Trust Receipt Financing

Trust Receipt Financing

ယုံကြည်မှုဖြင့်ဝယ်ယူထားသော ကုန်ပစ္စည်းအားထုတ်ပေး၍ အချိန်ပိုင်းချေးငွေဖြင့် ငွေပေးချေခြင်း။

ကုန်ရောင်းသူထံမှ ရောက်ရှိလာသော ဘဏ်ငွေတောင်းခံလွှာကို CB Bank မှ စိုက်ထုတ်ပေးခြင်း။ CB Bank သည် ကုန်ပစ္စည်း၏ Legal Owner ဖြစ်သည်။ ကုန်ဝယ်သူမှ ကုန်ပစ္စည်းများကို ယုံကြည်မှုဖြင့် ထုတ်ယူ၍ သတ်မှတ်ကာလအတွင်း CB Bank သို့ ပြန်လည်ပေးချေရပါမည်။

သင့်လုပ်ငန်းအတွက် အကျိုးအမြတ်
CB Bank ၏ လုပ်ငန်းစဉ် : ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုနှင့် ချေးငွေထုတ်ပေးသော ဘဏ်
ချေးငွေခွင့်ပြုကာလ : ရက်ပေါင်း (၁၈၀) ထိ
ကုန်ဝယ်သူအတွက် အကျိုးကျေးဇူးများ
  • ကုန်ဝယ်သူမှ လက်ငင်းငွေပေးချေစရာမလိုဘဲ ကုန်ပစ္စည်းများရောင်းချပြီးမှသာ ဘဏ်သို့ ပြန်လည်ငွေပေးချေခြင်း။
  • ဘဏ်မှ ခွင့်ပြုထားသော Credit Limit အရ ၁၀၀% အထိ ချေးငွေထုတ်ယူနိုင်ခြင်း။
  • ငွေကြေးလည်ပတ်စီးဆင်းမှုကို အထောက်အကူပြုစေပါသည်။
လုပ်ငန်းလမ်းညွှန်
  • CB Bank မှ ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းများ ရောက်ရှိကြောင်း ကုန်ဝယ်သူထံသို့ အကြောင်းကြားခြင်း။
  • LC ပါ အချက်အလက်များနှင့် ကိုက်ညီမှုရှိပါက CB Bank မှ (၅) ရက်အတွင်း ငွေပေးချေခြင်း။
  • ကုန်ဝယ်သူမှ CB Bank သို့လာ၍ ၁၀၀% ငွေပေးချေခြင်း (သို့မဟုတ်) TR Financing အား ရက် (၁၈၀) အထိ ဘဏ်မှချမှတ်ထားသော ဝန်ဆောင်မှုနှုန်းထားများနှင့်အညီ အသုံးပြုခြင်း။
  • ကုန်ဝယ်သူမှ ကုန်သွယ်မှုဆိုင်ရာစာရွက်စာတမ်းများ ထုတ်ယူခြင်း။
  • ကုန်ဝယ်သူမှ CB Bank သို့ သတ်မှတ်ကာလပြည့်ပါက ပြန်လည်ငွေပေးချေခြင်း။
နှုန်းထား နှင့် အဖိုးအခ များ

ဝန်ဆောင်ခနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

လိုအပ်သောစာရွက်စာတမ်းများ
  • CB Bank အား ရည်ညွှန်း၍ သင်္ဘောတင်စာရွက်စာတမ်းအား ရရှိခြင်း
  • Trust Receipt လျှောက်လွှာ
  • ကုမ္ပဏီLetter Head ဖြင့်လျှောက်လွှာ
  • ကုန်ရောင်းပြေစာ
  • သင်္ဘောတင်စာရွက်စာတမ်းများ (Bill of Lading / Air waybill / Packing List/Certificate of Origin / Insurance)