Mastercard နှင့် CB Bank တို့မှ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့်ပူးပေါင်း၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင်သို့ကူးပြောင်းခြင်း

Mastercard နှင့် CB Bank တို့မှ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့်ပူးပေါင်း၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင်သို့ကူးပြောင်းခြင်း

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက်−ပြည်သူများအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဒစ်ဂျစ်တယ် အသွင်သို့ကူးပြောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများအနက်တစ်ခုအဖြစ် Mastercard နှင့် CB Bank တို့မှ မြန်မာနိုင်ငံတော်အစိုးရ၏ MSME Webportal (အသေးစားစက်မှုလက်မှု လုပ်ငန်းများအတွက် e-Government web portal) လွှင့်တင်နိုင်ရန် ပူးပေါင်းကူညီပေးခဲ့ပါသည်။ ဤ အီလက်ထရောနစ် ဝန်ဆောင်မှုများမှတစ်ဆင့် မြန်မာ့အသေးစား စက်မှုလက်မှုလုပ်ငန်းများအား Online မှ မှတ်ပုံတင်နိုင်ပါပြီ။  MSME Webportal သည် မြန်မာ့ SMEs များ မှတ်ပုံတင်ရာတွင် နေပြည်တော်နှင့်အခြား ဒေသများရှိ SME မှတ်ပုံတင်ရုံးများသို့ သွားရောက်ရန်မလိုပဲ Online မှ မှတ်ပုံတင်စေနိုင်သောကြောင့်  စီးပွားရေးလုပ်သာကိုင်သာရှိမှု (Ease of Doing Business) တွင် အရေးပါသည့် ခြေလှမ်းတစ်ခုဖြစ်ပါသည်။

Mastercard နှင့် CB Bank တို့၏ပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာနိုင်ငံတော်အစိုးရ၏ e-Government လုပ်ငန်းစဥ်များအတွက် အထောက်အကူပြုရန်ဒုတိယအကြိမ်ကြိုးပမ်းမှုဖြစ်ပါသည်။ Mastercard နှင့် CB Bank တို့မှ မြန်မာနိုင်ငံရှိအထွေထွေစီးပွားရေးလုပ်ငန်းများမှတ်ပုံတင်သည့် MyCo Website တွင်လည်း ပါဝင်ပူးပေါင်းခဲ့ပါသည်။ MyCo Website နှင့် MSME Webportal နှစ်ခုလုံးပေါ်တွင်ပြုလုပ်သည့် ငွေပေးချေမှုများအား CB Bank မှတစ်ဆင့် Mastercard Payments Gateway ဝန်ဆောင်မှုဖြင့်ဆောင်ရွက်နိုင်မည် ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုများအား ပိုမိုလုံခြုံစိတ်ချရ၍ အခက်အခဲမရှိ လုပ်ဆောင်နိုင်ပြီဖြစ်ပါသည်။

CB BankCards and Merchant Services ဌာန၏ အထွေထွေမန်နေဂျာ ဦးဇေယျာအောင်မှMSME Webportal လွှင့်တင်နိုင်ခြင်းဟာ CB Bank အနေနဲ့ အရမ်းကို ဂုဏ်ယူရတဲ့ အချိန်အခါပဲဖြစ်ပါတယ်။ ဒါဟာ e-government စနစ်ဖြစ်ပေါ်လာဖို့နဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှု ဂေဟစနစ်ဖြစ်ပေါ်လာဖို့ နောက်ထပ်ခြေလှမ်းတစ်ခု လှမ်းနိုင်တာလဲဖြစ်ပါတယ်။ အီလက်ထရောနစ်ငွေပေးချေမှုစနစ်တည်ဆောက်ရာမှာ CB Bank အနေနဲ့ မြန်မာနိုင်ငံတော်အစိုးရကို ကူညီနိုင်တဲ့ ဒုတိယအကြိမ်လဲဖြစ်ပါတယ်။ အွန်လိုင်းမှတ်ပုံတင်စနစ်နဲ့ ငွေပေးချေမှု စနစ်တွေဟာ ထောင်ပေါင်းများစွာသော စီးပွားရေးလုပ်ငန်းတွေ တရားဝင်မှတ်ပုံတင်လာအောင် တွန်းအားပေးတဲ့ မောင်းနှင်အားတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ e-government စနစ်၊ အွန်လိုင်းငွေပေးချေမှု စနစ်နဲ့ SME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာအောင် ပါဝင်ကူညီခွင့်ရတဲ့အတွက် အထူးပဲဝမ်းသာဂုဏ်ယူမိပါတယ်” ဟုပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုကဏ္ဍ မှာ လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ ယခုနှစ်အတွင်း အသုံးပြုသူပေါင်း ၁၉.၆ သန်းမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၄ သန်းတန်ဖိုးရှိသည့် ငွေပေးချေမှုများအား ပြုလုပ်မည် ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်တွင် အဆိုပါ ပမာဏ ထက် (၃) ဆပိုမိုတိုးတက်လာမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃.၂ သန်းထိရောက်ရှိမည်ဖြစ်ပါသည်။ အဆိုပါ ပမာဏ၏ ၉၉% ကို ဒစ်ဂျစ်တယ် ငွေပေးချေမှုများမှ အဓိကဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများအနေနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ဒစ်ဂျစ်တယ် စီးပွားရေးစနစ်၏ အခွင့်အလမ်းများကိုအသုံးချရန် အချိန်ကောင်းပင်ဖြစ်ပါသည်။

