Monday, May 10, 2021 - 13:30
CB Bank Customer များအားလုံး မင်္ဂလာပါ …

ယခုအခါ COVID-19 ကမ္ဘာ့ကပ်ရောဂါမှာ မြန်မာနိုင်ငံ၌လည်း ဆက်လက်ဖြစ်ပွားလျက်ရှိသဖြင့် ATM/ CRM စက်များ သုံးစွဲရာတွင် ရောဂါကူးစက်မှုမရှိစေရန် သတိပြုဆင်ခြင်သင့်သော အချက်များကို ဖော်ပြပေးလိုက်ပါသည်။
၁။ Mask ကို စနစ်တကျတပ်ဆင်ပါ။
၂။ ATM/ CRM စက်များသည် Air-con မှန်လုံခန်းအတွင်း ရှိနေပါက 'တစ်ကြိမ်လျှင် တစ်ယောက်' သာ ဝင်ရောက်အသုံးပြုပါ။
၃။ တန်းစီရန်လိုအပ်ပါက 'အနည်းဆုံး ၆ ပေခွာ၍’ တန်းစီပါ။
၄။ ATM/ CRM များကို အသုံးပြုပြီးလျှင် လက်ကိုသေချာစွာ ဆေးကြောသန့်စင်ပါ။