ငွေအလွှဲအပြောင်းများကိုပြုလုပ်ရာတွင် ဘယ်အချိန်တွင် လွှဲမည်နှင့် ပတ်သက်ပြီး ရွေးချယ်ရမည်အချက်များ ဘာကြောင့်များနေပါသလဲ?

မိမိပြုလုပ်လိုသည့် ငွေအလွှဲအပြောင်းများကို နည်းလမ်း(၃)မျိုးဖြင့် ပြုလုပ်နိုင်ပါသည်။

  • ချက်ချင်းပြုလုပ်မည် - ငွေအလွှဲအပြောင်းများကို ချက်ချင်းပြုလုပ်မည်။ (နေ့တစ်နေ့၏ ငွေအလွှဲအပြောင်းပြုလုပ်ခြင်း ဖြတ်တောက်ချိန်များတွင် ပြုလုပ်သော ငွေအလွှဲအပြောင်းများ ကို နောက်တစ်နေ့ရုံးတက်ချိန်တွင် ငွေအလွှဲအပြောင်း ပြုလုပ်မည် ဖြစ်ပါသည်။
  • အနာဂတ်တွင်ငွေအလွှဲအပြောင်း ပြုလုပ်ရန်ကြိုတင်ရက်သတ်မှတ်ခြင်း - ကြိုတင်သတ်မှတ် ထားသည့်နေ့တွင် ငွေအလွှဲအပြောင်းပြုလုပ်သည်။ (မိမိပြုလုပ်လိုသည့်နေ့ကို အတိအကျပြုလုပ်ခြင်းဖြင့် ငွေလွဲပြောင်းနိုင်သည်။ ငွေစာရင်းမပြုလုပ်မှီ ရက်ပေါင်း (၃၀) အတွင်း မိမိပြုလုပ်လိုသည့်ရက်ကို သတ်မှတ်ထားရှိရပါမည်။
  • အချိန်မှန်ငွေလွှဲရန်ဘဏ်သို့ ပုံသေညွှန်ကြားချက် - သတ်မှတ်ထားသည့် အချိန်ကာလ တစ်ခုအတွင်း တူညီသောငွေလွှဲပမာဏကို တစ်ကြိမ်မက ပြုလုပ်နိုင်သည်။ ၎င်းဝန်ဆောင်မှုကို အသုံးပြုရန် အတွက် မိမိ၏ငွေလွှဲအသေးစိတ်များကို ထည့်သွင်းထားရပါမည်။ သို့မှသာ CB Bank မှ ညွှန်းကြားချက်ရရှိထားသည့်အတိုင်း ငွေလွှဲများကို ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။