Mastercard ရဲ့ Country Manager Aileen Chew က Mastercard အနေနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို နေရာတိုင်းမှာ လူတိုင်းအသုံးပြုနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းလျက်ရှိပါတယ်။ CB Bank နဲ့ပူးပေါင်းပြီး e Government ဝန်ဆောင်မှုလုပ်ငန်းတွေကို Mastercard Payment Gateway ကနေတစ်ဆင့်ဝန်ဆောင်မှုပေးတာဟာ ပိုပြီး လုံခြုံစိတ်ချချောမွေ့လွယ်ကူတဲ့ ဒစ်ဂျစ်တယ် ဂေဟ စနစ်ကို ဖြစ်ပေါ်စေပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရရဲ့ နိုင်ငံသားအားလုံးအသုံးပြုနိုင်မဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှု စနစ်တွေဖြစ်ပေါ်လာစေရေး ဆိုတဲ့ဦးတည်ချက်နဲ့အတည် Mastercard အနေနဲ့ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်စနစ်တွေ ပိုမို ပေါ်ပေါက်လာစေမဲ့လုပ်ငန်းစဥ်တွေကို ဆက်လက်အလေးပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

MSME Webportal အား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင်ကျင်းပခဲ့သည့်  MSME Web Portal လွှင့်တင်ခြင်းအခမ်းအနားတွင် မိတ်ဆက်ကြေငြာခဲ့ခြင်းဖြစ်ပါသည်။ SME သို့မဟုတ် MSME အဖြစ် မှတ်ပုံတင်လိုသည့် စီးပွားရေးလုပ်ငန်းများအနေနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကြီးကြပ်သည့် Myanmar SME Development အေဂျင်စီ ဝက်ဘ်စာမျက်နှာ (https://www.msme.gov.mm/en) ပေါ်မှ တစ်ဆင့် မှတ်ပုံတင်နိုင်ပြီဖြစ်ပါသည်။

MSME Webportal ဒစ်ဂျစ်တယ်လုပ်ငန်းစဥ်သည် မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံတွင် ဖော်ပြထားသည့် ၆ နှစ် အစီအစဥ်နှင့် လည်းကိုက်ညီမှုရှိပါသသည်။ မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ မှာ မြန်မာနိုင်ငံအား ဒစ်ဂျစ်တယ်အနာဂတ်ဆီသို့ဦးတည်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်အစိုးရ၊ အခြားအဖွဲ့အစည်းများ (တက်သစ်စ လုပ်ငန်းများ၊ SME နှင့် MSME လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပါအဝင်) ပူးပေါင်းလုပ်ဆောင်ရမည့် လမ်းပြမြေပုံဖြစ်ပါသည်။

 

