Usance Payable at Sight – UPAS

Usance Payable at Sight – UPAS

ကုန်ရောင်းသူ၏ ငွေပေးချေမှု အကြွေးစနစ်အားအသုံးပြုသော်လည်း ငွေလက်ငင်းရရှိရန် ကြားခံ ဘဏ်များမှ ချေးငွေထုတ်ယူခြင်း။

UPAS စနစ်သည် ကုန်ဝယ်သူများအတွက် ကုန်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများနှင့် ငွေကြေး ထောက်ပံ့မှုများပေးနိုင်ခြင်း။ ကုန်ရောင်းသူမှ ပစ္စည်းတင်ပို့၍ စံနှုန်းကိုက်ညီသည့် စာရွက်စာတမ်းများ အပေါ်တွင် ငွေလက်ငင်းရရှိနိုင်ခြင်း။ ကုန်ဝယ်သူမှလည်း ဆိုင်းငံ့ကာလဖြင့် ငွေပေးချေနိုင်ပါသည်။

သင့်လုပ်ငန်းအတွက် အကျိုးအမြတ်
CB Bank ၏ လုပ်ငန်းစဉ် : ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှု နှင့် ချေးငွေထုတ်ပေးသောဘဏ်
ချေးငွေခွင့်ပြုကာလ : UPAS L/C တွင် ဖော်ပြထားသော ကာလအပိုင်းအခြား
ကုန်ဝယ်သူ အတွက် အကျိုးကျေးဇူးများ
  • အရောင်းအဝယ်စာချုပ်ပေါ်တွင် ကုန်ရောင်းသူမှ ငွေလက်ငင်းရရှိနိုင်သဖြင့် ကုန်ဝယ်သူမှ ဈေးနှုန်းညှိနှိုင်းနိုင်ခြင်း
  • ကုန်ပစ္စည်းများ ချက်ချင်းထုတ်ယူနိုင်၍ ဆိုင်းငံ့ကာလဖြင့် ငွေပေးချေနိုင်ခြင်း
  • ကုန်ရောင်းသူမှ ငွေလက်ငင်းရရှိသဖြင့် လူကြီးမင်းနှင့် ကုန်သွယ်ရေးဆိုင်ရာဆက်ဆံရေး ပိုမို တိုးတက်ကောင်းမွန်လာခြင်း
လုပ်ငန်းလမ်းညွှန် (UPAS LC Discounting)
  • ကုန်ဝယ်သူမှ CB Bank သို့ UPAS L/C လာရောက်လျှောက်ထားခြင်း။
  • CB Bank မှ UPAS L/C ထုတ်ပေးခြင်းနှင့် နိုင်ငံခြားဘဏ်မှ အတည်ပြုချက်တောင်းခံခြင်း။
  • နိုင်ငံခြားဘဏ်မှ ၎င်း၏ ကုန်ရောင်းသူအား L/C ရောက်ကြောင်း အကြောင်းကြားခြင်း။
  • ကုန်ရောင်းသူမှ သူ၏ဘဏ်သို့ စာရွက်စာတမ်းများတင်ပြ၍ ကြိုတင်ငွေထုတ်ရန် လျှောက်ထားခြင်း။
  • နိုင်ငံခြားဘဏ်မှ ကုန်ရောင်းသူအား ကြိုတင်ငွေထုတ်ပေးခြင်း။
  • CB Bank မှ နိုင်ငံခြားဘဏ်သို့ သတ်မှတ်ထားသော ကာလပြည့်သည်နှင့် ငွေပေးချေခြင်း။
  • လူကြီးမင်းမှ CB Bank သို့ သတ်မှတ်ထားသော ကာလပြည့်သည်နှင့် ငွေပေးချေခြင်း။
လုပ်ငန်းလမ်းညွှန် (UPAS LC Reimbursing)
  • ကုန်ဝယ်သူမှ CB Bank သို့ UPAS L/C လာရောက်လျှောက်ထားခြင်း။
  • CB Bank မှ UPAS L/C ထုတ်ပေးခြင်းနှင့် အဆက်အသွယ်ဘဏ်အား ငွေပေးချေမှု ခွင့်ပြုမိန့်ကိုပါ ပူးတွဲတာဝန်ပေးအပ်ခြင်း။
  • အဆက်အသွယ်ဘဏ်မှ L/C ရောက်ရှိကြောင်း ငွေတောင်းခံမည့် ဘဏ်အား အကြောင်း ကြားခြင်း။
  • ငွေတောင်းခံသည့်ဘဏ်မှ L/C ရောက်ရှိကြောင်း အကျိုးခံစားခွင့်ရှိသူအား အကြောင်း ကြားခြင်း။
  • ကုန်ရောင်းသူမှ ကုန်ပစ္စည်းတင်ပို့ခြင်း။
  • ကုန်ရောင်းသူမှ ငွေတောင်းခံသည့်ဘဏ်အား ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်းများ တင်ပို့ခြင်း။
  • ငွေတောင်းခံသည့် ဘဏ်မှ CB Bank သို့ စာရွက်စာတမ်းများ တင်ပို့သည့် တစ်ချိန်တည်း အဆက်အသွယ်ဘဏ်သို့ ငွေပြန်လည်တောင်းခံခြင်း။
  • အဆက်အသွယ်ဘဏ်မှ ငွေတောင်းခံလာသည့် အပေါ်တွင် ငွေတောင်းခံသည့် ဘဏ်သို့ ငွေပေးချေ ခြင်း။
  • CB Bank မှ အဆက်အသွယ်ဘဏ်သို့ သတ်မှတ်ထားသော ကာလပြည့်သည်နှင့် ငွေပေးချေခြင်း။
နှုန်းထား နှင့် အဖိုးအခများ

ဝန်ဆောင်ခနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

လိုအပ်ချက်များ
  • UPAS လျှောက်လွှာ
  • ကုမ္ပဏီမှ ငွေလွှဲစာတမ်းလျှောက်ထားခွင့်ပြုပါရန် အကြောင်းကြားစာ
  • အရောင်း/အဝယ် သဘောတူညီချက် အထောက်အထား
  • ကုန်ရောင်းပြေစာ
  • သွင်းကုန်/ပို့ကုန် ကုမ္ပဏီလိုင်စင်
  • သွင်းကုန်/ပို့ကုန် လိုင်စင် (လိုင်စင်လိုအပ်သော ပစ္စည်းများ ဖြစ်ပါက)