Account Information Management

Account Information Services
Bank Balance Confirmation

CB Bank သည်ချေးငွေစာရင်းများ သို့မဟုတ် စာရင်းရှင်အပ်ငွေစာရင်းဖွင့်လှစ်ထားသော Customer များအား ခြောက်လတစ်ကြိမ် Bank Account Comfirmation ပေးပို့ပါသည်။

အခါအားလျော်စွာ တောင်းခံသော Bank Balance Comfirmation အတွက်ဝန်ဆောင်ခမှာ (၂,၀၀၀/-) ကျပ်ဖြစ်ပါသည်။

Bank Statement

လူကြီးမင်းရယူလိုသော စာရင်းအတွက် လူကြီးမင်း၏ညွှန်ကြားချက်အတိုင်း (ဥပမာ - နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်) Email ဖြင့် ပုံမှန်ရယူနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။

E-Statement ကို PDF Format (သို့) CSV File နှင့် Download ရယူနိုင်ပါသည်။

ဝန်ဆောင်ခများ

Standard Bank Statement အတွက်

  • (၂,၀၀၀/-) ကျပ် (တစ်ကြိမ်လျှင်)

 

E-Statement အတွက်

  • နေ့စဉ်ဘဏ်စာရင်းရှင်းတမ်း (Daily Statement) - တစ်လလျှင် (၄,၀၀၀/-) ကျပ်
  • အပတ်စဉ်ဘဏ်စာရင်းရှင်းတမ်း (Weekly Statement) - တစ်လလျှင် (၁,၂၀၀/-) ကျပ်
  • လစဉ်ဘဏ်စာရင်းရှင်းတမ်း (Monthly Statement) - တစ်လလျှင် (၅၀၀/-) ကျပ်

Narrative (Transaction Reasons) Bank Statement အတွက်

  • နီးစပ်ရာ CB Bank ဘဏ်ခွဲများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
Alert Notification Sevices

နေ့စဉ် ငွေသွင်းခြင်း (သို့) ငွေဝင်ခြင်း၊ ငွေထုတ်ခြင်းနှင့် MPU Card ဖြင့် ငွေပေးချေခြင်းများအတွက် အသိပေးချက်များကို ဘဏ်မှအချိန်နှင့်တစ်ပြေးညီ ပေးပို့ပေးသော ဝန်ဆောင်မှုဖြစ်ပါသည်။

Alert Notification ရယူထားသော Customer များအနေဖြင့် ဘဏ်မှအခါအားလျော်စွာ ဆောင်ရွက်သော Promotion များ၊ ကြော်ငြာများကိုလည်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည် ဖြစ်ပါသည်။

  1. eAlert - ဆောင်ရွက်သောTransaction များကို Email ဖြင့်ပေးပို့ခြင်း။
  2. SMS Alert - ဆောင်ရွက်သောTransaction များကို SMS ဖြင့်ပေးပို့ခြင်း။

မိမိကြိုက်နှစ်သက်ရာ Alert ကို ရယူနိုင်ပါသည်။

ဝန်ဆောင်ခများ
E-alert (တစ်လလျှင်) : (၅,၀၀၀/-) ကျပ်
SMS Alert (တစ်လလျှင်) : (၁,၂၀၀/-) ကျပ်
အကျိုးကျေးဇူး
  • စာရင်းဆောင်ရွက်ချက်တိုင်း SMS နှင့် eAlert တို့ဖြင့် အသိပေးအကြောင်းကြားချက်ရရှိခြင်း။
  • မိမိစာရင်းသို့ ငွေဝင်ရောက်ခြင်းများကို အချိန်နှင့်တစ်ပြေးညီ စိစစ်သိရှိနိုင်ခြင်း။
  • မိမိစာရင်းလက်ကျန်ကို ပုံမှန်သိရှိနိုင်ခြင်း။
  • ဘဏ်မှ အခါအားလျော်စွာဆောင်ရွက်သော Promotion ကြော်ငြာများရရှိနိုင်ခြင်း။
Alert Notification ရရှိနိုင်သော ဝန်ဆောင်မှုများ
  • Debit Alert (စာရင်းမှ ငွေထုတ်ခြင်း)
  • Credit Alert (စာရင်းသို့ငွေဝင်ခြင်း)
  • Remittance to Account (စာရင်းသို့ ငွေလွှဲရောက်ရှိခြင်း (ပြည်တွင်း/ပြည်ပ))
  • Card Spending Alert (ကတ်သုံးစွဲခြင်း)
  • Cash Management Alert
    • Incoming and outgoing funds
    • Cheque Payment
    • Returned Cheque
  • Bill Payment (ဘေလ်ပေးဆောင်ခြင်း)
  • Payroll Debit /Credit (လစာဝင်ခြင်း/လစာပေးခြင်း)
  • TT Transfer (TT ငွေလွှဲရောက်ရှိခြင်း)
  • Trade Transactions
  • Credit Advice
လိုအပ်ချက်များ
  • CB Bankတွင် စာရင်းဖွင့်ထားသူဖြစ်ရပါမည်။
  • အသက် (၁၈) နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသားတိုင်း ဝန်ဆောင်မှုရယူနိုင်ပါသည်။
  • မြန်မာနိုင်ငံအသိအမှတ်ပြု၊ ခွင့်ပြုလိုင်စင်ရထားသော ကုမ္ပဏီလုပ်ငန်း၊ အဖွဲ့အစည်းများလည်း ဝန်ဆောင်မှုရယူနိုင်ပါသည်။