ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ Global Money Express ဝန်ဆောင်မှုဖြင့် ငွေလွှဲပေးပို့နိုင်ပါပြီ

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ Global Money Express ဝန်ဆောင်မှုဖြင့် ငွေလွှဲပေးပို့နိုင်ပါပြီ

ပြည်ပနိုင်ငံများရှိ နိုင်ငံတကာ ငွေလွှဲအဖွဲ့အစည်းများဖြစ်ကြသည့် Western Union, IME@Ria, 2C2P, Krung Thai Bank, Merchant Trade နှင့် CIMB တို့မှတစ်ဆင့် ငွေလွှဲပေးပို့ပြီး CB Bank တွင် PIN Number (လျှို့ဝှက်ကုတ်) ဖြင့် လူတစ်ဦးလျှင် တစ်ပတ်အများဆုံး ကျပ်သိန်း ၂၀ အထိ ငွေသားထုတ်ယူနိုင်ပါသည်။

ရန်ကုန်နှင့် မန္တလေးရှိ CB Bank ၏ အောက်ပါပူးတွဲပါပုံများတွင် ဖော်ပြထားသည့် ဘဏ်ခွဲများနှင့် အခြားနယ်မြို့များတွင်လည်း ဖွင့်လှစ်ထားသည့် ဘဏ်ခွဲများ၌ ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ ဝန်ဆောင်မှုရယူနိုင်ပြီ ဖြစ်ပါသည်။