Invoice Financing

Invoice Financing

စီဘီဘဏ်၏ ကုန်တန်ဖိုးငွေတောင်းခံလွှာပေါ်တွင် ချေးငွေထုတ်ပေးခြင်း အမျိုးအစားသည် ဖြန့်ဖြူးရောင်းချသူမှ ရရန်သေချာသည့် ကုန်ပို့လွှာ ပေါ်တွင် ဘဏ်မှ ကြိုတင်ငွေချေးပေးခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် ဖြန့်ဖြူးရောင်းချသူမှ အကြွေးရောင်းချထားသော အရောင်းဘောင်ချာပေါ်တွင် ငွေကောက်ခံရရှိမည့်ရက်မရောက်ခင် ငွေကြေးလည်ပတ်မှုကောင်းမွန်စေရန် ဘဏ်မှ ကူညီစိုက်ထုတ်ချေးငွေ ပေးထားခြင်းဖြစ်ပါသည်။

လုပ်ငန်းလမ်းညွှန်

၁။ ဝယ်ယူသူမှ ကုန်အမှာစာပေးပို့ခြင်း ၄။ ပေးပို့လာသော ဘောင်ချာကို ဝယ်သူနှင့် စစ်ဆေး၍ အတည်ပြု လက်ခံခြင်း
၂။ ဖြန့်ဖြူးရောင်းချသူမှ ကုန်ပစ္စည်း ပေးပို့ခြင်း နှင့် ဘောင်ချာပေးပို့ခြင်း ၅။ ဘဏ်မှ ကြိုတင်ချေးငွေ ထုတ်ပေးခြင်း
၃။ ဖြန့်ဖြူးရောင်းချသူမှ ကြိုတင်ချေးငွေ တောင်းခံခြင်း ၆။ ဘောင်ချာရက်ပြည့်သည့်နေ့တွင် ဝယ်ယူသူမှ ငွေပေးချေခြင်း
လိုအပ်သောစာရွက်စာတမ်း

၁။    စီဘီဘဏ် Invoice Financing လျှောက်လွှာ

၂။    ဖြန့်ဖြူးရောင်းချသူ၏လုပ်ငန်း အကျဉ်း

၃။    ပြီးခဲ့သောအရောင်းအဝယ်သဘောတူစာချုပ် နှင့် ကုန်ပို့လွှာပေးချေမှုမှတ်တမ်းများ

၄။    ကုမ္ပဏီ နှင့် သက်ဆိုင်သော စာရွက်စာတမ်း သို့မဟုတ် လုပ်ငန်းလိုင်စဉ်

၅။    ၂နှစ်စာ လုပ်ငန်းဘဏ္ဍာရေးရှင်းတမ်း

၆။    ပြီးခဲ့သည့် ၂ နှစ်စာ အတွက် ဝင်ငွေခွန်/ကုန်သွယ်ခွန်

လျှောက်ထားရန်လိုအပ်ချက်
  • ဖြန့်ဖြူးရောင်းချသူ သည် ဝယ်ယူသော ကုမ္ပဏီနှင့် လုပ်ငန်းဆက်ဆံရေး အနည်းဆုံး ၆လ နှင့် ကောင်းမွန်သောငွေပေးချေမှု မှတ်တမ်းရှိရမည်။ 
  • သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် အနည်းဆုံး ၁ နှစ် လုပ်ငန်း လုပ်ကိုင်မှု မှတ်တမ်းရှိရမည်။
  • ကုမ္ပဏီမှတ်ပုံတင် သို့မဟုတ် လုပ်ငန်းလိုင်စင်ရှိရမည်။
အကျိုးကျေးဇူးများ
  • ချေးငွေကာလ - ရက်ပေါင်း ၁၈၀ အထိ
  • ချေးငွေပမာဏ - ကုန်ပို့လွှာတန်ဖိုး ၏ ၈၀ ရာခိုင်နှုန်းအထိ

**လျှောက်ထား လုပ်ငန်းစဉ် ကိစ္စ နှင့် ကာလ သည် ပုံမှန် ချေးငွေ အမျိုးအစားထက် တို၍ အကုန်အကျ သက်သာ သောချေးငွေအမျိုးအစား ပုံစံဖြစ်ပါသည်။

ဖြန့်ဖြူးရောင်းချသူ၏အကျိုးကျေးဇူးများ
  • လုပ်ငန်းလည်ပတ်ငွေကိုချက်ချင်းရယူနိုင်ခြင်း
  • ကုန်ကြွေးကာလကို ဝယ်ယူသူအတွက် တိုးပေးနိုင်ခြင်း
  • ငွေကြေးလည်ပတ်မှုကောင်းမွန်၍ ပြန်လည် ရင်းနှီးမှုပြုနိုင်၍ အကျိုးအမြတ်ရနိုင်ခြင်း
ဝယ်ယူသူကုမ္ပဏီ၏အကျိုးကျေးဇူးများ
  • ရောင်းချသူနှင့်ဆွေးနွေးညှိနှိုင်း၍ ကုန်ကြွေးပေးရန်ရှိကာလကိုတိုးမြှင့်နိုင်ခြင်း
  • ငွေကြေးလည်ပတ်မှုတိုးမြှင့်နိုင်ခြင်း
  • ကုန်စည် စီးဆင်းမှု ကိုပိုမိုတိုးတက် ကောင်းမွန်စေနိုင်ခြင်း