Foreign Currency Current Account

Foreign Currency Current Account

နိုင်ငံခြားငွေစာရင်းရှင်စာရင်းသည် လူကြီးမင်းတို့၏ နိုင်ငံခြားငွေများကို ငွေလဲလှယ်ခြင်းမှ ရလာမည့် ဆုံးရှုံးနိုင်မှုအန္တရာယ်ကို လျှော့ချပေးနိုင်ပြီး လုံခြုံစွာထိန်းသိမ်းနိုင်မည့် စာရင်းရှင်စာရင်းဖြစ်ပါသည်။ နိုင်ငံခြားငွေစာရင်းရှင်စာရင်းအား အောက်ပါနိုင်ငံခြားငွေဖြင့် ပေးသွင်းနိုင်ပါသည် -

  • အမေရိကန်ဒေါ်လာ
  • ယူရို
  • စင်္ကာပူဒေါ်လာ
အကျိုးကျေးဇူးများ
  • နိုင်ငံခြားငွေ (၃)မျိုးအား ရွေးချယ်နိုင်ခြင်း (အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ)
  • ငွေပေးချေခြင်း နှင့် လက်ခံရရှိကြောင်း အကြောင်းကြားစာများကို ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ ပြုလုပ်ရရှိနိုင်ခြင်း။
  • ငွေလဲလှယ်ခြင်းမှ ရလာမည့် ဆုံးရှုံးနိုင်မှုအန္တရာယ်အား ပိုမိုကောင်းမွန်စွာ စီမံနိုင်ခြင်း။
  • နိုင်ငံခြားငွေစာရင်းရှင်စာရင်းကို တစ်ဦးချင်းသော်လည်းကောင်း၊ တွဲဖက်သော်လည်းကောင်း အလုပ်အကိုင်အဖွဲ့အစည်းဆိုင်ရာသော်လည်းကောင်း ဖွင့်လှစ်နိုင်ခြင်း။
  • နိုင်ငံခြားငွေစာရင်းရှင်စာရင်း မှ ပြည်တွင်းကျပ်ငွေစာရင်းသို့ လွှဲပြောင်းနိုင်ခြင်း။
  • နိုင်ငံခြားငွေစာရင်းရှင်စာရင်း မှ မြန်မာကျပ်သော်လည်းကောင်း ကြိုက်နှစ်သက်ရာ နိုင်ငံခြားငွေကိုသော်လည်ကောင်း ထုတ်ယူနိုင်ခြင်း။
နှုန်းထားနှင့် အဖိုးအခများ

အတိုးနှုန်း: နိုင်ငံခြားငွေစာရင်းရှင်စာရင်းကို အတိုးနှုန်းမပေးပါ။

စာရင်းထိန်းသိမ်းခ - (၁/-) ယူနစ် (တစ်နှစ်အတွင်း ငွေသွင်းငွေထုတ်ဆောင်ရွက်မှု Transaction မရှိသော စာရင်းများအတွက်သာ ကောက်ခံပါသည်။)

နိုင်ငံခြားငွေသားများနှင့် သက်ဆိုင်သည်ဖြစ်သဖြင့် ယခု ဘဏ်စာရင်းအတွက် အထူးဝန်ဆောင်ခ ကျသင့်ပါမည်။ ကျသင့်သည့်ဝန်ဆာင်ခကို ငွေပေးသွင်းခြင်း ပြုလုပ်ရာတွင် သိရှိရမည် ဖြစ်ပါသည်။

ဘဏ်ငွေစာရင်းပိတ်သိမ်းခြင်းအတွက် အခကြေးငွေကျသင့်ပါမည်။ ကျသင့်သည့် ပမာဏမှာ (ရွေးချယ်ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေအလိုက် ) ၁၀ အမေရိကန်ဒေါ်လာ/ယူရို/စင်္ကာပူဒေါ်လာ ဖြစ်ပါသည်။

လိုအပ်ချက်များ
အနည်းဆုံး ကနဦး စာရင်းဖွင့်ငွေ : ၁၀၀ အမေရိကန်ဒေါ်လာ/ယူရို/စင်္ကာပူဒေါ်လာ
အနည်းဆုံးလက်ကျန်ငွေကျပ် : ၂၀ အမေရိကန်ဒေါ်လာ/ယူရို/စင်္ကာပူဒေါ်လာ
လိုအပ်သည့် စာရွက်စာတမ်းများ

လုပ်ငန်း၊ ကုမ္ပဏီ အမျိုးအစားကွဲအလျောက် နိုင်ငံခြားငွေစာရင်းရှင်စာရင်း ဖွင့်လှစ်ရန်လိုအပ်သည့် စာရွက်စာတမ်းများကို အောက်ဖော်ပြပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။

 

ပြည်တွင်းအခြေစိုက် လုပ်ငန်း ကုမ္ပဏီများ

အကျိုးတူပူပေါင်း စာရင်း / Society Account other Societies

ပြည်ပအခြေစိုက်လုပ်ငန်း ကုမ္ပဏီများစာရင်း

ပြည်ပ ရင်းနှီးမြုပ်နှံမှုစာရင်း

Certificate of Registration of Branch Office in Myanmar Issued by the Directorate of Investment & Companies Administration (DICA)

Certificate of Registration of Documents (CRD) Issued by the DICA. (Temporary certificate is acceptable.)

ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

ပို့ကုန်သွင်းကုန် မှတ်ပုံတင်လက်မှတ်

သင်းဖွဲ့စည်းမျဉ်း နှင့် သင်းဖွဲ့မှတ်တမ်း

ပုံစံ (၆) နှင့် ပုံစံ (၂၆)

ဒါရိုက်တာ ဘုတ်အဖွဲ့ ၏ Resolution / Meeting minutes

တာဝန်ရှိသူများ၏ လက်မှတ်နမူနာများ

ပဏာမ ပေးသွင်သည့် ၁၀၀

ကုန်သွယ်ခွင့် ပါမစ်

မှတ်ပုံတင်/နိုင်ငံကူးလက်မှတ်

FAQs
မည်သည့် နိုင်ငံခြားငွေများဖြင့် ဘဏ်စာရင်း ဖွင့်နိုင်ပါသနည်း။

အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ တို့ဖြင့် ဖွင့်နိုင်ပါသည်။

ယခု ဘဏ်စာရင်းအား မည်သူများက ဖွင့်နိုင်သနည်း။

မြန်မာနိုင်ငံသားတိုင်းနှင့် တရားဝင်အလုပ်လုပ်ပိုင်ခွင့်ရထားသော နိုင်ငံခြားသားများအားလုံး ယခုဘဏ်စာရင်းကို ဖွင့်နိုင်ပါသည်။

အနည်းဆုံးလက်ကျန်ငွေမည်မျှရှိရမည်နည်း။

(ရွေးချယ်ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေအလိုက် ) အနည်းဆုံး (၂၀/-) အမေရိကန်ဒေါ်လာ /ယူရို /စင်္ကာပူဒေါ်လာ ဖြစ်ပါသည်။

ငွေထုတ်ယူခြင်းကို မည့်သို့ပြုလုပ်နိုင်ပါသနည်း။

ငွေထုတ်ယူခြင်းကို အမေရိကန်ဒေါ်လာ /ယူရို /စင်္ကာပူဒေါ်လာ ကြိုက်နှစ်သက်ရာဖြင့် ထုတ်ယူနိုင်ပြီး မြန်မာကျပ်ငွေဖြင့်လည်း ငွေလွှဲခြင်း၊ ငွေပေးချေခြင်းများ ပြုလုပ်နိုင်ပါသည်။

ယခု နိုင်ငံခြားငွေစာရင်းရှင်စာရင်း ၏ လုပ်ငန်းလုပ်ဆောင်ချက်များမှာ အဘယ်နည်း။

သတ်မှတ်ထားသော နိုင်ငံခြားငွေ (၃) မျိုးမှ ကြိုက်နှစ်သက်ရာ ငွေကို ထုတ်နိုင်ပြီး မြန်မာကျပ်ဖြင့်လည်း ပြောင်းလဲနိုင်ပါသည်။ လုပ်ငန်းများအတွက် ယခု ဘဏ်စာရင်းတွင် Cash Management ငွေသားစီမံခန့်ခွဲခြင်း လုပ်ငန်းတာဝန်များကိုလည်း ပြုလုပ်နိုင်ပါသည်။

ယခု ဘဏ်စာရင်းကို Mobile banking မှ ဝင်ရောက်၍ ငွေလွှဲပြောင်းခြင်းများ ပြုလုပ်နိုင်ပါသလား။

နိုင်ငံခြားငွေစာရင်းရှင်စာရင်းသည် mobile banking နှင့် ချိတ်ဆက်၍ ဝင်ရောက်ခြင်း မပြုလုပ်နိုင်ပါ။

အပြည်ပြည်ဆိုင်ရာ ဘဏ်များမှ ငွေလွဲခြင်းအား လက်ခံရန် သိသင့်သည်များ ငွေလွဲခြင်း နှင့် ငွေပေးချေခြင်းများ ကိုလက်ခံရန် လွှဲသူ/ပေးသူ ကိုအောက်ပါ အချက်များ အသိပေးရပါမည်။

SWIFT/BIC Code: CPOBMMMY

Bank/Institution: Co-Operative Bank Limited (Public Bank)

Address: No.46, Union Financial Center, Corner of Mahabandoola Road and Theinphyu Road, Botahtaung Tsp, Yangon, Myanmar.

ဘဏ်စာရင်းထဲသို့ နောက်ထက် သက်ဆိုင်သူ ထည့်သွင်းလို့ရပါသလား။
  • ရပါသည်။ လက်ရှိ ဘဏ်စာရင်း ကို နောက်ထက် သက်ဆိုင်သူ တစ်ယောက် ထည့်သွင်း ၍ တွဲဖက်စာရင်း အဖြစ် ပြောင်းလဲနိုင်ပါသည်။ တွဲဖက်စာရင်း တွက် လုပ်ငန်း ဆောင်ရွက်ချက်များ ကို ခွင့်ပြုချက် ဖြင့် ပိုင်ရှင် ၂ယောက်သလုံး ရှိစရာမလိုပဲ တစ် ယောက် ထဲ ဖြင့်သာ ပြုလုပ်နိုင်ပါသည်။
  • တွဲဖက်စာရင်း များကို ဘဏ်ခွဲတိုင်းတွင် လူကိုယ်တိုင် လာ၍ မှတ်ပုံတင် ယူလာ၍ ဖွင့်လှစ်နိုင်ပါသည်။
CB ဘဏ်၏ နိုင်ငံခြားငွေစာရင်းရှင်စာရင်း မှတဆင့် အခြား ဘဏ်စာရရှင်းများသို့ မည်သို့ ငွေလွှဲနိုင်သနည်း။

လူကြီးမင်းတို့၏ နိုင်ငံခြားငွေစာရင်းရှင်စာရင်း မှာ CB ဘဏ်၏ အခြားသော ဘဏ်စာရင်းများ ကို ငွေသားလွဲပေးနိုင်ပါသည်။ အပြည်ပြည်ဆိုင်က ငွေလွှဲခြင်း အတွက် အခြားသော လုပ်ငန်းများ သို့မဟုတ် SWIFT မှတစ်ဆင့် လွှဲပို့နိုင်ပါသည်။