CB Bank ၏ Special Fixed Deposit!

CB Bank ၏ Special Fixed Deposit!

CB Bank အနေဖြင့် Customer များအပေါ် စဉ်ဆက်မပြတ် ဝန်ဆောင်မှုများပေးအပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် Customer များ၏ တောင်းဆိုမှုအရ Special Account မှတစ်ဆင့် Special Fixed Deposit အပ်နှံခြင်း ဝန်ဆောင်မှုကိုလည်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

အဆိုပါဝန်ဆောင်မှုအနေဖြင့် Special Account မှတစ်ဆင့် Special Fixed Deposit အပ်နှံရာတွင် သက်တမ်းကာလအားဖြင့် တစ်လ၊ သုံးလ၊ ခြောက်လစသည့် သက်တမ်းတို့ဖြင့်သာ အပ်နှံဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Special Fixed Deposit ဖွင့်လှစ်ရာတွင် ပရိုမိုးရှင်းကာလအဖြစ် ဇွန်လကုန်အထိ သတ်မှတ်ထားပါသဖြင့် ယင်းကာလအတွင်း၌ ရရှိမည့်အတိုးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

• (၁) လ အတိုးနှုန်း ၈.၅၀ ရာခိုင်နှုန်း

• (၃) လ အတိုးနှုန်း ၉ ရာခိုင်နှုန်း

• (၆) လ အတိုးနှုန်း ၉.၂၅ ရာခိုင်နှုန်း

Special Account အသစ်ဖွင့်လှစ်ခြင်းအပါအဝင် အဆိုပါ Special Fixed Deposit ဝန်ဆောင်မှုကိုလည်း CB Bank ၏ ဘဏ်ခွဲအားလုံးတွင် ရယူဆောင်ရွက်နိုင်ပြီး တိုကင်ကြိုတင်ရယူရန် မလိုအပ်ကြောင်း အသိပေးအပ်ပါသည်။



ဘဏ်ခွဲများဖွင့်လှစ်ပြီး ဝန်ဆောင်မှုများဆောင်ရွက်ပေးရာတွင် လက်ရှိကာလ၌ အခက်အခဲအချို့နှင့် အဆင်မပြေမှုများရှိပါက Customer များအနေဖြင့် သည်းခံနားလည်ပေးပါရန် CB Bank က မေတ္တာရပ်ခံအပ်ပါသည်။