Search form

Home Loans

Home Loan

သင့်ဘဝနေထိုင်မှုနှင့် ကိုက်ညီသော တိုက်ခန်း/ ကွန်ဒိုအခန်း/ လုံးချင်းအိမ် ပိုင်ဆိုင်ဖို့ CB Bank Home Loan ဖြင့်ချိတ်ဆက်လိုက်ပါ။

တိုက်ခန်းများ
ကွန်ဒိုများ
လုံးချင်းအိမ်
အကျိုးကျေးဇူးများ
  • လစဉ်ပုံမှန်ဝင်ငွေတစ်ခုရှိရုံဖြင့် အိမ်တစ်လုံးပိုင်ဆိုင်နိုင်ခြင်း။
  • (၇၀%) အထိ ချေးငွေရယူနိုင်ခြင်း - သင့်စိတ်ကူးထဲက အိမ်လေးကို တန်ဖိုး၏ (၃၀%) ရှိရုံဖြင့် ဝယ်ယူနိုင်ခြင်း။
  • ချေးငွေသက်တမ်းအများဆုံး (၁၅)နှစ်အထိ ရယူနိုင်ခြင်း။
နှုန်းထား နှင့် အဖိုးအခ များ
ကနဦးပေးသွင်းရမည့်နှုန်း : ၃၀% (အနည်းဆုံး)
အတိုးနှုန်း : ၁၃% (တစ်နှစ်လျှင်)
ဝန်ဆောင်ခ : အများဆုံး ၂% (ချေးငွေပမာဏအပေါ်တွင်)
ချေးငွေသက်တမ်း : အများဆုံး (၁၅) နှစ်
လျှောက်ထားသူများ၏ လိုအပ်ချက်များ

Calculator

ယခုပဲ
CB Bank Home Loan ဖြင့်ချိတ်ဆက်လိုက်ပါ။
FAQs

အိမ်ရာပိုင်ဆိုင်လိုသောမြန်မာနိုင်ငံသားများအတွက် လစဉ်ပုံမှန်ဝင်ငွေရှိလျှင် ဝယ်ယူလိုသော အိမ်တန်ဖိုး၏ အနည်းဆုံး ၃၀% ပေးသွင်းပြီး

ချေးငွေသက်တမ်း (၁၅)နှစ် အများဆုံး ဖြင့် လစဉ်အရစ်ကျပြန်လည်ပေးဆပ်နိုင်သော ဘာရေးအထောက်အပံ့ စီမံကိန်းတစ်ခုဖြစ်ပါသည်။

အသက် (၁၈)နှစ်ပြည့်ပြီး လစဉ်ပုံမှန်ဝင်ငွေရှိသော မြန်မာနိုင်ငံသားတိုင်း လျှောက်ထားနိုင်ပါသည်။

အိမ်ထောင်စုစာရင်းတူသော မိသားစုဝင် (၂)ဦး ပူးတွဲလျှောက်ထားနိုင်ပါသည်။

လစာဝင်ငွေမှာ ဝယ်ယူမည့် တိုက်ခန်းတန်ဖိုးပေါ်မူတည်၍ ဘဏ်နှင့်ချိတ်ဆက်ဆွေးနွေးနိုင်ပါသည်။

ဂရန်မြေ ၊ ဘိုးဘွားပိုင်မြေ ၊ စည်ပင်မြေ နှင့် အိုးအိမ်မြေပေါ်တွင်တည်ဆောက်ထားသော လုံးချင်းအိမ်ရာ၊ ကွန်ဒို ၊ တိုက်ခန်းများ ကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။

စာရွက်စာတမ်း အပြည့်အစုံတင်ပြီး ဘဏ်၏သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိပါက (၁)လအတွင်း ချေးငွေခွင့်ပြုချက်ရနိုင်ပါသည်။

နီးစပ်ရာ ဘဏ်ခွဲများတွင် မေးမြန်းစုံစမ်းပြီး လိုအပ်သော စာရွက်စာတမ်းများနှင့်တကွ လျှောက်ထားနိုင် ပါသည်။ (သို့) CB Bank customer service ဖုန်းနံပါတ် 09 2 5555 7777 သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။