ချက်လက်မှတ်ကောက်ခံခြင်းဝန်ဆောင်မှုလုပ်ငန်းသည် နိုင်ငံအတွင်းရှိ CB Bank ၏ ဘဏ်ခွဲများမှတစ်ဆင့် လူကြီးမင်းတို့၏ ချက်လက်မှတ်ဖြင့်ငွေပေးချေခြင်းလုပ်ငန်းများကို ကူညီကောက်ခံပေးခြင်းဖြစ်ပါသည်။ ထို့နောက် ကောက်ခံရရှိငွေများကို လူကြီးမင်းတို့၏ ငွေစာရင်းထဲသို့ တိုက်ရိုက်ပြန်လည်ထည့်ပေးခြင်း ဖြစ်ပါသည်။