CB Bank အကြောင်း

CB Bank အား ၁၉၉၂ ခုနှစ် တွင် တည်ထောင်ခဲ့ပြီး၊ မြန်မာနိုင်ငံရှိ အကြီးဆုံး ပုဂ္ဂလိက ဘဏ်များထဲမှ တစ်ခုဖြစ်ပါသည်။ နည်းပညာအားအခြေခံ၍ ငွေကြေးဝန်ဆောင်မှုများ၏ အနာဂတ်သစ်တစ်ခု ဖြစ်ပေါ်လာရန် အဓိက ရည်ရွယ်ချက်ဖြင့် CB Bank မှအောက်ပါတို့ကို အကောင်အထည်ဖော်ခဲ့ပါသည်။

  • နည်းပညာအခြေခံအဆောက်အအုံနှင့် core banking စနစ်များ
  • ဒစ်ဂျစ်တယ် ပလက်ဖောင်းများအသုံးပြု၍ သုံးစွဲသူများနှင့်စီးပွားရေးလုပ်ငန်းရှင်များအတွက် ဘဏ်ဝန်ဆောင်မှုများ
  • မိတ်ဖက်များ၊ ဝန်ဆောင်မှုပေးသူများနှင့် ဗျူဟာကျသည့် လက်တွဲမှုများအကောင်အထည်ဖော်ခြင်း

၂၇ နှစ်အတွင်း CB Bank သည် ဝန်ထမ်း ၃၃ ယောက်မှ ဝန်ထမ်းပေါင်း ၉၀၀၀ ကျော်အထိ တိုးတက်လာပြီး၊ ဘဏ်ခွဲပေါင်း ၂၄၅ ခုကျော်အထိတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ သုံးစွဲသူများ၏ လိုအပ်ချက်အပေါ်မူတည်၍ ကော်ပိုရေးရှင်းများ၊ SME လုပ်ငန်းများ၊ တစ်သီးပုဂ္ဂလ သုံးစွဲသူများအတွက် ငွေကြေးဝန်ဆောင်မှုများပေးလျက် ရှိပါသည်။

 

Mastercard အကြောင်း

Mastercard (NYSE: MA), www.mastercard.com, သည် ကမ္ဘာလုံးဆိုင်ရာငွေပေး ချေရေးလုပ်ငန်းများကို ဆောင်ရွက်နေသော နည်းပညာ ကုမ္ပဏီကြီးဖြစ်သည်။ Mastercard သည် နိုင်ငံနှင့် ဒေသပေါင်း ၂၁၀ ၌ ကမ္ဘာ့အမြန်ဆုံးသော ငွေပေးချေရေးကွန်ယက်များ၊ စားသုံးသူများ၊ ငွေရေးကြေးရေးဆိုင်ရာလုပ်ငန်းများ၊ ကုန်သည်များ၊ အစိုးရများ နှင့် စီးပွားရေးလုပ်ငန်းများ ကို ဆက်သွယ်ပေးခြင်း များကိုလုပ်ကိုင်လျက်ရှိသည်။  Mastercard ၏ ထုတ်ကုန်များနှင့် အဖြေများ သည်နေ့စဉ်ကုန်သွယ်မှုလုပ်ငန်းများ- ဈေးဝယ်ခြင်း၊ ခရီးသွားလာခြင်း၊ စီးပွားရေးလုပ်ငန်း များလုပ်ကိုင် ခြင်း နှင့် ငွေရေးကြေးရေးစီမံခန့်ခွဲခြင်း-အစရှိသည်တို့ကို ပိုမို လွယ်ကူလုံခြုံ၍ အဆင်ပြေချောမွေ့ေ စသည်။ Mastercard ကို  Twitter @MastercardAP နှင့် @MastercardNews ၊ ဆွေးနွေးခြင်း ကို Beyond the Transaction Blog နှင့် သတင်းများကို Engagement Bureau တွင် ပါဝင်ကြည့်ရှုလေ့ လာနိုင်ပါသည်။

 

CB Bank အား ဆက်သွယ်ရန်

ဦးမင်းသိန်း၊ +၉၅၉၄၅၅၀၄၇၃၇၀

media@cbbank.com.mm

Mastercard အား ဆက်သွယ်ရန်

Mylene Ong, +65 6390 66553

mylene.ong@mastercard.com

Agency အား ဆက်သွယ်ရန်

Khushil Vaswani, +65 6825 8023

kvaswani@webershandwick.com