Search form

CB Bank Customer ကြီးများသို့ အသိပေးကြေညာခြင်း

CB Bank Customer ကြီးများသို့ အသိပေးကြေညာခြင်း

CB Bank ကတ်များနှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကတ်ဝန်ဆောင်မှုများအား QR Code ကို Scan ဖတ်ပြီး အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုရယူနိုင်ပါပြီ။

၁။ Debit/ Credit/ Prepaid ကတ်များ Activate နှင့် Deactivate ပြုလုပ်ခြင်း

၂။ eSavings နှင့် Smart Savings Personal ဘဏ်အကောင့်ပိုင်ရှင်များ Debit ကတ်လျှောက်ထားခြင်း

၃။ သက်တမ်းကုန်ဆုံးသွားသော ကတ်များ၊ ပျောက်ဆုံးပျက်စီးသွားသော ကတ်များကို အသစ်လျှောက်ထားရယူခြင်း

၄။ ကတ်အသုံးပြုပြီး ငွေပေးချေခြင်းဆိုင်ရာ အငြင်းပွားမှုကိစ္စများကို ပြန်လည်ရှင်းလင်းပေးခြင်းတို့ ဖြစ်ပါသည်။

CB Bank ကတ် ဝန်ဆောင်မှုများရယူလိုပါက ကိုဗစ် ကာလ အတွင်း ဘဏ်လာစရာမလိုဘဲ ကတ်နှင့်ပတ်သတ်သည့် ဝန်ဆောင်မှု များ ကို QR ဖတ်ပြီးရယူပါ။ နီးစပ်ရာဘဏ်ခွဲများတွင် QR Code ကို Scan ဖတ်၍သော်လည်းကောင်း၊ အောက်ဖော်ပြပါပုံ၌ ပါရှိသည့် QR Code မှတစ်ဆင့်သော်လည်းကောင်း မိမိရယူလိုသော ဝန်ဆောင်မှုအား လျှောက်ထားနိုင်ပြီး ကတ်ပိုင်ရှင်ဖြည့်သွင်းခဲ့သော အချက်အလက်များကို ဘဏ်ကစစ်ဆေးမည်ဖြစ်ပါသည်။

ဘဏ်ကစစ်ဆေးပြီးနောက် ရုံးဖွင့်ရက်နှစ်ရက်အတွင်း လူကြီးမင်းတို့ ရယူလိုသော ဝန်ဆောင်မှုအား လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။ လူကြီးမင်းတို့ထံမှ လိုအပ်သည့်အချက်အလက်များရှိခဲ့ပါက ဘဏ်မှ ကတ်ပိုင်ရှင်ကို ဆက်သွယ်ပေးမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

CB Bank ၏ Website မှတစ်ဆင့် ကတ် ဝန်ဆောင်မှုလျှောက်ထားရန် - https://www.cbbank.com.mm/en/form