Search form

Import Bill Collection – DP / DA Discounting

Import Bill Collection – DP / DA Discounting

ကောက်ခံရေးစနစ် (DP/DA) ဖြင့် ကုန်ပစ္စည်းတင်သွင်းသောစာရွက်စာတမ်းများအားအချိန်ပိုင်း ချေးငွေဖြင့် ငွေပေးချေခြင်း။

DP စနစ်ဖြင့်လာသော သဘောတူညီချက်တစ်ခုတွင် ကုန်ရောင်းသူမှ ၎င်း၏ဘဏ်သို့ ကုန်သွယ်ရေးနှင့် သင်္ဘောတင်ဆိုင်ရာစာရွက်စာတမ်းများအားတင်ပြ၍ ကုန်ဝယ်သူထံသို့ ကုန်ဝယ်သူ၏ဘဏ်မှတစ်ဆင့် ငွေတောင်းခံသောအစီအစဉ်ဖြစ်သည်။ ကုန်ဝယ်သူအနေဖြင့် ငွေပေးချေပြီးမှသာလျှင် စာရွက်စာတမ်းများအား ဘဏ်မှထုတ်ယူခွင့်ရှိပါသည်။

DA စနစ်ဖြင့်လာသော သဘောတူညီချက်တစ်ခုတွင် ကုန်ရောင်းသူမှ ၎င်း၏ဘဏ်သို့ ကုန်သွယ်ရေးနှင့် သင်္ဘောတင်ဆိုင်ရာစာရွက်စာတမ်းများအားတင်ပြ၍ ကုန်ဝယ်သူထံသို့ ကုန်ဝယ်သူ၏ဘဏ်မှတစ်ဆင့် ငွေတောင်းခံသောအစီအစဉ်ဖြစ်သည်။ ကုန်ဝယ်သူအနေဖြင့် ငွေပေးချေရမည့်ရက်တွင်ပေးချေမည့် ကတိဝန်ခံချက်ဖြင့်သာလျှင် စာရွက်စာတမ်းများအား ဘဏ်မှထုတ်ယူခွင့်ရှိပါသည်။

ကောက်ခံရေးစနစ်ငွေပေးခြင်းဆိုင်ရာ နည်းလမ်း (၂) ခုလုံးပေါ်တွင် ဘဏ်သို့စာရွက်စာတမ်းများ ရောက်ရှိလာပြီး ဝယ်ယူထားသော ငွေတောင်းခံလွှာပေါ်တွင် ချေးငွေထုတ်ယူနိုင်ပါသည်။

သင့်လုပ်ငန်းအတွက် အကျိုးအမြတ်
CB Bank ၏ လုပ်ငန်းစဉ် : ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုပေးသောဘဏ်
ချေးငွေ ခွင့်ပြုကာလ : ရက်ပေါင်း (၁၈၀) ထိ
ကုန်ဝယ်သူ အတွက် အကျိုးကျေးဇူးများ
  • ဘဏ်မှ Trade Facilities ရရှိထားသော customer များအနေ ဖြင့် ချက်ချင်းငွေပေးချေရန် မလိုအပ်ခြင်း။
  • လူကြီးမင်းအနေဖြင့် Documentary collection အသုံးပြုခြင်းအားဖြင့် financing အား ၁၀၀% အထိရရှိနိုင်ပါသည်။
  • ဘဏ်မှ ကြိုတင်ခွင့်ပြုထားသော ကာလအတိုင်းအတာတစ်ခုအထိ အသုံးပြုနိုင်ပါသည်။
  • ငွေကြေးလည်ပတ်စီးဆင်းမှု ကို အထောက်အကူပြုစေပါသည်။
လုပ်ငန်းလမ်းညွှန်

DP စနစ်အတွက်

  • ကုန်ဝယ်သူနှင့် ကုန်ရောင်းသူ တို့အရောင်းအဝယ်စာချုပ် ချုပ်ဆိုခြင်း။
  • ကုန်ရောင်းသူမှ ကုန်ပစ္စည်းများနှင့်အတူ DP collection bill အား တင်ပို့ခြင်း။
  • ကုန်ဝယ်သူမှ CB Bank သို့ DP application လျှောက်ထားခြင်း။
  • CB Bank မှ DP collection ပေါ်တွင် ကြိုတင်ငွေထုတ်ပေး၍ ကုန်ရောင်းသူထံသို့ တိုက်ရိုက် ငွေပေးချေခြင်း။
  • ကုန်ဝယ်သူအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာစာရွက်စာတမ်းများအား CB Bank မှ ထုတ်ယူခြင်း။
  • ကုန်ဝယ်သူမှ CB Bank ၏ Trust Receipt Financing အားအသုံးပြု၍ သတ်မှတ်ကာလ ပြည့်သည်နှင့် ပြန်လည်ငွေပေးချေခြင်း။

 

DA စနစ်အတွက်

  • ကုန်ဝယ်သူနှင့် ကုန်ရောင်းသူ တို့အရောင်းအဝယ်စာချုပ် ချုပ်ဆိုခြင်း။
  • ကုန်ရောင်းသူမှ ကုန်ပစ္စည်းများနှင့်အတူ DA collection bill အား တင်ပို့ခြင်း။
  • ကုန်ဝယ်သူမှ CB Bank သို့ DA application လျှောက်ထားခြင်း။
  • CB Bank မှ DA collection စနစ်ဖြင့်လာသော စာရွက်စာတမ်းများအား ဝယ်ယူ၍ ကုန်ရောင်းသူထံသို့ draft လက်ခံကြောင်းနှင့် သတ်မှတ်ကာလပြည့်ပါက ငွေပေးချေမည်ဖြစ် ကြောင်းအကြောင်းကြားခြင်း။
  • ကုန်ဝယ်သူအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်းများအား CB Bank မှ ထုတ်ယူ ခြင်း။
  • CB Bank အနေဖြင့် ကုန်ရောင်းသူထံသို့ ကုန်ရောင်းသူ၏ ဘဏ်မှတစ်ဆင့် သတ်မှတ်ကာလ ပြည့်ပါက ငွေပေးချေခြင်း။
  • ကုန်ဝယ်သူမှ ငွေပေးချေရမည့်အချိန်တွင် CB Bank ၏ Trust Receipt Financing အားအသုံးပြု၍ သတ်မှတ်ကာလ ပြည့်သည်နှင့် ပြန်လည်ငွေပေးချေခြင်း။
နှုန်းထား နှင့် အဖိုးအခ များ

ဝန်ဆောင်ခနှုန်းထားများကိုသီးခြားအကြောင်းကြားပေးပါမည်။