Standard Channels

Standard Channels
Branches (ဘဏ်ခွဲများ)

CB Bank သည် အခါအားလျော်စွာ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူ၊ ရက်ချိန်းရယူပြီးသူ၊ (သို့မဟုတ်) ရက်ချိန်းမရရှိသေးသူများအား နွေးထွေးစွာ ကြိုဆိုလျှက်ရှိသည်။ သို့သော် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ အဆင်ပြေစေရန်အတွက် CB Bank ရှိ Corporate Banking Team နှင့် ရက်ချိန်းရယူပြီး မိမိ၏လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးနိုင်သည်။ Corporate Banking Team သည် ဘဏ်နှင့်ပတ်သက်သော ဝန်ဆောင်မှုများကို မိမိတို့ရှေ့မှောက်အရောက် ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်သည်။

Trade Centers (ကုန်သွယ်မှု ဌာနများ)

CB Bank ၏ ကျွမ်းကျင်သော Trade Team များသည် Trade နှင့်ဆိုင်သော ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ သိရှိလိုသည်များကို ဖြေကြားပေးရန် အသင့်ရှိနေပါသည်။ 

Relationship Managers (RMs) (ဆက်ဆံရေး မန်နေဂျာများ)

CB Bank ၏ relationship manager များသည် Corporate Customer များအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် သတ်မှတ်ထားရှိသည်။ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် မိမိတို့သိလိုသည်များကို မေးမြန်းလို၍သော်လည်းကောင်း၊ အခြားသောဘဏ်ဝန်ဆောင်မှုများကို မေးမြန်းလို၍သော်လည်းကောင်း မိမိတို့၏သက်ဆိုင်ရာ RMs များထံသို့ တိုက်ရိုက် ဆက်သွယ်နိုင်သည်။ RMs မရှိသေးသော Corporate Customer များသည် CB Bank သို့ တိုက်ရိုက်ဆက်သွယ်ပြီး Request Form တင်နိုင်သည်။

Money Exchange Counters (ငွေလွှာကောင်တာများ)

လူကြီးမင်းတို့ နိုင်ငံခြားငွေ လွယ်ကူစွာလဲလှယ်နိုင်ရန် Hotel, Airport စသော နေရာများစွာတွင် Money Exchange Counters များထားရှိပေးထားပါသည်။ လူကြီးမင်းတို့၏လုပ်ငန်းလိုအပ်ချက်အရ လူကြီးမင်းတို့၏ နေရာများတွင် CB Bank Money Exchange Counters များထားရှိလိုရင် Relationship Managers များ (သို့မဟုတ်) Corporatebanking@cbbank.com.mm ကိုဆက်သွယ်ပြီး CB Bank နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။