CB Bank Customer ကြီးများသို့ အသိပေးကြေညာခြင်း

CB Bank Customer ကြီးများသို့ အသိပေးကြေညာခြင်း

ရန်ကုန်မြို့ပေါ်နှင့် မန္တလေးမြို့ပေါ်ရှိ CB Bank ဘဏ်ခွဲများရှိ ATM/CRM စက်များသည် နေ့စဉ်အသုံးပြုမှု လွန်စွာများပြားလာပါသဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်လာပါသောကြောင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ATM စက်များ၌ အလှည့်ကျငွေဖြည့်တင်း ထားရှိပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့အတွင်း ရန်ကုန်မြို့ပေါ်နှင့် မန္တလေးမြို့ပေါ်ရှိ ငွေသားထုတ်ယူနိုင်သော CB Bank ATM/CRM စက်များထားရှိသည့် ဘဏ်ခွဲနေရာများကို အောက်တွင်ဖော်ပြထားသည့် ပုံများမှ တစ်ဆင့် လေ့လာကြည့်ရှုနိုင်ပါသည်။

ထို့ပြင် Bank ၏ ATM/ CRM စက်များတွင်သာမက CB Pay မှတစ်ဆင့် OK Dollar သို့ ငွေလွှဲပြီး OK Dollar Agent များထံတွင် ငွေသားထုတ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။