Host-to-Host System Integration

Host-to-Host System Integration

အချိန်နှင့်တစ်ပြေးညီဖြစ်သော ဘဏ်၏ငွေသွင်းငွေထုတ် လုပ်ဆောင်ချက်များကို သိရှိရန် လိုအပ်သောCustomer များအတွက် CB Bank သည် system intergration services ဝန်ဆောင်မှုကို ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းဝန်ဆောင်မှုသည် Customer နှင့် CB Bank အကြားတွင် ကွန်ယက်တည်ဆောက်ပြီး လုံခြုံသောချိတ်ဆက်မှုတစ်ခုဖြစ်သည်။ ငွေသွင်းငွေထုတ် ဆောင်ရွက်ချက်များကို လူကိုယ်တိုင်လုပ်စရာမလိုဘဲ API (Application Programming Interface) calls မှတစ်ဆင့်ပေးပို့ခြင်း (သို့မဟုတ်) SFTP (Secured File Transfer Protocol) ကို protocol မှတစ်ဆင့် ပြုလုပ်ပေးပါသည်။

၎င်းဝန်ဆောင်မှုသည် ဘဏ်နှင့် Customer များကြား ပိုမိုယုံကြည်စိတ်ချမှုကိုရရှိစေနိုင်ပါသည်။ အကျိုးကျေးဇူးများ
  • လုပ်ငန်းလုပ်အပ်ချက်နှင့်အညီကိုက်ညီမှုရှိသော နည်းလမ်းများပြုလုပ်ပေးခြင်း။
  • လုံခြုံစိတ်ချမှုရှိခြင်း။
  • အလိုအလျောက်စနစ် ဖြစ်သည့်အတွက် အမှားနည်းပါးခြင်း။

လူကြီးမင်းအနေဖြင့် Host-to-Host System Integration ကိုဆောင်ရွက်လိုပါက corporatebanking@cbbank.com.mm သို့လည်းကောင်း relationship manager ထံသို့မေးမြန်း၍လည်းကောင်း စုံစမ်းနိုင်ပါသည်။