လေးစားရပါသော CB Bank Customer ကြီးများသို့ အသိပေးကြေညာခြင်း

လေးစားရပါသော CB Bank Customer ကြီးများသို့ အသိပေးကြေညာခြင်း

CB Bank အနေဖြင့် အများပြည်သူသို့ Digital Banking ဝန်ဆောင်မှုများ စဉ်ဆက်မပြတ်ပေးနေသည့်အပြင် ဘဏ်ခွဲများ အပတ်စဉ် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိရာ မြန်မာနိုင်ငံတစ်ဝန်း ယခုသီတင်းပတ်အတွင်း ဖွင့်လှစ်ထားရှိမည့် ဘဏ်ခွဲများနှင့် ဖွင့်လှစ်ချိန်များ၊ ဝန်ဆောင်မှုအမျိုးအစားများကို ထပ်မံဖော်ပြ အသိပေးအပ်ပါသည်။

ဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် Customer များ နှောင့်နှေးကြန့်ကြာမှု လျော့နည်းစေရန် တိုကင်စနစ် ပြုလုပ်ထားပြီး သက်ဆိုင်ရာဘဏ်ခွဲအလိုက် တိုကင်ပေးမည့်အချိန်နှင့် သတ်မှတ်တိုကင်အရေအတွက်ကိုလည်း အောက်ဖော်ပြပါ ဇယားများတွင် ကြိုတင်ကြည့်ရှုနိုင်ပါသည်။

ထို့ပြင် CB Bank ၏ အသစ်ဆောင်ရွက်သည့် Special Account ဝန်ဆောင်မှုအား CB Bank ၏ ဘဏ်ခွဲများအားလုံးတွင် ရယူနိုင်မည့်အပြင် Customer များ အခက်အခဲမရှိစေရန် ရန်ကုန်နှင့် မန္တလေးမြိုကြီးများတွင် ပူးတွဲပါအတိုင်း ဘဏ်ခွဲ ၂၅ ဘဏ်အား သီးသန့် Special Account & Deposit Only Branch အနေဖြင့်ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးအပ်မည်ဖြစ်ပါသည်။

Special Account အသစ်ဖွင့်လှစ်ခြင်း၊ ငွေသွင်းခြင်း၊ စာရင်းပြောင်းခြင်း၊ ငွေထုတ်ခြင်း စသည့်ဝန်ဆောင်မှုများ ရယူရန်အတွက် ဘဏ်ခွဲတွင် တိုကင်ကြိုတင်ရယူရန် မလိုအပ်ပါ။

ဘဏ်ခွဲများဖွင့်လှစ်ပြီး ဝန်ဆောင်မှုများဆောင်ရွက်ပေးရာတွင် လက်ရှိကာလ၌ အခက်အခဲအချို့နှင့် အဆင်မပြေမှုများရှိပါက Customer များအနေဖြင့် သည်းခံနားလည်ပေးပါရန် CB Bank က မေတ္တာရပ်ခံအပ်ပါသည်။

Download Upper Zone

Download Middle Zone

Download Lower Zone

#CBBank #DepositBranches #SpecialAccount #Announcement