Current Account (စာရင်းရှင်အပ်ငွေစာရင်း)

Current Account (စာရင်းရှင်အပ်ငွေစာရင်း)

စာရင်းရှင်အပ်ငွေစာရင်းသည် ချက်လက်မှတ်စာအုပ်နှင့် ငွေပေးချေခြင်းများပြုလုပ်နိုင်သည့် ငွေစာရင်းဖြစ်သည်။

အကျိုးကျေးဇူးများ
  • ငွေသားများ သယ်ဆောင်စရာမလိုဘဲ ချက်စာအုပ်ဖြင့်ငွေပေးချေမှုများ လွယ်ကူစွာ ပြုလုပ်နိုင်ခြင်း။
  • အကြောင်းအမျိုးမျိုးကြောင့် ချက်လက်မှတ်နှင့်ရေးပြီးပေးထားသည်ကို တားဆီးနိုင်ခြင်း။
နှုန်းထား နှင့် အဖိုးအခများ

တံဆိပ်ခေါင်းခွန်ဖိုး - ချက်လက်မှတ်စာအုပ်တစ်အုပ်လျှင် (၂၅၀) ကျပ်

*မှတ်ချက် - ယခုဘဏ်စာရင်းသည် အတိုးနှုန်းမပေးသော ဘဏ်စာရင်းဖြစ်ပါသည်။

  • ဘဏ်စာရင်းဖွင့်ခြင်းအတွက် အဖိုးအခ မရှိ
  • စာရင်းထိန်းသိမ်းခ - (၁၅,၀၀) ကျပ် (တစ်နှစ်အတွင်း ငွေသွင်းငွေထုတ်ဆောင်ရွက်မှု Transaction မရှိသော စာရင်းများအတွက်သာ ကောက်ခံ ပါသည်။)
လိုအပ်ချက်များ
အနည်းဆုံး ကနဦးစာရင်းဖွင့်ငွေ : ,၀၀၀ ကျပ်
အနည်းဆုံးလက်ကျန်ငွေ : ,၀၀၀ ကျပ်
လိုအပ်သည့် စာရွက်စာတမ်းများ
  • သင်းဖွဲ့စည်းမျဉ်း
  •  ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
  • လုပ်ငန်းလိုင်စင်
  • ဒါရိုက်တာ ဘုတ်အဖွဲ့ အမည်စာရင်း
  •  ဒါရိုက်တာ ဘုတ်အဖွဲ့ အစည်းအဝေးမှတ်တမ်းနှင့် ဘဏ်စာရင်းဖွင့်ရန်ဆုံးဖြတ်မှု
  •  အဖွဲ့အစည်းကိုယ်စား ငွေသွင်းထုတ်များပြုလုပ်မည့် တာဝန်ကျသူများနှင့် ၎င်းတို့၏ ထိုးမြဲလက်မှတ်နမူနာများ
  •  ကုမ္ပဏီတံဆိပ်တုံး

နီးစပ်ရာ CB Bank ဘဏ်ခွဲ (သို့မဟုတ်) ရုံးချုပ်သို့သွား၍ လိုအပ်သည့် စာရွက်စာတမ်းများအကြောင်း မေးမြန်းဆွေးနွေးနိုင်ပါသည်။

FAQs
ဘဏ်စာရင်းတွင် အနည်းဆုံးလက်ကျန်ငွေ ပမာဏ မည်မျှ ရှိရမည်နည်း။

အနည်းဆုံး ကျပ် (၁,၀၀၀) ထားရှိရပါမည်။

ယခုဘဏ်စာရင်းကို ဖွင့်လှစ်ပြီး ငွေပေးသွင်းခြင်းအတွက် အတိုးရရှိနိုင်ပါသလား။

ယခုဘဏ်စာရင်းသည် အတိုးမပေးသော ဘဏ်စာရင်းဖြစ်ပါသည်။

ယခု ဘဏ်စာရင်းနှင့် Mobile သို့ Internet Banking အား လျှောက်နိုင်ပါသလား။

ဘဏ်စာရင်း လက်ကိုင်ထားသူအနေဖြင့် ATM ကဒ် တစ်ခု ရမှာ ဖြစ်ပြီး ထို ကဒ်ဖြင့် Mobile (သို့မဟုတ်) Internet Banking တို့ကို ချိတ်ဆက်နိုင်ပြီး eStatement သို့မဟုတ် eAlert များကို ပုံမှန်ကြေးဖြင့် ရယူနိုင်ပါသည်။

ငွေထုတ်ယူခြင်းကိုမည်သို့ပြုလုပ်နိုင်ပါသနည်း။

ဘဏ်စာရင်းကိုင်ထားသူသည် ဘဏ်ခွဲများတွင် ချက်လက်မှတ်များဖြင့် ငွေထုတ်ယူနိုင်ပါသည်။

ချက်လက်မှတ်စာအုပ် ပျောက်ဆုံးသွားလျှင် မည်သို့ပြုလုပ်ရမည်နည်း။

ချက်လက်မှတ်စာအုပ် ပျောက်ဆုံးသွားလျှင် မိမိ ဘဏ်စာရင်း ဖွင့်ထားသည့် CB Bank ဘဏ်ခွဲသို့ သွားရောက် အကြောင်းကြားပြီး ပျောက်ဆုံးသွားသော စာအုပ်အဟောင်းကို ပယ်ဖျက်ရပါမည်။ ထို့နောက် စာအုပ်အသစ်အား လဲလှယ်ခ (၂,၀၀၀/-) ကျပ်ဖြင့် ထုတ်ယူနိုင်ပါသည်။

ငွေထုတ်ယူရာတွင်ပမာဏ အကန့်အသတ် ရှိပါသလား။

အကန့်အသန့်မရှိပါ။ မိမိကိုယ်တိုင် ချက်လက်မှတ်ရေး၍သော်လည်းကောင်း မိမိငွေပေးလိုသည့် သူအားလည်းကောင်း ငွေပေးချက်လက်မှတ်ရေးထိုး၍ ဘဏ်စာရင်းထဲရှိ ငွေပမဏအား အကန့်အသန့်မရှိ ထုတ်ယူနိုင်ပါသည်။   

ဘဏ်စာရင်းထဲသို့ နောက်ထက် သက်ဆိုင်သူ ထည့်သွင်းလို့ရပါသလား။
  • ရပါသည်။ လက်ရှိ ဘဏ်စာရင်းကို နောက်ထက် သက်ဆိုင်သူတစ်ယောက် ထည့်သွင်း၍ တွဲဖက်စာရင်းအဖြစ် ပြောင်းလဲနိုင်ပါသည်။ တွဲဖက်စာရင်းအတွက် လုပ်ငန်းဆောင်ရွက်ချက်များ ကို ခွင့်ပြုချက် ဖြင့် ပိုင်ရှင် (၂) ယောက်သလုံး ရှိစရာမလိုပဲ တစ်ယောက်ထဲဖြင့်သာ ပြုလုပ်နိုင်ပါသည်။
  • တွဲဖက်စာရင်းများကို ဘဏ်ခွဲတိုင်းတွင် မှတ်ပုံတင်ယူလာ၍ လူကိုယ်တိုင် ဖွင့်လှစ်နိုင်ပါသည်။