉ် ရပ်ဆိုင်းခြင်းများ ပြုလုပ်ပိုင်ခွင့် ရှိပါသည်။