CB PAY AGENT

Mobile Agent Banking

CB Bank သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် အတွက် Agent Banking ကို ဆောင်ရွက်ထားပါသည်။
CB Bank ၏ Mobile Agent Banking (CB PAY AGENT) ဝန်ဆောင်မှုကို မြန်မာတစ်နိုင်လုံးရှိမိုဘိုင်းဖုန်း အသုံးပြုနိုင်သည့် Internet ရရှိသော မည်သည့်နေရာဒေသတွင်မဆို အသုံးပြုနိုင်ပါသည်။
CB Bank ဘဏ်စာရင်းရှိစရာ မလိုဘဲ အမည်၊ မှတ်ပုံတင်၊ ဖုန်းနံပါတ် ဖြင့် အလွယ်တကူငွေလွှဲနိုင်မည် ဖြစ်ပါသည်။

CB Pay Agent Application အား ရယူရန်
ဝန်ဆောင်မှုများ
  • CB Bank ရှိ ဘဏ်အကောင့်များထဲသို့ ငွေပေးသွင်းနိုင်ခြင်း၊
  • ငွေလွှဲ/ငွေထုတ် ပြုလုပ်နိုင်ခြင်း (ပြည်တွင်း)၊
  • နိုင်ငံခြား ငွေလွှဲထုတ်ပေးနိုင်ခြင်း (ပြည်ပ)
CB Bank ၏ CB Pay Agent (ကိုယ်စားလှယ်) အသစ်များအားကြိုဆိုခြင်း

ဆိုင်ခန်းတစ်ခန်းရှိရုံ နှင့် CB Bank ၏ CB Pay Agent (ကိုယ်စားလှယ်) အဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် အခွင့်ကောင်းရရှိနိုင်မည်ဖြစ်ပြီး CB Bank မှလည်း အကျိုးတူပူးပေါင်း ဆောင်ရွက် လိုသူများကို လှိုက်လှဲစွာ ကြိုဆိုလျက်ရှိပါသည်။

လိုအပ်ချက်များ

  • CB Bank တွင် စာရင်းဖွင့်လှစ်ထားသူဖြစ်ရပါမည်။
  • မိမိတတ်နိုင်သော ငွေပမာဏကို အာမခံအဖြစ် CB Bank တွင်ထားရှိရပါမည်။
  • ဘဏ်၏ သတ်မှတ်ချက်များနှင့် ပြည့်စုံသူများ ဖြစ်ရပါမည်။

HO Agent Team Hot Line Phone

01-2317936