Search form

Car Loan

Car Loan

CB Bank Car Loan နဲ့ဆို သင့်အိပ်မက်ထဲက ကားလေးစီးဖို့ စောင့်စရာမလိုတော့ပါဘူး။

အကျိုးကျေးဇူးများ
  • လစဉ်ပုံမှန်ဝင်ငွေရှိရုံဖြင့် စိတ်ကူးထဲကကားလေးကို အလွယ်တကူပိုင်ဆိုင်နိုင်ခြင်း။
  • ချေးငွေအများဆုံး ၇၀% အထိရယူပြီး ကိုယ်ပိုင်ကားလေးဝယ်ယူနိုင်ခြင်း။
  • ကားအသစ်အတွက် ချေးငွေသက်တမ်းအများဆုံး (၅)​ နှစ်ထိရယူနိုင်ခြင်း။
နှုန်းထား နှင့် အဖိုးအခများ
ကနဦးပေးသွင်းရမည့်နှုန်း : ၃၀% မှ ၇၀ %
ကားအသစ် အတိုးနှုန်း : တစ်နှစ်လျှင် - ၁၄% (amortization)
ဝန်ဆောင်ခ : အများဆုံး ၂% (ချေးငွေပမာဏပေါ်တွင်)
ကားအသစ် ချေးငွေသက်တမ်း : ၅ နှစ် (အများဆုံး)
ချေးငွေစောဆပ်ခြင်း : ချေးငွေသက်တမ်းမစေ့မီ အကြေဆပ်ခြင်း : ပေးဆပ်ရန် ကျန်ရှိသော ချေးငွေပမာဏလက်ကျန်၏ ၃%

*မှတ်ချက် ။ ။ ချေးငွေအတိုးနှုန်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ အထက်ဖော်ပြပါနှုန်းထားများနှင့်အဖိုးအခများအပေါ် ပြောင်းလဲပြင်ဆင်ရန် လိုအပ်သည်ဟု ထင်မြင်ယူဆပါက ကြိုတင်အသိမပေးဘဲ ဘဏ်အနေဖြင့် အချိန်မရွေး ပြောင်းလဲပြင်ဆင်ပိုင်ခွင့်ရှိပါသည်။

လိုအပ်ချက်များ

Calculator
FAQs
CB Bank Car Loan ဆိုတာဘာလဲ။

CB Bank ရဲ့ Car Loan ဆိုတာကတော့ ကိုယ်ပိုင်ကားပိုင်ဆိုင်လိုသော မြန်မာနိုင်ငံသားများအတွက် လစဉ်ပုံမှန်ဝင်ငွေတစ်ခုရှိလျှင် ဝယ်ယူလိုသောကားတန်ဖိုး၏ အနည်းဆုံး ၃၀% ကို ကနဦးပေးသွင်းငွေအနေဖြင့် ပေးသွင်းပြီး ချေးငွေသက်တမ်းအများဆုံး (၅) နှစ်ထိရယူပြီး လစဉ်အရစ်ကျစနစ်ဖြင့်ပြန်လည်ပေးဆပ်နိုင်သော ဘဏ္ဍာရေးအထောက်အပံ့အစီအစဉ်တစ်ခု ဖြစ်ပါသည်။

 

CB Bank Car Loan ကို ဘယ်သူတွေလျှောက်ထားနိုင်လဲ။

အသက် ၁၈ နှစ်ပြည့်ပြီး လစဉ်ပုံမှန်ဝင်ငွေတစ်ခုရှိတဲ့ မြန်မာနိုင်ငံသားတိုင်း လျှောက်ထားနိုင်ပါသည်။

 

CB Bank Car Loan ကို (၂) ဦးပေါင်းဝင်ငွေဖြင့် လျှောက်ထားနိုင်ပါသလား?

အိမ်ထောင်စုစာရင်းတူသော မိသားစုဝင် (၂) ဦး ပူးတွဲလျှောက်ထားနိုင်ပါသည်။

 

Joint (ပူးတွဲလျှောက်ထားမည့်သူ) အတွက် ဘာတွေလိုအပ်မလဲ။

(၂) ဦးပေါင်း ပူးတွဲလျှောက်ထားခြင်းအတွက် အလွန်ဆုံး ၁ ယောက်သာ ပူးတွဲလျှောက်ထားခွင့်ရှိပါတယ်။

  • ပူးတွဲလျှောက်ထားမည့်သူအတွက်လိုအပ်ချက်တွေကတော့ -
  • ပတ်စ်ပို့ဓာတ်ပုံ ၁ ပုံ
  • နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
  • လျှောက်ထားသူနှင့် အိမ်ထောင်စုဇယားတစ်ခုတည်းဖြစ်ရမည်။ (အိမ်ထောင်စုဇယားမတူလျှင် လက်ထပ်စာချုပ်မိတ္တူပေးရမည်။)
  • ဝင်ငွေရှိကြောင်းအထောက်အထားလိုအပ်ချက်များကတော့ လျှောက်ထားသူ၏ လိုအပ်ချက်အတိုင်းဖြစ်ပါသည်။

 

CB Bank Car Loan လျှောက်ထားရန်အတွက် လစာဝင်ငွေအနည်းဆုံး မည်မျှရှိရမည်နည်း။

လစာဝင်ငွေမှာ ဝယ်ယူမည့်ကားတန်ဖိုးပေါ်မူတည်၍ ဘဏ်နှင့် ချိတ်ဆက်ဆွေးနွေးနိုင်ပါသည်။

 

CB Bank Car Loan ဖြင့် မည်သည့်ကားအမျိုးအစားများကို ဝယ်ယူနိုင်သနည်း။

Brand New Car (ကားအသစ်) အမျိုးအစားများကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။ Brand New Car ကိုတော့ အတိုးနှုန်းတစ်နှစ်လျှင် ၁၄% (Amortization) ဖြင့် ချေးငွေသက်တမ်း ၅ နှစ်ထိ လျှောက်ထားနိုင်ပါသည်။

 

CB Bank တွင် Car Loan လျှောက်ထားပါက မည်မျှကြာမည်နည်း။

စာရွက်စာတမ်းအပြည့်အစုံဖြင့် ဘဏ်၏သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိပါက အနည်းဆုံး (၁)​ပတ်မှ အများဆုံး (၂) ပတ်အတွင်း ချေးငွေခွင့်ပြုချက်ရနိုင်ပါသည်။

 

CB Bank Car Loan ကို မည်သို့လျှောက်ထားရမည်နည်း။

နီးစပ်ရာဘဏ်ခွဲများတွင် မေးမြန်းစုံစမ်းပြီး လိုအပ်သောစာရွက်စာတမ်းများနှင့်တကွ လျှောက်ထားနိုင်သလို CB Bank Customer Service ဖုန်းနံပါတ် ၀၁-၂၃၁၇၇၀ သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။