Internet Banking နှင့် Mobile Banking တို့၏ လုပ်ဆောင်ချက်များမှာ တူညီသော်လည်း Mobile Banking ဝန်ဆောင်မှုကို မိမိ၏ မှတ်ပုံတင်ထားသော မိုဘိုင်းလ်ဖုန်းတွင်သာ အသုံးပြု၍ရပြီး Internet Banking ဝန်ဆောင်မှုကို မိုဘိုင်းလ်ဖုန်း၊ ကွန်ပျူတာ၊ စမတ်တီဗွီများတွင်လည်း အသုံးပြုနိုင်သည်။ ထို့အပြင် Internet Banking ဝန်ဆောင်မှုသည် OTP (တစ်ကြိမ်သုံးလျို့ဝှက်နံပါတ်) လိုအပ်သဖြင့် Corporate Customer များအတွက် စီးပွားရေးအရ အသုံးပြုရန် ပို၍လုံခြုံစိတ်ချရပြီး ပို၍အဆင်ပြေချောမွေ့စေပါသည်။