Pre-Shipment Financing (Packing Loan)

Pre-Shipment Financing (Packing Loan)

သင်္ဘောမတင်မီ ကုန်ပစ္စည်းဝယ်ယူထုတ်လုပ်ရန် ကြိုတင်ငွေထုတ်ယူခြင်း

သင်္ဘောမတင်မီ ကုန်ပစ္စည်းဝယ်ယူထုတ်လုပ်ရန် ကြိုတင်ငွေထုတ်ယူခြင်း၊ ပို့ကုန်ထုတ်လုပ်မှုအဆင့်နှင့် သင်္ဘောတင်ရန်အတွက် ကုန်တန်ဖိုးငွေအား ကြိုတင်ချေးငွေထုတ်ပေးခြင်းဖြစ်သည်။

သင့်လုပ်ငန်းအတွက် အကျိုးအမြတ်

ကုန်ပို့သူအတွက် အကျိုးကျေးဇူးများ

  • ပို့ကုန်ထုတ်လုပ်မှုအဆင့် နှင့် သင်္ဘောတင်ရန်အတွက် ကုန်တန်ဖိုးငွေအား အထောက်အပံ့ပေးခြင်း။
  • ချေးငွေဖြင့် လုပ်ငန်းပိုမိုလည်ပတ်နိုင်ရန်အတွက် အခွင့်အလမ်းပိုမိုရရှိခြင်း။
  • ကုန်ဝယ်သူများအားလည်း ပြန်လည်ပေးဆပ်ရမည့်ကာလ ပိုမိုထားရှိနိုင်ခြင်း။
လုပ်ငန်းလမ်းညွှန်
  • ကုန်ဝယ်သူများ၏ ဘဏ်မှငွေလွှဲစာတမ်းပေးပို့ခြင်း။
  • CB Bank မှရရှိလာသော ငွေလွှဲစာတမ်းအား ကုန်ရောင်းသူထံသို့ အကြောင်းကြားခြင်း။
  • ကုန်ရောင်းသူမှ ချေးငွေ လျှောက်ထားခြင်း။
  • CB Bank မှ ကုန်ရောင်းသူအား ၈၀% အထိ ချေးငွေထုတ်ပေးခြင်း။
  • ကုန်ရောင်းသူမှ ပစ္စည်းထုတ်လုပ်ခြင်း နှင့် ကုန်ပစ္စည်းတင်ပို့ခြင်း။
  • ကုန်ရောင်းသူမှ CB Bank သို့ ကုန်တင်ပို့သော စာရွက်စာတမ်း အထောက်အထားများအား တင်ပြခြင်း။
  • ကုန်ဝယ်သူ၏ ဘဏ်သို့ စာရွက်စာတမ်းအထောက်အထားများကို CB Bank မှ ပေးပို့ခြင်း။
  • ကုန်ဝယ်သူမှ ငွေပြန်လည်ပေးချေခြင်း။

*** လုပ်ငန်းကြာချိန် - CB Bank နှင့် credit line ရှိပြီးပါက လုပ်ငန်းဆောင်ရွက်ချိန် (၃) ရက်ကြာမြင့်မည်။ ***

နှုန်းထား နှင့် အဖိုးအခများ

ဝန်ဆောင်မှုနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

လိုအပ်ချက်များ
  • Packing Loan လျှောက်လွှာ
  • ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
  • အရောင်းအဝယ်သဘောတူညီချက်
  • CB Bank မှလက်ခံနိုင်သော ငွေလွှဲစာတမ်း
  • ကုန်ရောင်းပြေစာ
  • ပို့ကုန်လိုင်စင်