Security Device ပျောက်ဆုံး၍သော်လည်းကောင်း၊ ပျက်ဆီး၍သော်လည်းကောင်းအသစ်လဲလှယ်လိုပါက Device အသစ်အတွက် ဝန်ဆောင်ခပေးဆောင်ရမည်ဖြစ်သည်။ Security Device ပျက်ဆီးမှုဖြစ်ပေါ်လာပါက ပျက်ဆီးသွားသော Security Device ကို ဘဏ်သို့ ပြန်လည်ပေးပို့ရမည်။ Contact Centre ဖုန်းနံပါတ် (၉၅-၁) ၂၃၁ ၇၇၇၀) သို့ ချက်ချင်းဆက်သွယ်မေးမြန်းပြီး မိမိ၏ ပျောက်ဆုံးသွားသော၊ အခိုးခံရသော၊ ပျက်ဆီးသွားသော Security Device ကို ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ လုံခြုံရေးအတွက် ချက်ချင်း ပိတ်သိမ်းမည်ဖြစ်သည်။ Security Device အသစ် ထပ်မံလျှောက်ထားရန်အတွက် Internet Banking Maintenance Form ကို www.cbbank.com.mm (Form Centre) တွင် ပြည့်စုံစွာ ဖြည့်စွက်ပြီး Security Device ကို အသစ်လဲလှယ်ရယူနိုင်ပါသည်။