
နိုင်ငံရပ်ခြားကနေ ပေးပို့လိုက်တဲ့ ငွေလွှဲတွေဟာ ငွေကြေးသီးသန့် မဟုတ်ဘဲ မိသားစုနဲ့ ချစ်ခင်ရသူတွေအပေါ် ထားရှိတဲ့ စေတနာနဲ့ ချစ်ခြင်းမေတ္တာတွေပါ တွဲလျက်ပါဝင်ပါတယ်။ ဒါကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ မိသားစုဝင်တွေရဲ့ ချစ်ခြင်းမေတ္တာကို ပျော်ရွှင်ခြင်းများနဲ့အတူ ပိုမိုလေးနက်စေဖို့ "လွှဲပို့ကံထူး ဝသန်ဦး" Lucky Draw အစီအစဉ်လေး စီစဉ်ပေးထားပါတယ်။
CB Bank ရဲ့ ကြိုက်နှစ်သက်ရာ နိုင်ငံတကာငွေလွှဲ ဝန်ဆောင်မှုကို အသုံးပြုပြီး ငွေလွှဲတစ်ကြိမ်ပေးပို့တိုင်း (Transaction တစ်ကြောင်းတိုင်း) ကံစမ်းခွင့်တစ်ကြိမ် ရရှိမှာ ဖြစ်ပါတယ်။ ကံစမ်းမဲကာလကို ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၂၂ ရက်နေ့ကနေ စက်တင်ဘာလ၊ ၂၂ ရက်နေ့အထိ (၃) လတိတိ သတ်မှတ်ထားပြီး (၁) လ တစ်ကြိမ် ကံထူးရှင် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
ဆုလက်ဆောင်များအနေနဲ့
🌟 ပထမဆု ငွေကျပ်သုံးသိန်း (၁) ဆု၊
🌟 အထူးဆု ငွေကျပ်တစ်သိန်း (၁၀) ဆု ပေးအပ်သွားမှာ ဖြစ်ပါတယ်။
စည်းကမ်းသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကံထူးရှင် (၁၁) ဦးကို လစဉ်ရွေးချယ်ပြီး ဩဂုတ်လ ပထမအပတ်မှာ တစ်ကြိမ်၊ စက်တင်ဘာလ ပထမအပတ်မှာ တစ်ကြိမ်၊ အောက်တိုဘာလ ပထမအပတ်မှာ တစ်ကြိမ် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
ကံစမ်းမဲ အစီအစဉ်မှာ Western Union, Ria Money Transfer, Krung Thai Bank, GME Remit, SBI Remit, Merchantrade, Pay2Home, Thunes အစရှိတဲ့ နိုင်ငံတကာ ငွေလွှဲလုပ်ငန်းများကနေ လွှဲပြောင်းပေးပို့လာတဲ့ ငွေလွှဲများအားလုံး ပါဝင်ပါတယ်။
ပိုမိုသိရှိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
“လွှဲပို့ကံထူး ဝသန်ဦး” Lucky Draw အစီအစဉ်အတွက် စည်းကမ်းသတ်မှတ်ချက်များ
“လွှဲပို့ကံထူး ဝသန်ဦး” အစီအစဉ်တွင် ပါဝင်မည့်သူများသည် အောက်ဖော်ပြပါ အချက်အလက်များ အားလုံးကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။
၁) “လွှဲပို့ကံထူး ဝသန်ဦး” Lucky Draw အစီအစဉ်သည် CB Bank ၏ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု ရယူသူ Customer များအတွက် အထူးသီးသန့် ပြုလုပ်ပေးထားသည့် ကံစမ်းမဲအစီအစဉ် ဖြစ်ပါသည်။
၂) ကံစမ်းမဲကာလမှာ ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၂၂ ရက်မှ စက်တင်ဘာလ၊ ၂၂ ရက်အထိ ဖြစ်ပါသည်။
၃) ကံစမ်းမဲအစီအစဉ်တွင် CB Bank ၏ နိုင်ငံတကာငွေလွှဲ ဝန်ဆောင်မှုကို အသုံးပြုသူတိုင်း ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခွင့်ရှိပါသည်။ ငွေလွှဲတစ်ကြိမ်ပေးပို့သည့်အခါတိုင်း (Transaction တစ်ကြောင်း ပြုလုပ်တိုင်း) ကံစမ်းခွင့်တစ်ကြိမ် ရရှိမည် ဖြစ်ပါသည်။
၄) Western Union, Ria Money Transfer, Krung Thai Bank, GME Remit, SBI Remit, Merchantrade, Pay2Home, Thunes အစရှိသည့် နိုင်ငံတကာ ငွေလွှဲလုပ်ငန်းများမှ လွှဲပြောင်းပေးပို့လာသည့် ငွေလွှဲများအားလုံး ကံစမ်းမဲ အစီအစဉ်တွင် အကျုံးဝင်ပါသည်။
၅) ကံစမ်းမဲကို တစ်လလျှင်တစ်ကြိမ် မဲဖောက်ပေးမည်ဖြစ်ပြီး ဆုလက်ဆောင်များအနေဖြင့် ပထမဆု ငွေကျပ်သုံးသိန်း (၁) ဆု၊ အထူးဆု ငွေကျပ်တစ်သိန်း (၁၀) ဆု လစဉ် ပေးအပ်သွားမည် ဖြစ်ပါသည်။
၆) ကံထူးရှင်များကိုလည်း လစဉ် လဆန်းပထမအပတ်တွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။
၇) ဆုလက်ဆောင်များနှင့်ပတ်သက်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်ပါက CB Bank ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
၈) လိုအပ်ချက်ရှိလာပါက CB Bank အနေဖြင့် ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ စည်းမျဉ်းစည်းကမ်းများကို အလျဉ်းသင့်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများနှင့် အစီအစဉ် ရပ်ဆိုင်းခြင်းများ ပြုလုပ်ပိုင်ခွင့် ရှိပါသည်။
၉) အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်လာပါက CB Bank Contact Center ( 09 2 5555 7777 ) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
#CBBank #Letswin_wintogether
#CBPay #Pay
#နိုင်ငံတကာငွေလွှဲ #လွှဲပို့ကံထူးဝသန်ဦး

