Post-Shipment Financing (Export Bill Collection – DP/DA Discounting)

Post-Shipment Financing (Export Bill Collection – DP/DA Discounting)

Collection စနစ်ဖြင့် ကုန်ပစ္စည်းတင်ပို့သော စာရွက်စာတမ်းများဝယ်ယူခြင်း။

ကုန်ရောင်းသူအတွက် အချိန်တိုကာလချေးငွေ ရရှိနိုင်ခြင်းဖြစ်ပါသည်။ ကုန်ရောင်းသူမှ ရောင်းချထားသော ကုန်တင်ပို့စာရွက်စာတမ်း အထောက်အထားပေါ်တွင် CB Bank မှ ငွေကြိုတင်ထုတ်ပေးနိုင်ပါသည်။

သင့်လုပ်ငန်းအတွက် အကျိုးအမြတ်
CB Bank ၏ လုပ်ငန်းစဉ် : ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုနှင့် ချေးငွေထုတ်ပေးသောဘဏ်
ချေးငွေခွင့်ပြုကာလ : DP/DA တွင်ပါရှိသောစည်းမျဉ်းစည်းကမ်းများအရ
ကုန်ပို့သူအတွက် အကျိုးကျေးဇူးများ
  • ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေခြင်း။
  • ချေးငွေခွင့်ပြုချက်ပေါ်တွင် ငွေသားလျင်မြန်စွာ ရရှိနိုင်ခြင်း။
  • ကုန်ရောင်းပြေစာ၏ (၅၀%) မှ (၈၀%) အတွင်း ချေးငွေထုတ်ပေးခြင်း။
  • ထိုငွေဖြင့် ပြန်လည်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်၍ အကျိုးအမြတ်ရနိုင်ခြင်း။
  • သတ်မှတ်ရက်ကာလ ပြည့်သည့်အခါ ကုန်ဝယ်သူမှ ငွေပေးချေပါမည်ဟု သဘောတူလက်မှတ်ရေးထိုး၍ စာရွက်စာတမ်းများအား လွှဲပြောင်းရယူခြင်း။
လုပ်ငန်းလမ်းညွှန်

(Document against Payment - DP) စနစ်ဖြင့် ကုန်ပစ္စည်းတင်ပို့သော စာရွက်စာတမ်းများဝယ်ယူခြင်း

  • အရောင်းအဝယ်စာချုပ်အား ကုန်ဝယ်သူနှင့် စာချုပ်ချုပ်ဆိုခြင်း။
  • ကုန်ရောင်းသူမှ ကုန်ဝယ်သူထံသို့ ပစ္စည်းများ ပေးပို့ခြင်း။
  • ကုန်ရောင်းသူမှ ကုန်တင်ပို့ထားသော စာရွက်စာတမ်း နှင့်အတူ CB Bank သို့ ငွေကောက်ခံပေးရန် လျှောက်ထားခြင်း။
  • CB Bank မှ with recourse basis ဖြင့် ကြိုတင်ငွေထုတ်ပေးခြင်း။
  • ကုန်ဝယ်သူ၏ ဘဏ်သို့ CB Bank မှ ကုန်တင်ပို့ထားသောစာရွက်စာတမ်းအား ပေးပို့ခြင်း။
  • ကုန်ဝယ်သူမှ CB Bank သို့ ငွေပြန်လည်ပေးခြင်း။
  • ကုန်ဝယ်သူထံသို့ ၎င်းတို့နှင့် ချိတ်ဆက်ထားသောဘဏ်မှ စာရွက်စာတမ်းအား ထုတ်ပေးခြင်း။

 

(Document against Acceptance- DA) စနစ်ဖြင့် ကုန်ပစ္စည်းတင်ပို့သော စာရွက်စာတမ်းများဝယ်ယူခြင်း

  • အရောင်းအဝယ်စာချုပ်အား ကုန်ဝယ်သူနှင့် စာချုပ်ချုပ်ဆိုခြင်း။
  • ကုန်ရောင်းသူမှ ကုန်ဝယ်သူထံသို့ ပစ္စည်းများ ပေးပို့ခြင်း။
  • ကုန်ရောင်းသူမှ ကုန်တင်ပို့ထားသော စာရွက်စာတမ်း နှင့်အတူ CB Bank သို့ ငွေကောက်ခံပေးရန် လျှောက်ထားခြင်း။
  • CB Bank မှ with recourse basis ဖြင့် ကြိုတင်ငွေထုတ်ပေးခြင်း။
  • ကုန်ဝယ်သူ၏ ဘဏ်သို့ CB Bank မှ ကုန်တင်ပို့ထားသောစာရွက်စာတမ်းအား ပေးပို့ခြင်း။
  • ကုန်ဝယ်သူထံသို့ ၎င်း၏ဘဏ်မှ ကုန်တင်ပို့ထားသော စာရွက်စာတမ်းများ ထုတ်ပေးခြင်း။
  • ကုန်ဝယ်သူ၏ဘဏ်မှ CB Bank အား draft လက်ခံကြောင်းနှင့်သတ်မှတ်ရက်ကာလ ပြည့်ပါက ငွေပေးချေမည်ဖြစ်ကြောင်း အကြောင်းကြားခြင်း။
  • ကုန်ဝယ်သူမှ ၎င်း၏ဘဏ်မှတစ်ဆင့် CB Bank သို့ သတ်မှတ်ရက်ကာလ ပြည့်ပါက ငွေပြန်လည်ပေးချေခြင်း။
နှုန်းထားနှင့် အဖိုးအခများ

ဝန်ဆောင်မှုနှုန်းထားများကို သီးခြားအကြောင်းကြားပေးပါမည်။