စီဘီဘဏ်၏ ဖြန့်ချိရေးချေးငွေ သည် ဖြန့်ချိရေးကုမ္ပဏီ များ၏ ကာလတိုငွေကြေးစီးဆင်းမှု ပြသနာများကို ပြေလည်စေရန် ကူညီဆောင်ရွက်ပေးသောချေးငွေအမျိုးအစားဖြစ်ပါသည်။ တနည်းအားဖြင့် ဖြန့်ချိရေးကုမ္ပဏီ များမှ စီဘီဘဏ်၏ ကော်ပိုရိတ် client များနှင့် အရောင်းအဝယ်ပြုလုပ်ထားသော ပေးရန်ရှိ သော ကုန်ပို့လွှာ ကို ဘဏ်မှ စိုက်ထုတ်ပေးချေ၍ ပေးရန်ရှိသည့် ကာလကို ဘဏ်ချေးငွေဖြင့် တိုးမြှင့်ကူညီလုပ်ဆောင်ပေးခြင်းဖြစ်ပါသည်။
လုပ်ငန်းလမ်းညွှန်
၁။ ဖြန့်ချိသူမှ ကုန်အမှာစာပေးပို့ခြင်း | ၂။ ရောင်းချသူမှ ကုန်ပစ္စည်း ပေးပို့ခြင်း နှင့် ဘောင်ချာပေးပို့ခြင်း |
၃။ ဖြန့်ချိသူမှ ဘောင်ချာအားပေးပို့ခြင်း နှင့် ချေးငွေတောင်းခံခြင်း | ၄။ ပေးပို့လာသော ဘောင်ချာကို ရောင်းချသူနှင့် စစ်ဆေး၍ အတည်ပြု လက်ခံခြင်း |
၅။ ဘောင်ချာ ရက်ပြည့်သည့်နေ့တွင် ဘဏ်မှ ချေးငွေဖြင့်ပေးချေခြင်း | ၆။ ချေးငွေရက်ပြည့်သည့် နေ့တွင် ဖြန့်ချိသူမှ ငွေပြန်ဆက်ခြင်း |